Part 12

3.5K 274 11
                                    

"🎵🎵🎵"

Ph screenကို ကြည့်လိုက်တာ "အရှင့်သား"

"မြတ်စွာဘုရား.....ထူးထူးဆန်းဆန်းပါလား"

ယွိပင်း phကိုင်လိုက်တော့ တစ်ဖက်ကအာဏာသံ ခပ်စွက်စွက်နဲ့....

"ဟယ်လို morn..."

"နန်းတော်ဝင်ခဲ့...မေးစရာရှိတယ်"

"တူ..တူ..တူ"

ဘာလား...အားလား မအားလားတောင် မမေး.... လွန်ခဲ့တဲ့ သူ့မွေးနေ့ထိကို တကောကောနဲ့​ ခေါ်နေသူကြီးက ကျန်ကောကိုတွေ့ထားတာ မပြောပဲ ထိမ်ချန်မှုနဲ့ မဆက်သွယ်တာတောင် အတော်ကြာ

ဆက်သွယ်တော့လည်း ပြောပေါက်ကိုက...ငါနော်....မင်းကြီးသာမဟုတ်လို့ကတော့...အကင်အိုးထဲရောက်နေလောက်ပြီ

"အရှင်.....အပြင်မှာ ပြန်ကြားရေးနဲ့ ပြည်သူ့ဆက်ဆံရေး အမတ်ရောက်နေပါတယ်"

"ခေါ်ခဲ့"

"အင်း...နေကောင်းတယ်မလား...ရီ.....အဲ...အရှင်"

"အင်း"

"ဘာကိစ္စရှိလို့လဲမသိ"

"ကျန်ကောအကြောင်း.....တစ်လုံးမကျန်အကုန်သိချင်တယ်....ဘာဖြစ်ခဲ့တာလဲ...သူဘာကြောင့် အဲ့လောက်ထိ မုန်းနေရလည်းဆိုတာ"

"အဲ့ကိစ္စဆိုရင်တော့ ငါပြောမှာမဟုတ်ဘူး"

"ကော"

အမယ်....ခုနကကျတော့ လေသံကတစ်မျိုး ခုကျတော့ တစ်မျိုး

"အဟမ်း.....မပြောနိုင်ဘူး"

"ဟုတ်လား"

"ဟုတ်တယ်....သိချင်ရင်...မင်းသူ့ကိုသွားမေးကြည့်....ပြီးတော့ မင်းသိလို့လည်း ဘာမှလုပ်ပေးနိုင်မှာ မဟုတ်ဘူး"

"ကော သိလား....ကျွန်တော်....ကျန်းကောကိုချစ်တယ်"

"အဟွတ်...ဟွတ်..."

သောက်နေတဲ့ ကော်ဖီတွေတောင် နှာခေါင်းပေါက်ကနေ ပြန်ထွက်လာတော့မလို....သူမရိပ်မိတာတော့မဟုတ်....ဒီကလေး...သေမလို ရှင်မလိုနဲ့ ရှောင်ကျန့်ကို ဝူးဝူးဝါးဝါးလိုက်ရှာကတည်းက သံယောဇဥ်ကြီးတယ်လို့တော့ ထင်တော့ထင်သား...သို့သော် သူထင်ထားတာက ညီအကို သံယောဇဥ်လေ

As you wish is my commandМесто, где живут истории. Откройте их для себя