Unicode
ကလေးရေကိုပျော်ရွှင်ရပါရဲ့မင်းကိုချစ်ခဲ့ရလို့
ဘယ်အချိန်ထိလဲမသေချာပေမယ့်လို့မြတ်နိုးမိပါရဲ့
မင်းပျော်မယ်ဆိုရင်တော့ကိုဘာပဲဖြစ်ရဖြစ်ရအဆင်ပြေနိုင်မယ်ထင်တယ်
အကောင်းဆုံးကိုမျှော်လင့်ထားပေမယ့်အဆိုးဆုံးကိုလဲကြိုတင်ပြင်ဆင်ထားပါရဲ့
ဒါပေမယ့်ထင်သလောက်မလွယ်ကူခဲ့ဘူး
ကို့အတွက်ဆုတောင်းတွေဆိုတာကမပြည့်ဖို့သက်သက်ရယ်လား................
ဒီနေ့နဲ့ဆိုကလေးနဲ့မတွေ့ဖြစ်တာ (၃) ရက်ရှိပြီကလေးအဆင်မပြေရဲ့လား ထမင်းရောပုံမှန်စားရဲ့လား သေချာတာကတော့ကလေးပျော်နေလောက်မှာပါ ကလေးကိိုနာမည်လေးနဲ့တင်ပျော်အောင်လုပ်နိုင်တဲ့သူကပြန်လာတော့မှာတဲ့လေ
Ring~~Ring
"ကိုကို"
အသံလေးကြားရရုံနဲ့ပြုံးမိပြန်ပါပြီ
"ကလေး ပြောလေ"
"ဟာ ကိုကို ကလည်း"
"ပြောစရာရှိမဆက်ရမှာလား"
"ကလေးရယ် ကိုကိုကစတာပါ"
"ကလေးသင်တန်းမှာလား ညနေ ကိုကိုလာခေါ်မယ်လေ"
"မလာနဲ့"
"ဟာ ကိုကို့ မွတ်နွတ်ပွတ်ကျွတ်လေးကလည်း"
"ဘာလဲ မလာနဲ့"
"စိတ်ဆိုးတာလား"
"မဆိုးဘူး မလာနဲ့ ညနေ"
"ကလေးလေး ကိုကို့ကလေးလေး"
"လူကြီး ကျနော်ပြောတာနားထောင်အုံး ညနေလာမခေါ်နဲ့ပြောတာလေဗျာ အခုလာခေါ်"
သေချာတယ်ကျနော့်လူကြီးရှက်သွားလောက်ပြီ"ကလေးက ရှင်းအောင်ပြောပါလား"
"ဘာလဲ လာမခေါ်ဘူးလား ရတယ်နော်"
"ဟေး ဟေး လာခေါ်မယ် ခနစောင့် စိတ်ကြီးပဲ"
"ကို့လူကိုစိတ်ဆိုးတာဗျာ မကျေနပ်ဘူးလား"
စွာလိုက်တာလဲလွန်ပါရောလားကို့ကလေးရယ်အော် အချစ် အချစ် တယ်လဲစွမ်းပါလားနော်
သူ့အကြောင်းလေးတွေးလိုက်တာနဲ့ပျော်မိတာမျိုး
သူ့အသံလေးကြားရတာနဲ့ပြုံးမိတာမျိုး
သူ့မျက်နှာကအပြုံးလေးများမြင်လိုက်ရရင်လေကမ္ဘာတစ်ခုလုံးနဲ့ကိုသူ့ကိုလဲရယ်ပါတယ်

YOU ARE READING
𝑾𝒊𝒍𝒍 𝒀𝒐𝒖 𝑩𝒆 𝑴𝒊𝒏𝒆
RomanceIf equal affection can't be,the more loving one be me. Bl , romance ,drama