7

368 28 7
                                    

For Zawgi

Closed ဆိုတဲ့စာတန်းလေးက အနည်းငယ်တော့ သူစိမ်းဆန်သည် ... မနက်၆နာရီ... အနည်းငယ်အေးစက်နေတဲ့လေထုက သူ့ကိုတုန်ရီစေသည်...

ခွဲစိတ်ထားတဲ့နေရာက အနည်းငယ်တော့ နာကျင်သည် .. ဒါ​ပေမဲ့ တစ်ညလုံးပျောက်နေတဲ့သူ့ကို တစ်ချက်လေးတောင်ဖုန်းမဆက်တာကရော လွန်တယ်မထင်ဘူးလား ...

ဆေးရုံကနေဆင်းခွင့်မရှိသေးပဲ ခိုးဆင်းလာသောသူ့ကို ဘယ်သူကများလိုက်ရှာမှာလဲ .. ဘယ်လိုလုပ်ပြီးဆေးရုံကိုရောက်သွားမှန်တောင်သူမသိ ... သူနိုးလာတော့ ဗိုက်မှာချုပ်ရိုးရာကြီးနဲ့  ... ဒါလေါက်ဆို သူအိမ်ပြန်ခွင့်ရမှာမဟုတ်လောက်ဘူးလေ ... သူနောက်ဆုံးသတိရလိုက်တာက ကျောင်းမှာ ... ဗိုက်ကရုတ်တရက်ထအောင့်ပြီး မေ့လဲသွားတယ်ထင်တာပဲ..

" အူအတက်ပေါက်တဟ်ထင်ပါရဲ့ "

နိုးနိုးချင်း ဖုန်းကိုဖွင့်ကြည့်လိုက်တယ် ... ဖုန်းထဲမှာ ဘာmisscalled မှ ရှိမနေဘူး ... အိုး တစ်ညနေလုံးနဲ့တစ်ညလုံးပျောက်နေခဲ့တဲ့သူ့ကို တကဟ်ဂရုမစိုက်ဘူးပဲ ...

သေချာနေပါပြီ .... သူက ဘာမှမဟုတ်ခဲ့ဘူး ...

ဆိုင်တံခါးအတွက်သူ့မှာသော့ပိုတစ်ချောင်းရှိတာမို့ ဘာသာတွန်းဖွင့်ဝင်ခဲ့လိုက်သည်.... တိတ်ဆိတ်နေတဲ့ဆိုင်ခန်းက သရဲ​တောင်ခြောက်မတတ်ပဲ...

အလင်းပြပြလေးတောင်ရှိမနေဘူး ...

သူအတွင်းဘက်ဝင်လာခဲ့လိုက်တယ် ... ပြီးတော့ မီးဖွင့်လိုက်တယ် ... သူ့ကိုများစောင့်နေလေမလားဆိုတဲ့ မျှော်လင့်ချက်သေးသေးလေးနဲ့ပေါ့ ...

ဒါပေမဲ့ ဆိုဖာပေါ်မှာ ဘယ်သူမှရှိမနေခဲ့ပါဘူး ....

Jingyi ဟာ ကိုယ့်အခန်းထဲကိုယ်ပဲ ဝင်သွားလိုက်ပါတယ် ... အခန်းထဲရောက်တော့ အဝတ်အစားလဲလိုက်တယ် .. ပြောရရင် သူလှုပ်တောင်မလှုပ်ချင်ဘူး ... ဒါပေမဲ့ ဆိုင်ဖွင့်ရဉီးမယ်လေ ...

မျက်နှာသစ်လိုက်တဲ့အချိန်မှာ မှန်ထဲမြင်ရတဲ့သူ့မျက်နှာက အားရစရာတောင်မရှိဘူး ... မျက်တွင်းတွေ တော်တော်ကျနေပြီးတော့  နှုတ်ခမ်းမွှေးတိုစိလေးတွေတောင်ထွက်လို့ ...

Don't call love ( Completed )Tempat cerita menjadi hidup. Temukan sekarang