Parth-8

216 8 2
                                    

Unicode

" ငယ်လေး ငယ်လေး ရယ်"

"အော် ကိုမှူး လာလေ"

"ကိုကငယ်လေးအိပ်နေပြီတောင်ထင်တာ"

"မအိပ်သေးပါဘူး ပုံလေးလက်စသတ်နေတာ လာထိုင်လေ ကိုမှူး"

"ဒါနက် ငယ်လေး ဘာပုံတွေဆွဲ"

"တစ်ပုံကတိမ်တွေကိုငေးကြည့်နေတဲ့ကောင်လေးတစ်ယောက် နောက်တစ်ပုံကကြယ်တွေကိုခူးဖို့ကြိုးစားနေတဲ့လူတစ်ယောက်"

"ဟာ ကို့ငယ်လေးက တော်လိုက်တာ"

"ဟီး"

"ငယ်လေးဆွဲထားတဲ့ပုံကပြည့်စုံတာထက်ကိုပိုလွန်းပါတယ် တိမ်တွေကိုငေးကြည့်နေတာနဲ့ကြယ်တွေကိုခူးဖို့ကြိုးစားနေတာကတူပေမယ့် သေချာကြည့်ရင်အများကြီးကွာခြားနေတာငယ်လေးသိလား"

တည်ငြိမ်ရင့်ကျက်မှုအပြည့်နဲ့ပြောလာတဲ့ကိုမှူး

"ဟမ် မတူဘူးလား ကျနော်ကတူတယ်ထင်နေတာ"

"တိမ်ကိုငေးကြည့်နေတာကလဲကို့အတွက်မပိုင်ဆိုင်ရပေမယ့်ပျော်ရွှင်တယ်လေ ကြယ်ကိုခူးဖို့ကြိုးစားတာလဲအဲ့လိုပဲမဟုတ်ဘူးလား"

"မတူဘူး ငယ်လေး ရဲ့"

"တိမ်တွေကိုငေးကြည့်နေတာကပျော်ရွှင်ရတယ်မပိုင်ဆိုင်ပေမဟ့်လဲပေါ့ ကြယ်ကိုခူးဖို့ကြိုးစားတယ်ဆိုတာကအတ္တဆန်သွားပြီလေ ကြယ်လေးကခူးတဲ့သူရှိရင်ကြွေပေးရမှာ ငယ်လေးရဲ့"

"ဒါဆိုအချစ်လိုပဲလား"

"    "

"ဒီလိုလေ ကျနော့်အချစ်ကတော့တိမ်တွေလိုပဲသူ့ကိုအဝေးကနေငေးမယ် သူပြုံးနေရင်ကိုလဲပျော်နေမယ်ထင်ပါရဲ့"

"ကိုတော့အဲ့လိုမထင်မိဘူး သူပြုံးနေရင်ကိုပျော်မယ်လို့ပေါ့ သူပြုံးနေပေမယ့်အဲ့အပြုံးတွေကကို့ကြောင့်မဟုတ်ဘူးဆိုတဲ့စိတ်နဲ့နာကျင်ရတယ် ငယ်လေး ရဲ့ ကိုကအတ္တမဆန်ပါဘူး ကိုချစ်တဲ့သူကိုပိုင်ဆိုင်ချင်မိတာကိုအတ္တဆန်တယ်ဆိုရင်တော့ ဟုတ်တယ် ကိုကအတ္တဆန်တဲ့လူတစ်ယောက်"

ကိုမှူးစကားတွေကြောင့်ရုတ်တရက်ကျနော့်ရင်ဘက်ကအောင့်လာသည် ဘာကြောင့်ရယ်လိုတော့အဖြေမရှာမိ

𝑾𝒊𝒍𝒍 𝒀𝒐𝒖 𝑩𝒆 𝑴𝒊𝒏𝒆Where stories live. Discover now