သတင်းစာရှင်းလင်းပွဲပြီးတော့ တစ်ခါတည်းLove Moonဆီပြန်လာလိုက်၏။ ရှယ်ယာရှင်တွေကို meeting roomထဲစောင့်ခိုင်းနေတာ တော်တော်ကြာသွားသည်။ သတင်းစာရှင်းလင်းပွဲကလည်း ထင်တာထက်အချိန်ပိုကြာသွားတော့ နေ့လယ်စာပင်မစားတော့ပဲ တစ်ခါတည်းmeetingထိုင်လိုက်သည်။
Meeting roomထဲမှာလည်း နောက်တစ်ကြိမ်ငြင်းခုံရပြန်သည်။ ရှယ်ယာတွေပြန်ထုတ်ချင်နေတဲ့ တစ်ချို့ရှယ်ယာရှင်တွေကို နားဝင်အောင်ပြောရသည်မှာမလွယ်လှပေ။ အမြင်သိပ်မကြည်ချင်သူတွေက အခုအခြေအနေကိုအသုံးချပြီး သူမလက်နဲ့တည်ထောင်ထားတဲ့Love Moonကို အချောင်ရလိုရငြားလိုချင်နေပြန်သည်။
သို့သော် အဆုံးသတ်မှာ သူမသာလျှင်အနိုင်ရသွားခဲ့၏။ သူမဘက်ပါအောင် ရှယ်ယာရှင်တဝက်ကိုသိမ်းသွင်းနိုင်၍ Love Moonရှယ်ယာအားလုံး၏ ငါးဆယ့်ငါးရာခိုင်နှုန်းထောက်ခံမဲဖြင့် Love Moonရော သူမကိုယ်သူမရောsaveလုပ်နိုင်ခဲ့လေသည်။
Meetingပြီးဆုံးသွား၍ မည်သူတစ်ဦးတစ်ယောက်မျှမရှိတော့သော ဤmeeting roomထဲ ထိုင်ခုံပေါ်စိတ်မောစွာထိုင်ချလိုက်သည့်Yong။ သက်ပြင်းဖွဖွကိုချရင်း စားပွဲပေါ်တံတောင်တင်ကာ ထိုလက်ဖြင့်ပင်နားထင်ကိုဖိထားနေ၏။
ထိုအခန်း၏အပေါက်ဝတွင်တော့ ဘယ်အချိန်ကတည်းကရပ်နေမှန်းမသိသော အနက်ရောင်လူရိပ်တစ်ခုမှာ သူမကိုအတန်ကြာကြည့်နေပြီး ရုတ်ခြည်းဆိုသလိုပြန်လှည့်ထွက်သွား၏။
ထိုအနက်ရောင်အရိပ်ကို စိတ်ရှုပ်ကာထိုင်နေတဲ့Yongတစ်ယောက် ခပ်ဟဟဖြစ်နေတဲ့တံခါးကြားမှ မသဲမကွဲမြင်ဖြစ်အောင်မြင်လိုက်၏။ ရင်းနှီးနေသောဘေးတိုက်မျက်နှာလေးကြောင့် သူမနှလုံးခုန်သံတွေမြန်လာရသည်။ အမြင်မှားနေတာပါလို့ ကိုယ့်ကိုကိုယ်ပြောနေပေမယ့် ခြေထောက်ကတော့ထိုသို့မဟုတ်ခဲ့။
" B~Byul~~ "
Meeting roomကနေပြေးထွက်လာကာ သူလှည့်ထွက်သွားတဲ့ဘက်ကို အသည်းအသန်လိုက်ရှာနေမိသည်။ ဘယ်သူမှမရှိဘဲ ရှင်းလင်းနေတဲ့ကော်ရစ်ဒါကြောင့် စောစောကမြင်ကွင်းကို ထင်ယောင်ထင်မှားမြင်တာများလားလို့ စိတ်ထဲတွေးမိတော့ ဝမ်းနည်းခြင်းကမဖိတ်ခေါ်ဘဲရောက်လာ၏။
" ငါမျှော်နေမိတာတောင် နင်ကပြန်မလာခဲ့ဘူး..... တစ်ယောက်နဲ့တစ်ယောက်မမုန်းဘဲနဲ့ ဘာလို့အချိန်အကြာကြီးငါ့နားကထွက်သွားနိုင်ရတာလဲ Byul ? "
ပါးပြင်ပေါ်လိမ့်ဆင်းလာတဲ့မျက်ရည်တစ်စကို လွတ်လပ်စွာစီးကျခွင့်ပြုလိုက်၏။ ကျောက်ရုပ်တစ်ရုပ်လို တစ်နေရာတည်းရပ်နေရင်း တားမရစွာစီးကျနေတဲ့မျက်ရည်တွေကြောင့် ရင်ဘတ်ကိုလက်လေးနဲ့ဖိရင်း နံရံကိုမှီကာထိုင်ချလိုက်ပြီး အရူးတစ်ယောက်လိုငိုနေမိသည်။
သူမနည်းတူ ကော်ရစ်ဒါရဲ့တစ်ဖက်ခြမ်းရှိ အကွယ်တစ်နေရာ၌ ရပ်နေသူမှာလည်း ရှိုက်ငိုနေတဲ့သူမမျက်နှာလေးကို အဝေးကနေသာလက်နဲ့မှန်းထိရင်း အနားသွားဖို့အတွက်မဝံ့မရဲဖြစ်နေသလို မျက်နှာ၌လည်းဝမ်းနည်းလို့နေသည်။
" Yongဘာလို့ငိုနေရတာလဲ..... "
.........................................................
တိတ်ဆိတ်နေသောလမ်းမထက် တစ်ယောက်တည်းလမ်းလျှောက်ပြန်လာသည့် Yongတစ်ယောက် နေ့လယ်ကကိစ္စတွေကိုမေ့ပစ်ပြီး Companyမှာအလုပ်တွေထိုင်လုပ်နေလိုက်တာ မိုးချုပ်လို့ချုပ်မှန်းပင်မသိလိုက်။
မန်နေဂျာအစ်ကိုမှာလည်း သူ့မိန်းမမီးဖွားတော့မှာမို့ သူမပင်ကားကိုယူသွားခိုင်းလိုက်တာကြောင့် အခုလိုလမ်းလျှောက်ပြန်နေရ၏။ တက္ကစီလည်းငှားမစီးချင်တော့၍ စိတ်လွတ်ကိုယ်လွတ်လမ်းလျှောက်ဖြစ်ခဲ့သည်။
ထိုချိန်မှာ အိတ်ထဲမှတတူတူမြည်လာတဲ့ဖုန်းသံကြောင့် ဘယ်သူများလဲလို့ကြည့်လိုက်တော့ မန်နေဂျာအစ်ကိုလို့ပြနေသဖြင့်
" ဟယ်လို..... ဒီချိန်ကြီးဘာကိစ္စရှိလို့လဲ oppa ? "
ဆေးရုံမှာသူ့မိန်းမမီးဖွားတာသွားစောင့်သည့် မန်နေဂျာအစ်ကိုက ရုတ်တရပ်ကြီးဖုန်းခေါ်လာ၍ သူမပြန်မေးလိုက်တော့ တစ်ဖက်မှပြန်ပြောသောစကားကြောင့် အံ့အားသင့်သွားရသည်။
" Company ? Companyမှာဘာဖြစ်လို့လဲ ?? မဟုတ်မှလွဲရော ကလေးတွေတစ်ခုခုဖြစ်တာလား ?? oppa ! oppa !!..... "
သူမမေးနေသည်ကိုမဖြေပဲ သိချင်ရင်အရင်လာခဲ့ နောက်မှရှင်းပြမည်ဆို၍ ချက်ချင်းဖုန်းကိုချပြီး ရရာတက္ကစီတစ်စီးပေါ်တက်ကာ
" ဦးလေးကြီး Love Moon Agencyရှေ့မောင်းပို့ပေးပါ "
တက္ကစီဦးလေးကိုနေရာပြောရင်း တစ်ဖက်မှာလည်း ဘာများဖြစ်နေကြလို့လဲဆိုကာ စိုးရိမ်စိတ်တွေဝင်နေမိသည်။ အလုပ်ပြီးလို့ပြန်လာတာမှ ကွန်ဒိုကိုတောင်မရောက်သေး မန်နေဂျာဆီကအရေးတကြီးဆက်သွယ်ဖို့ဆို ကလေးတွေတစ်ခုခုဖြစ်လို့ပဲနေမှာ။
စိတ်ကပဲလောနေလို့လားမသိ ကားသွားတာနှေးနေတယ်လို့တောင်ထင်မိသည်။ နောက်ဆုံးတော့ Love Moonအဆောက်အဦးကိုလှမ်းမြင်ရပြီမို့ စိတ်လောစွာပဲတက္ကစီခပေးကာ ထိုနေရာကနေပဲအမြန်ပြေးလိုက်တော့၏။
Companyထဲဝင်တော့ တံခါးတွေတောင်မပိတ်ရသေးတာမို့ အမြန်သာလောလောဝင်လာခဲ့သည်။ အထဲရောက်မှသာ သူမသတိထားလိုက်မိတာက မီးရောင်မှိန်ပြပြသာရှိနေပြီး လူသူမရှိတိတ်ဆိတ်နေတာကိုပင်။ လုံခြုံရေးတွေမပြန်ရသေးလို့ အဝင်တံခါးကပွင့်နေတာမဟုတ်လား။ ဘာလို့ခြောက်ခြားဖို့ကောင်းအောင် အကုန်တိတ်ဆိတ်နေရတာလဲ။ ဘယ်မှာလဲ သူမကိုဖုန်းဆက်ခေါ်တဲ့မန်နေဂျာ ဘယ်မှာလဲအရေးတကြီးကိစ္စဆိုတာ။
" oppa !..... Hye Jin ah..... Whee In ah..... "
" ဘယ်သူမှမရှိကြဘူးလား ?? "
တစ်ယောက်တည်း ရုံးခန်းရှိရာကို လှေကားကနေတက်လာရင်း အသံပေးပြီးခေါ်နေပေမယ့် ဘာမှထူးခြားမလာပဲတိတ်ဆိတ်နေမြဲမို့ ရုံးခန်းတံခါးကိုဖွင့်ဖို့အတွက် ကြောက်ကြောက်နှင့်လက်ကိုင်ကိုလက်အလှမ်း ရုတ်တရပ်ကြီး မှိန်ပြပြလင်းနေတဲ့မီးပါပိတ်ကျလို့သွားလေသည်။
" အမေ့ ! "
ပြီးတော့ လူတစ်ယောက်ရဲ့ဆွဲချုပ်ခြင်းခံလိုက်ရ၏။ ကြောက်ကြောက်နှင့် ငိုလိုက်မိပြီး ပါးစပ်ကနေလည်း
" Byul~~ ငါ့ ကို လာကယ်ပါ~ "
ထိုသို့တုန်ယင်စွာရေရွတ်လိုက်တဲ့အခိုက် နောက်ကျောကနေဆွဲဖက်ထားတဲ့သူ၏ သဘောတကျရယ်သံကိုကြားလိုက်ပြီး သူမပုခုံးကိုကျော်ကာ သူ့မျက်နှာကိုသူမပါးနားကပ်ရင်း လေသံတိုးတိုးနှင့်ပြောလိုက်သည့်စကားတစ်ခွန်းကြောင့် မျက်လုံးများပြူးကျယ်သွားရသလို ကြက်သီးမွေးညှင်းလည်းထသွားရလေသည်။
..........................................................
ကိစ္စအားလုံးပြီးပြီမို့ အညိုရောင်ကုတ်ကိုဝတ်ထားတဲ့ ကိုယ်ရံတော်ဆိုသော ကလေးသာသာကောင်မလေးနှင့် သူနေရာလဲကာ သူမရှိနေသည့်Love Moonဆီ မန်နေဂျာအစ်ကိုရဲ့အသိပေးမှုနဲ့ အရောက်လာခဲ့လိုက်သည်။ Meetingရှိနေတယ်လို့ပြောထား၍ အပြင်၌သာရပ်စောင့်နေပြီး သူမထွက်အလာကိုစောင့်ပေမယ့် meetingသာပြီးသွားခဲ့သည် ထွက်လာသူတွေထဲသူမပါမလာခဲ့။
ထို့ကြောင့် အထဲဝင်ဖို့ရန် တံခါးကိုဖြည်းဖြည်းဖွင့်လိုက်တော့ စိတ်ပင်ပန်းနေသည့် သူမမျက်နှာလေးကြောင့် အထဲသို့ဝင်မယ့်ခြေလှမ်းတွေဟာ အလိုလိုနောက်သို့ဆုတ်သွားရသည်။ နောက်ဆုံးစိတ်ကိုဒုန်းဒုန်းချပြီး ထိုအခန်းရှေ့ကပြန်လှည့်လိုက်မိသည်။
နေပါစေတော့လေ Yongကိုတို့အဝေးကနေပဲကာကွယ်တော့မယ်
အဲဒါကအကောင်းဆုံးအဖြေပဲ မချစ်လို့သတိမရလို့တော့မဟုတ်ဘူး
Yongကိုထားခဲ့မိတဲ့တို့ကိုမြင်ရင် စိတ်ပင်ပန်းနေမှာစိုးလို့.....
တဖြည်းဖြည်းကျောခိုင်းလျှောက်လာလိုက်တာ ထောင့်အကွယ်ကော်ရစ်ဒါနားထိရောက်သွားသည်။ ထိုချိန်မှာ နားထဲမှာပြန်ကြားမိတဲ့ စကားတစ်ခွန်းကြောင့် ခြေလှမ်းတွေတုံ့သွားမိပြန်၏။
" Yong Sunအနားပြန်လာပေးပါ Moon Byul..... သူတစ်ယောက်တည်းမရပ်တည်နိုင်လောက်ဘူး တော်တော်ပင်ပန်းနေပြီ "
လွန်ခဲ့သောနှစ်နှစ်တာက ဖိုဟန်မြို့ရဲ့ညနေခင်းတစ်ခု၌ ပင်လယ်ကိုကြည့်ရင်းဆိုလိုက်တဲ့ Yongရဲ့မန်နေဂျာဟောင်းတစ်ဖြစ် အသစ်စက်စက်Love Moon Agency၏မန်နေဂျာရဲ့ Byulကိုတောင်းဆိုလိုက်တဲ့စကားတစ်ခွန်း။
" အခုချိန်ဆိုသူမုန်းနေလောက်ပါပြီ..... ပြန်မလာတော့ဘူး oppa အဲဒီအစား သူ့ကိုသေချာစောင့်ရှောက်ပေးပါ "
ကျောခိုင်းကာထွက်လာတဲ့Byulကို နောက်ကနေလှမ်းပြောလိုက်သည့် မန်နေဂျာရဲ့နောက်ထပ်စကားတစ်ခွန်းက သူ့ခြေလှမ်းတွေကိုခဏတာတွေဝေသွားစေသည်။
" သူမင်းကိုစောင့်နေတုန်းပဲ Moon Byul..... မုန်းဖို့ဆိုတာပိုဝေးတယ် သူ့Agencyနာမည်ကသက်သေပဲမဟုတ်လား "
" တော်ပါတော့..... ပြီးပြီသားတွေပဲ "
နောက်မလှည့်တမ်းထွက်လာခဲ့သည်။ သို့ပေမယ့် ထိုနောက်ပိုင်း အဒေါ်ကြီးရဲ့ထမင်းဆိုင်မှာ အလုပ်ကောင်းကောင်းမလုပ်နိုင်သူရှိသည်ဆိုရင် သေချာတာတော့Byulပဲဖြစ်လိမ့်မည်။
ဒီလိုနဲ့အချိန်တွေကုန်ဆုံးလာခဲ့ပြီး Byulလည်း ဖိုဟန်ကနေ ဂွမ်းဂျူ ကိုပြောင်းလာဖြစ်ခဲ့သည်။ ဂွမ်းဂျူ မှာနေရင်း အချိန်ပိုင်းအလုပ်တွေကို ဖိုဟန်မှာနေခဲ့တုန်းကလို စိတ်ပြေလက်ပျောက်ဝင်လုပ်ဖြစ်ခဲ့ပြန်သည်။ သူမသတင်းတွေကိုနားစွင့်ရင်း ဆိုးလ်မြို့တက်ကာတစ်ခါတစ်လေသူမကိုတွေ့ရင် ကွယ်ရာကနေသာခိုးကြည့်ဖြစ်ခဲ့သည်။
ဘာလိုလိုနဲ့ ဂွမ်းဂျူ မှာနေလာတာ လပိုင်းလောက်ရှိချိန်မှာ သူအချိန်ပိုင်းအလုပ်ဝင်နေတဲ့ကုန်စုံဆိုင်ဆီ ရေသန့်ဘူးဝယ်ဖို့ရောက်လာတဲ့ မန်နေဂျာအစ်ကိုနှင့် ဖိုဟန်ကထမင်းဆိုင်တုန်းကလိုပဲ တိုက်တိုက်ဆိုင်ဆိုင်ဆုံမိကြပြန်သည်။
အံ့သြသွားတဲ့ထိုအစ်ကိုက Byulကိုကြောင်ကြည့်နေရင်း တစ်နေရာကိုလိုက်ခဲ့ဖို့ခေါ်လေသည်။ ထိုနေရာရောက်တော့ နောက်ကျောကိုမြင်လိုက်ရုံနှင့် ဘယ်သူမှန်းသိလိုက်တာမို့ နောက်ပြန်လှည့်လိုက်တော့
" ဆက်ပြီးထွက်ပြေးနေဦးမှာလား Moon Byul ? သူမုန်းနေတယ်လို့ပဲ ဘာလို့တထစ်ချတွေးနေရတာလဲ..... ဖိုဟန်မှာတွေ့လာတဲ့အကြောင်းပြောမိတုန်းက သူဘာဖြစ်သွားလဲသိလား ? "
ထိုစကားတွေကြောင့် Byulရပ်လိုက်မိသည်။ သူတို့စကားပြောနေတဲ့နေရာကလည်း Yongနှင့်အတော်လေးလှမ်းပါသည်။ ထို့ကြောင့် ထိုအစ်ကိုဘာဆက်ပြောမည်ကိုသိချင်မိ၍ မျက်နှာချင်းဆိုင်အနေအထားရပ်လိုက်ကာ ပြောလာမယ့်စကားကိုနားထောင်နေမိသည်။
" သူအရူးတစ်ယောက်လိုပဲ ညဘက်ကြီးဖိုဟန်ကိုဆင်းသွားတာ..... မင်းကိုတွေ့ဖို့အတွက်တဲ့ ငါလည်းကားနဲ့အမီလိုက်ခဲ့ရတာ..... မင်းကိုသုံးရက်တိတိလိုက်ရှာနေခဲ့တယ် မင်းပဲအပုန်းကောင်းတာလားမသိဘူး ငါတို့လိုက်ရှာလို့မတွေ့ခဲ့ဘူး..... နောက်ဆုံး ငါနားချလိုက်တော့မှ သူလက်လျှော့ပြီးပြန်လာခဲ့တယ်..... "
" မင်းတို့နှစ်ယောက်လုံးက ငါ့ညီမလေးလိုပဲမို့..... အဲတုန်းကကိစ္စကိုငါမကာကွယ်ပေးနိုင်လို့ အပြစ်ရှိသလိုခံစားရပါတယ်..... အဲဒါကြောင့် နောက်မကျသေးခင်ပြန်လာခဲ့ပါ Moon Byul သူလည်းမိန်းကလေးတစ်ယောက်ဆိုတာမမေ့ပါနဲ့ "
အရင်ထွက်သွားလိုက်တဲ့ထိုအစ်ကိုရဲ့စကားကို Byulဘာမှမတုံ့ပြန်နိုင်ခဲ့ပေ။ အဲဒီနောက်ပိုင်းလည်း အမြဲလိုလိုနီးပါး အလုပ်ကိစ္စနဲ့ရောက်ရောက်လာတိုင်း Byulကိုနားချချနေခဲ့သည်။
အဲဒီတော့မှသာ Yongရဲ့အနားယူခြင်းက သူပြန်လာစေဖို့ဆိုတာ မန်နေဂျာအစ်ကိုပြောမှသိခဲ့ရသည်။ အစကတော့ သူထင်နေတာက သူ့ကိုမုန်းသွား၍ကတိမတည်ခဲ့တာလို့ပေါ့။ တကယ်တော့ သူမ သူ့ကိုသိပ်ချစ်ခဲ့သည်ပဲ။
ခြေလှမ်းတွေကိုကြိုးစားပြီးပြန်လှည့်လိုက်ကာ သူမအချစ်တွေကိုမမြင်မိခဲ့တဲ့ သူ့ကိုယ်သူအပြစ်တင်ရင်း သူမရှိနေမည့်meeting roomရှေ့ကိုပြန်လျှောက်လာခဲ့၏။ သို့သော် သူမမျက်ရည်တွေကသာ သူ့ကိုဆီးကြိုနေခဲ့လေသည်။
" Yongဘာလို့ငိုနေရတာလဲ..... "
အကွယ်တစ်နေရာကနေ သူမမျက်နှာလေးကို လက်နဲ့မှန်းကိုင်ရင်း နောက်ပြန်လှည့်လိုက်မိသည်။ ထို့နောက် ကုတ်အင်္ကျီအိတ်ထဲမှဖုန်းကိုထုတ်ကာ နံပါတ်တစ်ခုကိုခေါ်ဆိုလိုက်လေ၏။
" oppa အကူအညီတောင်းစရာရှိတယ်..... သူ့ရှေ့ကိုဒီတိုင်းမသွားချင်ဘူး အဲဒီအတွက်oppaအကူအညီလိုလို့..... "
သူဖုန်းပြောပြီးသည်နှင့် ကုတ်အင်္ကျီအိတ်ထဲပြန်ထည့်လိုက်သည်။ လျင်မြန်တဲ့ခြေလှမ်းတွေနှင့် ပြတ်သားသောဆုံးဖြတ်တစ်ခုတို့နဲ့အတူ Love Moonကနေထွက်လာခဲ့လေသည်။ ပြာလွင်နေတဲ့မိုးကောင်းကင်ကို စိတ်လက်ပေါ့ပါးစွာမော့ကြည့်လိုက်ပြီး
Yong..... တို့ကိုခဏလောက်ထပ်စောင့်ပေးနိုင်မလား မင်းနားကိုပြန်လာခဲ့ပါမယ်
ဒါပေမယ့် အဲအချိန်တစ်ခုကိုတောင် တို့စိတ်မရှည်နိုင်တော့အောင် မြန်မြန်ရောက်စေချင်ပြီ ခဏလေးပဲ
တကယ်ကိုခဏလေးပဲစောင့်ပေးပါ အနားနားကိုအပြီးပြန်လာခဲ့ပါမယ် Yongရဲ့ထာဝရအချစ်ကိုယ်ရံတော်အဖြစ်နဲ့ပေါ့.....
..........................................................
ESTÁS LEYENDO
မင်းသမီးလေးရဲ့ကိုယ်ရံတော် ( Z + U ) ©
Fanficဒီရင်ဘတ်က နာကျင်တာထက်ပိုနေတယ် ခံစားရအရမ်းခက်တယ် yong..... ဖွင့်ပြောဖို့ခက်နေတယ် မဟာတံတိုင်းကြီးကာရံထားသလိုပဲ..... အနားတိုးလာလေလေ အဆုံးမရှိတဲ့နံရံကိုမြင်ရလေလေနဲ့ ဒီရင်ဘတ်ကလည်းပိုနာကျင်လာလေပဲ..... ဖွင့်ပြောဖို့အရမ်းခဲယဉ်းတာမဟုတ်ဘူး ဖွင့်ပြောရဲတယ် ဒါပေ...