"ကျန်းကော....ကျန်းကော"
အိပ်မက်ထဲတောင် Yiboဟာ ရှောင်ကျန့်နဲ့ လိုက်တမ်းပြေးတမ်းဆော့နေသယောင်....လိုက်လေဝေးလေ....တစ်ချက်လေးမှ လှည့်မကြည့်သော ထိုလူသားကြောင့် အမြဲကို မောဟိုက်နေရသည်....အိပ်မက်မှာရော လက်တွေ့ဘဝရော....သူဟာ.ကျွန်တော့်ကို မျက်နှသာမပေးခဲ့...
"ဟ!"
အသက်တစ်ချက် ပြင်းပြင်းရှုရှိုက်ရင်း လန့်နိုးလာတော့ ပါးပေါ်က ကျလက်စ မျက်ရည်စက်....ယောကျာ်းတန်မဲ့....အရာအားလုံး အမိန့်တစ်ချက်နဲ့ စေစားနိုင်သူရှင်ဘုရင်ေလးဟာ...ထိုသူကြောင့် နေ့စဥ်ရက်ဆက် ငိုကြွေးနေရပါတယ်
ဘေးဘီဝေ့ဝဲကြီးတော့ လိုက်ကာ ဖြူဖြူရှည်ရှည်တွေ လွင့်နေတဲ့ အဖြူရောင်တိုက်ခန်းကြီးဟာ နန်းတော်နဲ့လားလားမှမဆိုင်...အင်း...ဖြစ်နိုင်တာက ဆေးရုံက VIPခန်းများလား
ဆေးရုံလို့ပြောရအောင်က ရွံမုန်းစရာ ဖော်မလင်နံံ့ တစိုးတစိမျှမရ...တော်တော်ကို ရင်းနှီးဖူးတဲ့ ရနံ့လေး...တစ်စုံတစ်ယောက်ရဲ့ ကိုယ်သင်းနံ့ ပျံ့လွင့် နေတဲ့ အခန်း....မဟုတ်မှလွဲရော....ဒါ.....
ဟာ....မဖြစ်နိုင်လိုက်တာကွာ....Wang Yibo ရူးတာလည်းတော်ရုံပေါ့
"အင်း....မသေဘူးပဲ"
တံခါးဝနားမှာ မိုးတိုးမတ်တတ် အရိပ်ကလေး...Yiboသိပ်ချစ်ရတဲ့ အရိပ်ကလေး
အရိပ်ကလေးက စကားပြောတတ်လေတယ်
"ကျန်းကော...ဒါ...ဒါ...ကျန်းကော အိမ်လား"
"ဟုတ်တယ်...မင်းအိမ်သာထဲမေ့လဲသွားလို့...ဆေးရုံပို့ရင် မလိုတာတွေ လိုက်ဖြေရှင်းပြရတာ ငါမကြိုက်ဘူး...နန်းတော်ထဲလဲ မသွားချင်တာနဲ့...ခေါ်လာတာ"
"သြော်..."
"နေလို့ကောင်းသွားပြီလား"
"ဟုတ်....အဲ...အင်း"
"အဲ့တာဆိုပြန်တော့"
"အမ်"
"ဘာလဲ...ကောင်းသွားပြီဆို ပြန်လေ...ဒါမင်းအိမ်မှမဟုတ်တာ"
ဟာ....ဒါဘယ်လိုကြီးလဲ....ရုပ်ရှင်တွေ ....ဖတ်ဖူးတဲ့ ဝတ္ထုတွေထဲမှာ ဒီအချိန်ဆို ဇာတ်ကောင်နှစ်ယောက်က တစ်ယောက်ကို တ်ယောက်ကြင်နာပြ....အစာလေးခွံ ဆေးေလးတိုက် ကိုယ်ပူလေးစမ်းပြီး ဘာညာဘာညာနဲ့ သမီးရည်းစားဖြစ်သွားကြတာ မဟုတ်ဘူးလား....
YOU ARE READING
As you wish is my command
Fanfictionခင်ဗျား ကျွန်တော့်အပေါ်မှာ ဆက်ဆံသမျှတွေအကုန်လုံးက ဟန်ဆောင်မှုတွေချည်းပဲလား Wang Yi bo ဖျက်ဆီးပစ်မှာ....မင်းပိုင်ဆိုင်ရသမျှအကုန်လုံး Xiao Zhan