Part-5

336 18 8
                                    

Unicode

အချစ်နဲ့သာတွေ့ရင်လူတိုင်းကကဗျာဆရာတွေဖြစ်ကုန်ကြတယ်တဲ့
အဲ့စကားကအရမ်းမှန်တယ်နော်
သူကျနော့်ဘဝထဲဝင်လာထဲကကျနော်​ဆိုတာလေသူ့အကြောင်းလေးတွေကိုတွေးပြီးအမြဲဖွဲ့နွဲ့နေမိသည်မလား
မင်းနဲ့သာဆိုအရာရာရင်ဆိုင်နိုင်တယ်
မင်းမျက်နှာပေါ်ကအပြုံးလေးကသာကို့ရဲ့အရာရာ
မင်းသာပျော်မယ်ဆိုရင်ကိုဘာပဲလုပ်ရလုပ်ရ
မင်းကိုချစ်မိပြီဆိုထဲကမင်းအပြုံးတွေမင်းပျော်ရွှင်မှုတွေလောက်ဘာကမ အရေးမပါတော့တာ မင်းသိပါစေ

"ကိုမဟော်"
တွေးလက်စအတွေးလေးကိုရပ်ပြီးအသံလာရာကြည့်မိတော့ကျနော့်ချာတိတ်

"ကိုမဟော် အားလားမသိဘူး"

"ကျနော်မုန့်စားချင်လို့အဲ့တာ မမ ကလိုက်မပို့လို့"

"ကိုအားတယ်လေ"

"ဒါဆိုလိုက်ပို့မယ်မလားဟမ်"
ချစ်ဖို့ကောင်းပြီးအပြစ်ကင်းလိုက်တဲ့အပြုံး

"ဒီလိုပြောမတော့ကျနော်မျိုးကပြောသမျှလုပ်ပေးဖို့အသင့်ပါဗျ"

"aigoo ချစ်လိုက်တာ ကျနော့်လူကြီး"

"ပိုချစ်ပါတယ်ဗျ"

"ကျနော်ဗိုက်ဆာလှပြီ သွားမယ်လေဗျာ"

"ဟုတ်ပါပြီတဲ့ဗျာ"

"စားလေ ကျနော့်ကိုကြည့်လို့ဗိုက်မဝဘူးဗျ"

"ကို့အတွက်ဗိုက် ဝ တယ်ဆိုရင်ရော"

"ဟီး"

"ဒါပေမယ့်စားပါဗျ"
ပါးစပ်ဟလာတဲ့ကျနော့်လူကြီးအမလေး CEO ကြီးကဒီလိုလဲချွဲတတ်တယ်တဲ့လား

"ခွီး"

"ဘာရယ်တာလဲမကျွေးချင်ဘူးလား"

"ကျွေးမယ် ဟ ဟ"
အော် လူကြီးရယ် ချစ်လိုက်တာနော်

"ချာတိတ်"

"ကိုကို လို့ခေါ်"

"ဗျာ "
စားနေတဲ့အစာတောင်နင်သွားသလို

"ကို့ ကို ကိုကို လို့ခေါ်"

"ဗျာ "

"ဘာလဲ ဗျာ ပဲ ဗျာ နေတော့မှာလား"

"မဟုတ်ပါဘူး"
မျက်နှာလေးတွေရောနှာခေါင်းလေးတွေပါရဲတတ်လာသည့်ကျနော့်ချာတိတ်

𝑾𝒊𝒍𝒍 𝒀𝒐𝒖 𝑩𝒆 𝑴𝒊𝒏𝒆Where stories live. Discover now