For Zawgi
(A/N Destiny call ကြည့်ဖူးရင်တော့ သိကြမှာပါ ကျောရိုးကို Baby Bright Destiny Call ကို အနည်းငယ်မှီငြမ်းထားပါသည် ... Ancient မဟုတ်တာမို့ အနည်းငယ်သာမက အင်မတန်ကြီးကို out of character ဖြစ်ပါလိမ့်မည် ... မကြိုက်ပါက ကျော်သွားနိုင်ပါကြောင်း ... အပိုင်းရှည်ကြီး ရေးမည်မဟုတ်ပါ၍ ဖတ်ရတာ တက်သုတ်ရိုက်သလိုဖြစ်မည်ကိုလည်း ကြိုတင် အသိပေးလိုပါကြောင်း )
နယ်မြို့လေးကနေ ကျောင်းလာတတ်တဲ့ Lan Jingyi တစ်ယောက် ရောက်ခါစကတော့ အဆောင်နေလေသည်..
သို့သော် သူ့မိဘတွေက သူ့အားမထောက်ပံ့နိုင်တော့ ... သိပ်မချမ်းသာသည့် အခြေအနေမှာ လုပ်ကိုင်နေသော လုပ်ငန်းနေရာကို အစိုးရမှသိမ်းကာ လုပ်ငန်းသစ် စတင်လုပ်ကိုင်တော့မှာမို့ တစ်နိုင်တစ်ပိုင် စီးပွါးရေးလုပ်နေရာမှ ဖယ်ပေးရလေသည် ...
မိဘတွေဟာ ဘိုးဘွားတွေရှိသော ရွာသို့ပြန်ကာ လယ်လုပ်နေရသည့်အတွက် သားဖြစ်သူ Lan Jingyi ထံ ပိုက်ဆံမပို့နိုင်တော့ ... ထို့ကြောင့် Lan Jingyi ခမျာ အဆောင်ခလည်း မပေးနိုင်တော့ ...
အချိန်ပိုင်းအလုပ်မှန်သမျှ ရှာဖွေကာ အိပ်ချိန်များကို Bus ကားပေါ် ရထားပေါ်သာ ငုတ်တုတ်အိပ်ရတော့သည်....
ယနေ့တွင်တော့ Lan Jingyi တစ်ယောက် ကျောင်းမှ Project အတွက် coffee ဆိုင်တွေဆီ ကွင်းဆင်းနေရသည်...
သူ့အချိန်ပိုင်းအလုပ်တွေမှရသော လုပ်အားခကို အဆောင်လခအတွက် စုနေရ၍ သူ့မှာ အပိုဝင်ငွေမရှိ ... ကျောင်းက Scholorship မို့ ကျောင်းစရိတ်က ပြဿနာမရှိပေမဲ့ Grade က ကျလို့မရသည့်အတွက် အတန်းတွေလည်း ပျက်လို့မရ ... Grade သာ ကျရင် Scholorship က ပြုတ်မှာလေ ... သူမြန်မြန်ကျောင်းပြီးမှ အိမ်ကိုပြန်ထောက်နိုင်မှာမလား ...
Coffee ဆိုင်တွေကို ကွင်းဆင်းရရင် သူ့မှာ အပိုငွေကုန်မှာ သိနေပေမဲ့ သူ့မှာ မတတ်နိုင် ... Grade ကောင်းဖို့အတွက် သူဒီ project ကို အောင်မြင်ရမည် ...
တစ်ဆိုင်ပြီး တစ်ဆိုင် ဝင်ထွက်သွားလာနေတာ သူ့မှာ ဘာမှအဆင်မပြေ ... ဆိုင်ရှင်တွေက သူ့ကို အတင်းနှင်ထုတ်သည် ...... ကော်ဖီတစ်ခွက်မှ ဝယ်မသောက်ပဲ သူတို့အလုပ်ကိစ္စကို လိုက်လံမေးနေမှတော့ ဘယ်သူကဖြေချင်မှာလဲ ...
YOU ARE READING
Don't call love ( Completed )
FanfictionModaozushi & The Untamed Fanfiction Lan Jingyi × Lan Sizhui