Chapter 50

40.9K 5K 104
                                    

Unicode

လွန်ခဲ့သောနာရီပိုင်းခန့်က

လီချန်းယုံသည် သူပစ်ခတ်ရရှိသော ကျားသားရေကို သယ်ဆောင်ပြီး ဟန်ယန်တောမှထွက်လာရန် လာလမ်းအတိုင်းလှည့်ပြန်လာသည်။ လမ်းတစ်လျှောက်က အန္တာရာယ်များမှာ သူဖြတ်ကျော်ခဲ့ပြသည့်အတွက် အျပန္ခရီးမွာ အသွားခရီးထက် လွယ်ကူနေလေသည်။

ဒဏ်ရာရထားသောခြေထောက်က အနည်းငယ် ထော့နဲထော့နဲဖြစ်နေသည်မှအပ ကျန်သောပြသာနာမရှိပေ။ တစ်နေရာအရောက်တွင် မြေပြင်က သစ္ငုတ္တစ္ခုက သူ၏ ဒဏ်ရာရထားသော ခြေထောက်ကို ဆောင့်မိသည်။ ဒဏ်ရာရထားသော ခြေထောက်ဖြစ်သောကြောင့် အသည်းခိုက်အောင်နာသွားပြီး လီချန်းယုံ ခြေလှမ်းတို့ရပ်တန့်လိုက်ရသည်။ သူက ကျားသားရေကို မြေပြင်၌ချပြီး ခြေထောက်ကို ကြည့်ရန်အောက်သို့ ငုံ့လိုက်သည်။

သွေးများက မြင်မကောင်းအောင်ထွက်လာပြီး ဒဏ်ရာမှပို၍ ပေါက်ပြဲသွားသည်။ ယခုလောလောဆည်ရွေးချယ်စရာမရှိသောကြောင့် ပြေလျော့သွားသော ပိတ်စဖြူကို တင်းနေအောင် စည်းကြပ်လိုက်သည်။ လီချန်းယုံက ဒဏ်ရာကို စည်းအပြီး မော့ကြည့်လိုက်ရာ ရုတ်တရက် အံ့သြသွားသည်။

သူ၏ မျက်စိရှေ့တွင် မြင်နေရသည်က ရှည်လျားသော အဖြူရောင်မုတ်ဆိတ်တို့နှင့် အဖိုးကြီးတစ်ယောက်။

လျင်မြန်ပြီးအာရုံခံနိုင်စွမ်းရှိသောလီချန်းယုံက ထိုအဖိုးကြီးသူ၏ နားသို့ မည်သို့မည်ပုံ ရောက်ရှိလာသည်မသိပေ။ အဖိုးကြီး၏ သွင်ပြင်က အန္တာရာယ်ပေးမည့်ပုံမရှိ။ ပကတိတည်ငြိမ်ကာ လီချန်းယုံကို နွေးထွေးစွာပြုံးပြပြီး နှုတ်ဆက်သည်။

"သခင်လေးချန်းယုံ...''

သူ၏အမည်ကိုသိနေသောထိုအဖိုးကြီးကကြည့်ကာ လီချန်းယုံ သူ၏ဦးနှောက်ကိုလျင်မြန်စွာအလုပ်ပေးလိုက်သည်။ သူ၏ မှတ်ဉာဏ်တွင် ရှောင်ချိုပြောပြဖူးသောအရာတစ်ချို့ ပေါ်လာသည်။

ရှောင်ချိူသည် ဒဏ္႑ာရီလာသတ္တဝါဖြစ်ပြီး ဤလောကတွင် ရှောင်ချိုကဲ့သို့ လူသားမျိုးနွယ်ကိုစောင့်ရှောက်နေသော အခြားသတ္တဝါများလည်းရှိသည်ဟု...

The True Conqueror [Complete]Donde viven las historias. Descúbrelo ahora