Chapter 68

38.3K 4.9K 338
                                    

Unicode

အား...
ထိုအော်သံက လီချန်းယုံ၏ ပါးစပ်မှထွက်မလာချေ။ သူသည် စိတ်ထဲက ကျယ်လောင်စွာ အော်မိနေခြင်း ဖြစ်သည်။

ထိုသူရဲကောင်းက မည်သူဆိုသည်ကို သူဒုတိယအကြိမ်အတိပြုစရာမလိုပေ။ ရင်းနှီးကျွမ်းဝင်ပြီးသား သြဇာပါသည့် အသံပိုင်ရှင်က သူ၏ ချစ်လှစွာသော တောင်ပိုင်းဘုရင်ကြီးပင် ဖြစ်သည်။

ရှောင်ချိုက လီချန်းယုံထက်ပင် ထိတ်လန့်သွားသည်။ သူက နောက်ကို ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရာအနောက်တွင်ရပ်နေသော ဟေးချို၏ ပခုံးဖြင့်ပင် တိုက်မိသွားသည်။ ဟေးချိုက ရှောင်ချိုက အားပေးနှစ်သိမ့်ဟန်ဖြင့် ပခုံးကို ဖွဖွပုတ်ပေးသည်။

ဘုရင်ကြီးလီက ထင်မှတ်မထားဘဲ ပြိုင်ပွဲ၌ အနိုင်ရရှိသူက သူ၏သားတော်ကို လက်ဆတ်ရန်တောင်းဆိုနေသော များစွာ အံသြသလို အမျက်လည်းထွက်သွားသည်။
"ဒီမှာ...မောင်မင်း!''

လင်းမိုက ဒူးထောက်နေရာမှ မတ်တပ်ရပ်ပြီး သူဆောင်းထားသော လေးလံသည့် ခေါင်းဆောင်းကို ချွတ်လိုက်သည်။ ယခုမှ နတ်ဘုရားလို ချောမောသော သူ၏ မျက်နှာက ထင်ထင်ရှားရှားပေါ်လာခြင်း ဖြစ်သည်။

လူများစွာက သူတို့ရှေ့က သူရဲကောင်းသည် ဆယ့်ငါးပြည်ထောင်အစိုးရသည့် ဘုရင်ကြီး ဖြစ်ကြောင်းမသိသော်လည်း ၎င်းတို့၏ ရှေ့၌ ရပ်နေသော မှုးမတ်တို့၏ တစ်ဆင့်စကားတစ်ဆင့်နားဖြင့် ထိုသူသည် လင်းမိုဆိုသော သတင်းက လူအုပ်ထဲ တစ်မဟုတ်ချင်း ပျံ့နှံ့သွားကြသည်။

"တောင်ပိုင်းဘုရင်ကြီးက အိမ်ရှေ့စံကို လက်ထပ်ခွင့်တောင်းဖို့ လှံစီချင်းပြိုင်ပွဲကို ဝင်ပြိုင်သတဲ့''

"ကြည့်ရတာ အရှင်လင်းမိုက တော်တော်ချစ်တတ်ပုံရတယ်။ ဒီလောက်အန္တာရာယ်များတဲ့ ပြိုင်ပွဲကို ဝင်ပြိုင်ပြီး လက်ထပ်ခွင့်တောင်းတယ်''

လူအများက တိုးတိုးတစ်မျိုး ကျယ်ကျယ်တစ်ဖုံ မှတ်ချက်ပြုကြသည်။

ဘုရင်ကြီးလီက အနှီသူရဲကောင်းသည် သူ၏ အားကိုးရသော သားမက်တော်လောင်း ဖြစ်မှန်း သိသောအခါ အမျက်တို့မရှိတော့ချေ။ သို့သော် ဘုရင်တစ်ပါး၏ ရာဇအိနြေ္ဒကို ထိန်းထားသောကြောင့် မျက်နှာကမသိမသာ ခက်ထန်နေသည်။

The True Conqueror [Complete]Where stories live. Discover now