For Zawgi
" အစ်ကို ကျနော့ကို အလုပ်ခန့်ပါ "
ဆိုင်ရှေ့ကပ်ထားတဲ့ အလုပ်ခေါ်စာကို ဆွဲဖြဲလာပြီးမှ အစ်ကို့ရှေ့ ထိုးပြကာ သူ့ကိုအလုပ်ခန့်စေဖို့အတွက် Jingyi ခါးကို ၉၀ ဒီဂရီလောက်ကိုင်းလိုက်တယ် ...
အစ်ကိုရယ်တယ် ... တိုးဖျဖျရယ်သံနဲ့ အစ်ကိုက သူ့ကိုကြည့်နေမှန်းကို သူမော့ကြည့်မိတော့သိလိုက်ရတယ် .. အာ အစ်ကိုကချောလိုက်တာ...
" Jingyi "
အစ်ကိုက သူ့ကိုခေါ်တယ် ... သူမထူးပဲ ပြုံးပြုံးကြီးကြည့်နေမိတယ်ထင်ရဲ့ ... ခါးညောင်းတာလည်းမသိတော့ဘူးပဲ ...
လက်ထဲက စာရွက်ကို အစ်ကိုဆွဲယူသွားခါမှ ပြန်ထူးဖို့သတိရတော့တယ် ...
" အာ သွေ့ပုချိ ကျနော် ယောင်သွားလို့ "
ရေမချိုးရသေးတဲ့ပုံနဲ့ မနက်ကအဝတ်အစားရယ် ညှင်းသိုးသိုးပုံပေါက်နေတာကြောင့် အစ်ကိုက သူ့ကို ခြေဆုံးခေါင်းဆုံးကြည့်နေတယ် ..
အာ သူနေရသိပ်ခက် ..
" ခန့်တာကခန့်လို့ရပါတယ် ကဲ လာပါဉီး "
ခုံတွေက သန့်ရှင်းရေးလုပ်ထားတာမို့ ထိုင်ဖို့နေရာက ရှားနေတယ် ..
အစ်ကိုကသူ့ကို ဆိုင်နောက်ထဲ ခေါ်သွားတယ် .. အာ ဒါက လူနေအိမ်ပဲ ... သန့်ရှင်းသပ်ရပ်နေတဲ့ ဧည့်ခန်းကိုကျော်လွန်ပြီးခေါ်သွားတာ သူ့မှာ အူတိအူကြောင်နဲ့လိုက်ရပြန်ရော ...
ထမင်းစားစာပွဲမှာ အစ်ကိုကဝင်ထိုင်တော့ သူလည်ူ တစ်ဖက်က ဝင်ထိုင်ရတယ် ..
ရေအေးတစ်ခွက်ချပေးတော့ သူဆာဆာနဲ့သောက်ပစ်လိုက်တယ် ... အိုက်ယား သူညစာမစားရသေးဘူး ...
" ကဲပြောပါဉီး အလုပ်လုပ်ချင်ရတဲ့အကြောင်း "
သူ့ရဲ့အလုပ်လုပ်မှ ဖြစ်မဲ့အကြောင်းကိုသူ့မှာ စီကာပတ်ကုံးပြောပြရပြန်တယ် ... အခုလက်ရှိ အလုပ်ပြုတ်လာတာလည်းပါတာပေါ့ ...
စကားအဆုံးမှာ မျက်နှာလေးကို အိုထားလိုက်တယ် ... အစ်ကိုများသူ့ကို ချက်ချင်းအလုပ်ခန့်လေမလားလို့ ...
YOU ARE READING
Don't call love ( Completed )
FanfictionModaozushi & The Untamed Fanfiction Lan Jingyi × Lan Sizhui