Unicode
လင်းမိုသည် သူ၏ ကတိအတိုင်း ညီလာခံကို လီချန်းယုံ၏ အစား နှစ်ပတ်တိတိ တက်ရောက်ပေးခဲ့လေသည်။ အမတ်တို့အတွက်ကား နှစ်ပတ်တာမျှ အိပ်မက်ဆိုးပေ။ လင်းမိုသည် ညီလာခံကို နေ့တစ်ပိုင်းကျော်သည် အထိ အချိန်ယူတက်ပြီး ရှိရှိသမျှ အမှုကိစ္စတို့ကို ဖြေရှင်းလေသည်။ လင်းမို၏ ရည်ရွယ်ချက်ကား အလွန်ရှင်းလင်းပါသည်။ သူအလုပ်လုပ်လေ လီချန်းယုံအနားရလေ ဆိုသည်ကို နားလည်ထားသောကြောင့် ဖြစ်သည်။
အမတ်တို့မှာကား စည်းကမ်းကြီးပြီး တင်းကြပ်သော အိမ်ရှေ့စံထက် ပို၍ဆိုးသည့် ဆီလျော်မှုမရှိသော တောင်ပိုင်းဘုရင်ကြီးကြောင့် များစွာ ညည်းတွားကြသည်။ သူတို့အတွက် တစ်နေ့တစ်နေ့ မနိုင်မနင်းတာဝန်တို့က စောင့်ကြိုနေကြသည်။
လင်းမိုညီလာခံတက်သည်ကို ဘုရင်ကြီးလီသည် ယခင်ကလို ကန့်ကွက်ခြင်း မရှိပေ။ ဆိတ်ဆိတ်သာနေပြီး မသိကျိုးကျွံပြုနေသည်။ သို့ဖြစ်ရာ အမတ်တို့မှာကား အမိမဲ့သည့် ရေနည်းငါးများကဲ့သို့ ကူကယ်ရာမဲ့နေကြသည်။
ယနေ့ညီလာခံတွင် ကံကောင်းထောက်မစွာဖြင့် လင်းမိုသည် နောက်ရက်တွင် လီချန်းယုံပဲ ညီလာခံတက်ရောက်မည်ဖြစ်ကြောင်း ပြောလေသည်။ အမတ်တို့မှာ စိတ်သက်သာရာရပြီး သက်ပြင်းမချနိုင်ခင် လင်းမိုဆီက စကားသံတစ်ခုကြားလိုက်ရပြန်သည်။
"ကိုယ်တော်...ဒီနေ့မှာ တတ်နိုင်သလောက် အလုပ်တွေပြီးသွားချင်တယ်။ ခါတိုင်းထက် အချိန်ပိုယူလည်း အမတ်တို့ ကိစ္စမရှိဘူးမလား''".....''
ဤသို့ အာဏာစက်ပြင်းလှသော ဘုရင်ကို အမတ်တို့အနေဖြင့် ခွန်းတုံ့ပြန်စရာ အကြောင်းမရှိပါ။ ခါတိုင်းညီလာခံသည်ပင်လျှင် နေ့တစ်ဝက်မျှ ဖြစ်နေရာ ယခု ထိုထက်အချိန်ပိုယူလျှင်.....
အမတ်တို့ ရှေ့ဆက်မတွေးချင်တော့ပါ။လင်းမိုသည် သူပြောသည့် စကားကို မသွေမတိုင်း အတိအကျ လုပ်တတ်သောဘုရင်ဖြစ်ကြောင်း အကြိမ်ကြိမ် သက်သေပြပြီး ဖြစ်သည်။ ယခုလည်း နောက်တစ်ကြိမ် သက်သေပြနေပြန်သည်။
နေ့မွန်းတည့်အချိန်အထိ လင်းမို၏ ညီလာခံက မပြီးသေးချေ။ သူက လက်အောက်ခံအိမ်တော်တစ်ခုချင်းစီ၏ တောင်းဆိုသည့် အမှုကိစ္စအဝဝကို စိစစ်ပြီး အမိန့်ချနေသည်။ လာရောက်လျှောက်တင်ကြသော လက်အောက်ခံအိမ်တော်အကြီးအကဲတို့မှာ ကိစ္စပြီးလျှင် ပြန်နိုင်သော်လည်း အမတ်တို့ခမျာ တုပ်တုပ်မျှမလှုပ်နိုင်ပေ။ သည်ကြားထဲ ကိစ္စတစ်ခုပြီးတိုင်း လင်းမိုပေးအပ်သည့် တာဝန်များကိုလည်း လက်ခံယူရလေသည်။
YOU ARE READING
The True Conqueror [Complete]
Historical FictionTitle - The True Conqueror (အောင်နိုင်သူအရှင်) တောင်ပိုင်ဘုရင်ကြီးလင်းမိုနှင့် မြောက်ပိုင်းအိမ်ရှေ့စံ လီချန်းယုံတို့၏ ကြည်နူးဖွယ် ဒဏ္ဍာရီတစ်ပုဒ်... Name - The True Conqueror (အောင်နိုင်သူအရှင်) တောင်ပိုင်ဘုရင်ကြီးလင်းမိုနှင့် မြောက်ပိုင်းအိမ်ရှေ့စံ...