Part 3

556 28 8
                                    


Unicode

ကို့ဘဝမှာရွေးချယ်စရာတွေအများကြီးရှိရင်တောင်မင်းကိုပဲထပ်တလဲလဲရွေးချယ်မယ်ဘယ်အချိန်ထိလဲလို့မေးခဲ့ရင်တော့မင်းဖြစ်နေသ၍ပေါ့

💛💛💛

ချစ်တယ် ကျနော့်အတွက်ဒီညကတော့သာမန်ညတွေထက်ပိုလှနေတာအမှန်ပဲ

ခဗျားနဲ့အတူဒီညကိုဖြတ်သန်းချင်တယ် ခဗျားကကျနော့်ရဲ့အရာရာ ကျနော်တွေးရင်းပြုံးမိသွားတယ် ကျနော်ပြုံးတာကိုသူကလဲမြင်ဖြစ်အောင်မြင်လိုက်သေးတာကို

"ချာတိတ် ကိုမင်းကိုပြောစရာရှိသေးတယ် မင်းစိတ်များဆိုးနေမလား ကိုပြောရင်"

"ဗျာ ကိုမဟော်ရယ် ရပါတယ် ပြောပါ"

ကျနော်တကယ်ရင်ခုန်သွားမိတာအမှန်ပါ ကျနော်မျှော်လင့်ထားသလိုများဖြစ်လာခဲ့ရင် အတွေးနဲ့တင် ရင်ထဲမှာကုလားဘုရားပွဲလှည့်နေပြီ တကယ်များသာဆိုရင်ဖြင့် ကျနော်များ သေသွားမလားမသိ

"ချာတိတ် ချာတိတ် ကိုပြောရတော့မလားဟမ်"

သူ့ပုံစံကအပြစ်လုပ်ထားတာကိုဝန်မခံရဲတဲ့ ကလေးတစ်ယောက်ပုံနှင့်တူလွန်းနေသည်

ခဗျားရယ် အရမ်းမရိုးသားပါနဲ့ ကျနော့်မှာငုံထားမတတ်ချစ်ရလွန်းလို့ပါ

"ကိုလေ ကို ကို မင်းကိုချစ်တယ် လပြည့်"

"မဖြစ်နိုင်တာသိတယ် ဒါပေမယ့် ဒါပေမယ့် မင်းမုန်းသွားမှာလဲစိုးရိမ်တယ် မင်းကယောင်္ကျားလေးတစ်ယောက်ဆိုတာလဲသိတယ် မင်းကိုမချစ်မိအောင်တားပေမယ့်မရဘူး ကိုမင်းကိုချစ်မိနေပြီ မဟုတ်ဘူး မြတ်နိုးတာ ချစ်တယ် မြတ်န်ုးတယ် တန်ဖိုးထားတယ် ဒီကမ္ဘာမှာလေ အာ့လိုစကားထက်ပိုလေးနက်နဲ့စကားရှိရင်ကိုမင်းကိုပြောမှာပါ ကိုက မင်းကိုအပျော်ကြံတာမဟုတ်ပါဘူး ကို့ဘဝတစ်လျှောက်လုံးအတွက်ကိုရည်စူးတာပါ အခုကိုဒီစကါးကိုပြောဖို့အချိန်အကြာကြီးစဥ်းစားခဲ့ရတာပါ သေချာတာတစ်ခုကတော့မင်းသာကို့ကို ယုံကြည်ပေးပါ ဒီကမ္ဘာမှာ မင်းလောက်ကို့ကိုဘယ်သူမ မချစ်နိုင်ဘူးလို့ထင်တဲ့အထိ ကို့အချစ်တွေမင်းဆိုတဲ့ချာတိတ်ကိုပေးမယ် မင်းလေးယုံမယ်မလား"

𝑾𝒊𝒍𝒍 𝒀𝒐𝒖 𝑩𝒆 𝑴𝒊𝒏𝒆Where stories live. Discover now