Chapter 63

46.3K 5.2K 484
                                    

Unicode

ထိုညက လီချန်းယုံအတွက် ခြောက်လကျော်အတွင်း ကောင်းကောင်းမွန်မွန် အိပ်ပျော်ခဲ့သော ညတစ်ညဖြစ်ခဲ့သည်။ သူယခင်ကလို အိပ်ဆေးများသောက်ရန်မလိုသလို ခြောက်ခြားသော အိပ်မက်များကြောင့် နိုးထလာခြင်းလည်း မရှိ။

နွေးထွေးသည့် ရင်ခွင်က သူ့ကို အကာအကွယ်ပေးထားသောကြောင့် သူဆိတ်ငြိမ်စွာ အိပ်စက်ခဲ့ရပေသည်။

အိပ်ပျော်နေသော လီချန်းယုံ၏ လက်များက တစ်စုံတစ်ရာကို ရှာဖွေသည့်ဟန်ဖြင့် လှုပ်လာတိုင်း လင်းမိုက ထိုလက်များကို ဖမ်းဆုပ်ကာ သူ၏ လက်တို့ဖြင့်ဆုပ်ကိုင်ထားလေသည်။

သူလက်များကို လင်းမိုတင်းကျပ်စွာ ဆုပ်ကိုင်ထားမှ လီချန်းယုံသည် လှုပ်ရှားခြင်းတို့ရပ်တန့်ပြီး ကောင်းစွာအိပ်စက်လေသည်။

လီချန်းယုံညက ပင်ပန်းသွားသောကြောင့် အိပ်ပျော်သွားသည်မှာ နေ့တစ်ပိုင်းပင်ကျိုးလုသည်။ သူနားထဲတွင် အသံတစ်ချို့ကိုကြားရသောကြောင့် သူနိုးလာသည်။

ကျိန်းစက်နေသော မျက်လုံးများကို အားယူဖွင့်လိုက်သည့်အခါ လင်းမို၏ ပုံရိပ်ကို မပီမပြင်တွေ့လိုက်ရသည်။ လင်းမိုက ငှက်တစ်ကောင်ကို အစာကျွေးနေခြင်းပင်။ ထိုငှက်များသည် ယမန်နေ့က ဟေးချို ရောက်မလာမီ ရောက်လာသော သိမ်းငှက်ကြီး ကဲ့သို့ ငှက်ကြီးဆယ့်ငါးကောင်ထဲက တစ်ကောင် ဖြစ်လိမ့်မည်။

"အား...ယုံ...နိုးနေပြီလား''

လင်းမိုက လှည့်မကြည့်ပဲ မည်သည့်သိသနည်းဟု မေးချင်သော်လည်း လီချန်းယုံ မမေးဖြစ်ပါ။ ထိုအစား သူ၏ ပါးစပ္က ထွက်သွားသည့် အရာက...

"ဗိုက်ဆာတယ်!!!''

လင်းမိုက လီချန်းယုံဆီက ထွက်လာသော စကားသံကြောင့် လှည့်ကြည့်သည်။

"အားယုံလေး ဗိုက်ဆာနေမယ်ဆိုတာ ကိုယ်တော် သိလို့ ပြင်ပြီးပြီနော်...ဒါပေမယ့် ဒီမွာမဟုတ္ဘူး။ ဥယျာဉ်တော်ထဲမှာ...အားယုံ ညက နည်းနည်းပင်ပန်းထားလို့ လန်းသွားအောင် ရေချိုးလိုက်''
လင်းမိုက အနူးညံ့အချိုသာဆုံးပြုံးကာ ပြောလေသည်။

The True Conqueror [Complete]Where stories live. Discover now