Part-9

201 7 0
                                    

Unicode

ဒီနေ့ ကျနော့်ကမ္ဘာမှာအမှောင်ဖုံးတဲ့နေ့
ငယ်လေးမှာချစ်ရမယ့်သူရှိနှင့်ပြီးသားတဲ့လားကိုကငယ်လေးကိုချစ်တယ်လေကျေးဇူးပြု၍မဟုတ်ဘူးလို့ငြင်းပေးပါငယ်လေးရယ်
ငယ်လေးကို ဟိုးအရင်ထဲကကိုကအရိပ်တကြည့်ကြည့်နဲ့ချစ်လာခဲ့ရတာပါ
ကိုမင်းကိုနာကျင်စေခဲ့မိလို့တောင်းပန်ပါတယ်
ကိုကတိပေးတယ် ငယ်လေး အခုအချိန်ကစလို့မင်းအနားမှာကိုအမြဲရှိနေပြီး မင်းရှေ့ကနေမားမားမတ်မတ်ရပ်တည်ပေးမယ်
ကို့ခံစားချက်တွေကို ကိုကိုတိုင်မသိခဲ့မိလို့လဲမင်းကျေနပ်တဲ့အထိကိုတောင်းပန်မယ်
မင်းကတော့ကို့အနားကပျောက်မသွားပါနဲ့နော်
______________________________
ကျနော့်ဆုတောင်းမပြည့်ခဲ့ဘူးထင်ပါရဲ့
ငယ်လေးနဲ့သူချစ်ရတဲ့မဟော်ဆိုတဲ့လူကို ကို့မျက်လုံးနဲ့ကိုယ်တိုင်မြင်ခဲ့ရပေမယ့်မယုံနိုင်သေးဘူး အရင်ကငယ်လေးကကို့ကိုသိပ်ချစ်တာလေ

"မှူး ရေ မှူး"

"နိုးနိုး ပြောလေ"

"နင်အဆင်ပြေရဲ့လား မှူး"

"ပြေပါတယ် နိုး ရ"

"နင်တကယ်ငယ်လေးကိုချစ်တာလား"

"နင်ဘယ်လိုများမေးလိုက်တာလဲနိုးရယ်"
မှူး ရယ်နင်လဲငယ်လေးကိုအရိပ်တကြည့်ကြည့်နဲ့ချစ်သလိုငါကလဲနင့်ကိုချစ်တယ်ဆိုတာနင်မသိလေရော့သလားကိုချစ်ရတဲ့သူကသူချစ်ရတဲ့သူအကြောင်းပီတိအပြုံးတွေနဲ့ပြောနေတာကို ငေးကြည့်ရတဲ့ငါ့ရင်တွေဘယ်လောက်နာနေလဲဆိုတာရောနင်သိခဲ့ရလား...

"နိုး"

"အော် မှူး "

"နင်မျက်ရည်တွေဝဲနေတာလားလို့ပါ"

"မဟုတ်ပါဘူးဟ အမှုန်ဝင်လို့ပါ"

"ငါလေ ငယ်လေးကိုအရမ်းချစ်တာ ဒါပေမယ့် ဒါပေမယ့်ဟယ် သူ့မှာချစ်ရမယ့်သူရှိနေပြီတဲ့လားငါမယုံဘူး ငယ်လေးကငါ့ကိုချစ်တာနင်သိတယ်မလား ဟမ် နိုး ပြောပါ ငါ့ရင်တွေပူလို့ပါဟ"

"မှူး ရယ် ငါခံယူထားတဲ့အချစ်ဆိုတာသူ့ပျော်ရွှင်မှုပဲ မပိုင်ဆိုင်ရလဲဘာဖြစ်လဲငေးခွင့်တော့ရှိနေသေးတယ်လေ"

𝑾𝒊𝒍𝒍 𝒀𝒐𝒖 𝑩𝒆 𝑴𝒊𝒏𝒆Where stories live. Discover now