Part-6

248 16 4
                                    

Unicode

"ဟဲ့ လပြည့် လပြည့် ထစမ်းနင်ဒီ ချိန်ထိမထပဲဘာလုပ်နေတာလဲအချိန်လေးဘာလေးလဲကြည့်နော် ဆယ်တန်းပြီးလို့အကူအညီရမလားမှတ်ပါတယ်ဒင်းနဲ့တော့"

"ဟာ မမ ကလဲဗျာမနက်စောစောစီးစီးဘာလဲ"

"ဘာလဲလုပ်မနေနဲ့ နင်သင်တန်းမသွားဘူးလား ပိုက်ဆံကအလကားပေးထားတာမဟုတ်ဘူးနော် လပြည့်"

"သိတယ် သိတယ် မပူနဲ့သွားမှာ"

"ဟယ်ကလေးတွေစကားများမနေနဲ့မြန်မြန်ပြင်ဆင်ပြီးလာကြမနက်စာစားမယ်"
ဒေါ်မေမြတ်ခင်ပြောမတိတ်သွားကြသည်

ဒါကတော့မနက်တိုင်းကြားနေကြအသံအမြဲအဲ့လိုမတည့်အတူနေနှစ်ယောက်

"သားသင်တန်းတတ်ရတာအဆင်ပြေလား
သမီးရောဆိုင်အလုပ်တွေကြောင့်ပင်ပန်းနေပြီလား"

"ရပါတယ်မေမေရဲ့"
နှစ်ယောက်လုံးပြိုင်တူထွင်လာတဲ့အသံ ဘယ်လိုစကားများများဒီအမေကိုတော့နှစ်ယောက်လုံးကချစ်ကြသည်

"မေမေ သားသွားတော့မယ်"နှုတ်ဆက်ပြီးတာနဲ့ထွက်လာကာလမ်းထိပ်ရောက်တော့ ဟောတွေ့ပါပြီ ကျနော့်လူကြီး

"Mornee bae"

"Mornee"

"ကိုကို ကျနော်ဒီနေ့သင်တန်းမတတ်ချင်ဘူး"

"ဘာလို့လဲ ကလေးရ"

"ဒီနေ့ကိုကိုနဲ့လျှောက်လည်ချင်လို့"

"အမယ် ဟုတ်လို့လား"

"အတည်ပါဗျ"

"ဒါဆိုဒီနေ့တစ်ရက်ပဲရမယ်နော်"

"ဟုတ်ကဲ့"
အလေးပြုတဲ့ပုံစံမျိုးနဲ့ပါးချိုင့်တွေခွက်ဝင်အောင်ပြုံးနေသည့်ကျနော် ကလေး

"ကိုကို ဟိုမုန့်စားမယ်"

"ကိုကို ရိုလာကိုစတာ စီးရအောင်လေ"

"ဟမ်"
ကျနော်အမြင့်ကြောက်မှန်းသူတကယ်မသိလို့ပြောတာလား သက်သက်စတာလားတော့ သူကလွဲပြီးဘယ်သူမ မသိနိုင်

"ကိုကို ချစ်ရင်လာပါ တူတူစီးရအောင်"

"နော် နော်"

"လာပါ"

"ကိုလာပြီ"

ရိုလာကိုစတာပေါ်ရောက်ထဲကမျက်လုံးမဖွင့်ပဲပွစိပွစိရွတ်နေတဲ့လူကြီး မသိရင်ဘိုးတော်ယောင်ယောင်ဘာယောင်ယောင်

𝑾𝒊𝒍𝒍 𝒀𝒐𝒖 𝑩𝒆 𝑴𝒊𝒏𝒆Where stories live. Discover now