"သူအခုတလော ဘာတွေလုပ်နေလဲ"
"လူတစ်ယောက်ကို လိုက်စုံစမ်းနေတယ်ကြားတယ်......ဆွီဒင်မှာနေတဲ့သူတဲ့ တရုတ်လူမျိုးပဲ.....စုံစမ်းကြည့်တော့ နန်းတွင်းက အမျိုးသမီးတစ်ဦးပဲတဲ့...."
"နန်းတွင်း"
"အဲ့နေ့က....အင်း.....သခင်လေး...အသတ်ခံရတဲ့နေ့က....အဝင်အထွက် စာရင်းတွေ တောင်းနေတယ်ကြားတယ်....ဆက်စပ်ကြည့်ရရင်...ကျွန်တော်ထင်တယ်....အဲ့နေ့က သက်သေတစ်ခုခုကို ရထားတဲ့ အမျိုးသမီးတစ်ဦးပဲနေမယ်"
"အင်း...လိုက်စုံစမ်းလိုက် ပိုသိရအောင်လို့"
"ဟုတ်ကဲ့"
"ဒါနဲ့ အရှင့်သား မျက်နှာဆေးထည့်လိုက်ပါလား တော်တော်ရောင်နေတယ်"
"ရတယ်....ငါအဆင်ပြေတယ်"
"သတင်းစာမှာ ပါလာတဲ့ ကိစ္စက... "
" ငါသိတယ်....ဆွီဒင်အမတ်ကြီးရဲ့ သမီးနဲ့ ဖြစ်တာဆိုတော့.. အဲ့ကိစ္စ..စုံစမ်းဖို့အတွက် နေမှာပါ...အဖေမရိပ်မိခင်....အဲ့လူကိုတွေ့အေုင်ရှာ"
"အဖေရော ဘာသတင်းထူးလဲ"
" အခုတလော ပြည်သူတွေဘက်က သက်ဦးဆံပိုင် ဘုရင်စနစ်ကို ကန့်ကွက်နေတယ်ကြားတယ်....ဒါပေမယ့်....ဘုရင့်အာဏာဆက်ကြောင့် သိပ်တော့ပွင့်ပွင့်လင်းလင်းကြီးမရှိဘူး.....ကန့်ကွက်တဲ့ တခြားနိုင်ငံတွေကိုလည်း ပို့ဆောင်ရေးလမ်းကြောင်းပိတ်လိုက်တာမလို့....တခြားအထောက်အပံ့ယူနေတဲ့ နိုင်ငံတွေက မဆန့်ကျင်ရဲကြဘူးဖြစ်နေတယ်....အထက်ပိုင်းကပြသနာမရှိပေမယ့် အောက်ခြေလူတန်းစားတွေကတော့ ကုန်သွယ်မှု ပြတ်တောက်ပြီး ဒုက္ခအကြီးအကျယ်ရောက်နေတယ်"
"ဆွဲချရမှာပေါ့"
"အရှင်"
"လာမယ့် မွေးနေ့မှာ အတိအလင်းကြေငြာမယ်....ကိုယ်စားအုပ်ချုပ်ခွင့်ကို ရုပ်သိမ်းပြီး....ငါ အာဏာပြန်ရဖို့....ပြီးတော့ အာဏာလုလိုက် သွေးချောင်းစီးလိုက်နဲ့ ဒီအရိုးစွဲနေတဲ့ ဘုရင်စနစ်ကို ငါကိုယ်တိုင်ဖျက်ဆီးမယ်"
"အရှင် ပြောတဲ့အတိုင်း အမတ်တစ်ချို့ကို စည်းရုံးပြီးပြီ....ရှေးရိုးစွဲ အများစုကတော့ နေရာပျောက်မှာ စိုးရိမ်နေကြပေမယ့်....လူငယ်အမတ် တချို့ကတော့ ဒီအဆိုကို လက်ခံတယ်.....အားလုံးက ရွေးကောက်ပွဲပြန်ဝင်ပြီး တရားမျှတတဲ့ အုပ်ချုပ်ရေးကို လိုလားကြတယ်လေ"
STAI LEGGENDO
As you wish is my command
Fanfictionခင်ဗျား ကျွန်တော့်အပေါ်မှာ ဆက်ဆံသမျှတွေအကုန်လုံးက ဟန်ဆောင်မှုတွေချည်းပဲလား Wang Yi bo ဖျက်ဆီးပစ်မှာ....မင်းပိုင်ဆိုင်ရသမျှအကုန်လုံး Xiao Zhan