4

397 38 1
                                    

For Zawgi

မနက် ၅နာရီမှာ Jingyi နိုးလာသည် ... အခန်းက အနည်းငယ်အိုက်သလိုခံစားရလို့ နိုးလာချိန်မှာ Jingyi တစ်ကိုယ်လုံး ချွေးတွေရွှဲလို့ ..

ရေချိုးခန်းထဲဝင်တော့ သွားတိုက်တံအသစ်လေးချထားတာတွေ့သည် . အိုက်ယား အစ်ကိုများနိုးနေပြီလား ...

ရေချိုးရင်း ညက လျှော်ထားခဲ့တဲ့ ဝတ်စုံက ခြောက်နေပြီမို့ သူပြန်ဝတ်လိုက်သည် ... သူလည်းပိုက်ဆံတွေစုမိလာရင် အစ်ကို့အိမ်က အခြောက်လျှော်လို့ရတဲ့ အဝတ်လျှော်စက်မျိုးဝယ်ကာ ရွာကအိမ်ကိုပို့လိုက်ဉီးမည်

အဲ့ဒါဆို အမေ့လက်တွေ ရေနူးပြီး မစုတ်ပြတ်တော့ဘူးပေါ့ ...

ရေချိုးပြီးထွက်လာတော့ အစ်ကို့ကိုမတွေ့ .. ဒါနဲ့သူလည်း ဆိုင်ခန်းဘက်ကိုသွားပြီး ခုံတွေ ပြန်နေရာချရင်း တံမြက်စည်းတွေဘာတွေလှဲလိုက်တယ် ...

ဆိုင်ထဲက မီးတွေ ဖွင့်ပြီး နာရီကြည့်တော့ ၆နာရီ .. သူဆိုင်တံခါးရှေ့က closed ဆိုတဲ့ဆိုင်းဘုတ်လေးကို open ဘက်လှည့်လိုက်တယ် ...

သူပြန်ဝင်လာတော့လည်း အစ်ကို့ကိုမတွေ့ဘူး ..

ကောင်တာအတွင်းဘက်သူဝင်ကြည့်ရင်း ကော်ဖီစက်ကိုလေ့လာလိုက်တယ် ... အာ တော်သေးတယ် .... ဒီအမျိုးအစားက သူသုံးဖူးတဲ့အတိုင်းပဲ . ...

Apron အဖြူလေးတွေ့လို့ သူ့ခါးမှာ ပတ်လိုက်တယ် ... သူပတ်နေတုန်းမှာပဲ ခေါင်းလောင်းသံလေးကြားလိုက်ရလေတယ် .....

" ကြိုဆိုပါတယ် အာ "

အစ်ကိုပဲ ... ဈေးသွားဝယ်တာထင်ပါရဲ့ ...
လက်ထဲမှာကိုင်လာတဲ့ပစ္စည်း တွေကို သူကူသယ်ပေးတော့ ..

" ရှဲ ရှဲ "

" ရပါတယ် "

" အင်း အဲ့ဒါတွေ မီးဖိုခန်းထဲပဲ သယ်သွားပေးပါ "

အစ်ကိုက နောက်ကလိုက်လာပြီးတော့ သူသယ်လာတာတွေကို ​ရေခဲသေတ္တာထဲ နေရာချသင့်တာချအပြီး အသီးအနှံတွေကိုတော့ ဆားအနည်းငယ်ထည့်ထားသောရေထဲ ထည့်စိမ်လိုက်တယ် ...

" အာ အဲ့လိုဘာလို့လုပ်တာလဲ "

" ပိုးသတ်ဆေးတွေပါတတ်တယ်လေ .. ဒီမှါက ကိုယ်တိုင်စိုက်တာမဟုတ်ရင် ဘာမှမယုံရဘူး "

Don't call love ( Completed )Where stories live. Discover now