Prolouge

242K 8.6K 227
                                    

Unicode

The True Conqueror

မြောက်ပိုင်းရှန်နိုင်ငံမှာ ဒဏ္ဍာရီတစ်ပုဒ်ရှိတယ်။

နှင်းတောင်သွေးဖြူဝံပုလွေတွေက သာမန်ဝံပုလွေတွေနဲ့မတူဘူး။ သူတို့က အလွန်တရားရှားပါးပြီး သူတို့စောင့်ရှောက်ရမယ့်သူမွေးဖွားလာမှပဲ ပေါ်လာသတဲ့။

ရှန်ဘုရင်ရဲ့ သားတော် လီချန်းယုံမွေးဖွားလာတော့ မြောက်ပိုင်းပြည်နယ်ရဲ့ ရေခဲလွင်ပြင်မှာ နှင်းတောင်သွေးဖြူဝံပုလွေတစ်ကောင်ကျက်စားနေတာကို မြောက်ပိုင်းသားတွေ တွေ့လိုက်ရတယ်။

မြောက်ပိုင်းသားတွေအခိုင်အမာယုံကြည်ကြတယ်။

လီချန်ယုံက နှင်းတောင်သွေးဖြူဝံပုလွေအစောင့်အရှောက်နဲ့ ဆယ့်ခြောက်နိုင်ငံကို အုပ်စိုးမယ်လို့။

လွန်ခဲ့တဲ့ နှစ်ဆယ့်တစ်နှစ်က ယန်နိုင်ငံရဲ့ ကောင်းကင်မှာ ကြယ်တံခွန် ပေါ်လာခဲ့တယ်။ ကြယ်တံခွန်အထွန်လင်းဆုံးတောက်ပချိန်မှာ လင်းမိုဆိုတဲ့ မင်းသားဟာ မွေးဖွားလာတယ်။

ပရောဟိတ်တွေက နမိတ်ဖတ်ကြတယ်။

ကြယ်တံခွန်နက္ခတ်နဲ့ မွေးဖွားလာတဲ့ လင်းမိုဟာ ဆယ့်ခြောက်နိုင်ငံကို အုပ်ချုပ်မယ့် ရှင်ဘုရင်လောင်းဖြစ်မယ်တဲ့။

အသက်နှစ်ဆယ့်တစ်နှစ်မှာ လင်းမိုဟာ ဆယ့်ငါးနိုင်ငံကို သိမ်းပိုက်နိုင်ခဲ့ ပြီ။ နောက်ဆုံး ရှန်နိုင်ငံပဲ ကျန်တော့တယ်။

လင်းမို နဲ့ လီချန်းယုံ

ဘယ်သူက Conqueror အစစ်လဲ???

(The True Conqueror တွင်အဓိကဇာတ်ကောင် လင်းမိုသည် အကြိုက်ဆုံးဇာတ်ကောင်နှစ်ယောက်၏ အမည်ကို တစ်လုံးစီ ပေါင်းစပ်၍ ပေးထားခြင်းဖြစ်သည်။

ရှောင်ချို၊ ဟေးချိုဟူသော အမည်များသည် Legendary Master's Wife မှ ရှောင်မိုမို၏ အမည်ပေးစနစ်ကို အတုယူကာရေးသားထားပါသည်။

ဘုရင်ကြီးလီ၊ သခင်မကျန်းစသော နာမည်များသည် မျိုးရိုးနာမည်များကိုသာ ဖော်ပြထားရာ အမည်တူများရှိနိုင်ပါသည်။

The True Conqueror [Complete]Where stories live. Discover now