"အာ....ကျန့်ကော"
တံခါးဖွင့်ပြီး နားပူနားဆာလုပ်နေသော ကလေးမကို အပြင်ထုတ်မည်အပြု....ဆေးထုတ်လေးကိုင်ပြီး တောင့်တောင့်ကြီး ရပ်နေသော ကျန့်ကော
"အထဲဝင်လေ....ကျွန်တော့်ဆီလာတာမလား"
"ရော့ ဆေး"
"ရပါတယ်"
"လိမ်းလိုက်"
ဆေးထုပ်ကို ကမန်းကတမ်းလက်ထဲထည့်ပေးရင်း လှည့်ထွက်မယ်အလုပ် နောက်ကနေ ဖမ်းဆုပ်လိုက်တဲ့ လက်ရှည်ရှည်လေး
"ကော....မနေ့က ကိစ္စအတွက် ကျွန်တော်တောင်းပန်ပါတယ်....ကျွန်တော် မတောင်းဆိုသင့်ပဲ အဆင့်တွေကျော်သွားတယ်...ကော အဆင်ပြေမယ်ဆို ကြိုက်သလိုလုပ်ပါ...ကောင်မလေးတွေနဲ့တွေ့တွေ့ ဘာပဲဖြစ်ဖြစ်.....ကျွန်တော်... အဆင်ပြေပါတယ်...."
"......ဆေးထည့်..."
ခွင့်လွှတ်တယ်လည်း မဟုတ်....အင်း...မလုပ်...အဲမလုပ်နဲ့.....ဆေးထည့်ဆိုတာကိုပဲ တွင်တွင်ပြောနေတဲ့ လူကြီးဆန်တဲ့ ကျွန်တော်ရဲ့ ကလေးလေး.....
"အဆင်ပြေမယ်ဆိုရင်....အကိုဆေးထည့်ပေးပါလား"
"ရောင့်တက်မလာနဲ့"
"တောင်းပန်ပါတယ်"
အေးလေ....ဟုတ်တာပေါ့ ၃လလုံးလုံးမှာ ဒါပထမဆုံး စကားစပြောတာလေ....ဂရုစိုက်ပေးရုံတင် သေမလောက်ပျော်သင့်တာကို....
"ထိုင်ပါဦး.....မျက်နှာချင်းမဆိုင်တာကြာပြီလေကော....ကျွန်တော် အရေးကြီးကိစ္စလေးလည်း ပြောစရာရှိလို့ပါ......ခဏဆိုရပါပြီ"
တည်ငြိမ်သော လှုပ်ရှားမှုတွေနဲ့ နံရံကို မျက်နှာမူပြီး ကျွန်တော့်ဘက်ကို တစ်ချက်မှ စောင်းငဲ့တောင်မကြည့်တဲ့ကော...
အင်း.....ထိုင်ပေးတာနဲ့တင်.....တန်ပါတယ်လေနော့်
"ပြော"
"မနက်ဖြန် chinese new yearလေ....အဲ့တာ ကျွန်တော်တို့ ပြည်သူတွေအတွက် ဆုတောင်းပေးဖို့ ဘုံကျောင်းကို စောစောသွားရမယ်....လက်ထပ်ထားတဲ့ အိမ်ထောင်ရှင်တွေအနေနဲ့ နှစ်ယောက်လုံးတက်သင့်တယ်ထင်လို့ပါ..."
"ငါမတက်နိုင်ဘူး"
ပြောပြီး မတ်တပ်ထရပ်လိုက်တော့
YOU ARE READING
As you wish is my command
Fanfictionခင်ဗျား ကျွန်တော့်အပေါ်မှာ ဆက်ဆံသမျှတွေအကုန်လုံးက ဟန်ဆောင်မှုတွေချည်းပဲလား Wang Yi bo ဖျက်ဆီးပစ်မှာ....မင်းပိုင်ဆိုင်ရသမျှအကုန်လုံး Xiao Zhan