For Zawgi
အစ်ကိုက သူ့ကို ဘာမှအစမဖော်တော့ဘူး ... မှားယွင်းစွပ်စွဲမိတဲ့အတွက်သူ့ကို တောင်းပန်ပြီးတဲ့နောက်အရင်အတိုင်း ပြန်နေနေတယ် .. အစ်ကိုSizhui ရဲ့သူ့အပေါ်ထားတဲ့ ဂရုစိုက်မှုတွေက အရင်အတိုင်းပဲ .. အဲ့ဒီဂရုစိုက်မှုတွေက သူ့အပေါ်အနည်းငယ် တော့ နာကျင်စေတယ် ... ဒါက သူ့အတွက် ဖြူစင်တဲ့ မေတ္တာတွေ ဖြစ်နိုင်ပေမဲ့ Jingyi ကို မျှော်လင့်ချက်တွေပေးနေသလိုပဲလေ .... ဘယ်တော့မှမပြည့်ဝနိုင်မဲ့ မျှော်လင့်ချက်ဖြစ်နေတာကလွဲရင် အဆင်ပြေပါတယ်ပြောရမလား...
ပထမနှစ်ဝက်ပြီးတဲ့အခါ Jingyi ဟာ ရွာပြန်ဖို့ဖြစ်လာတယ် ... သူမပြန်ချင်ဘူး ... ဒါပေမဲ့ ပြန်မြှဖစ်မယ် ....
အချိန်တော့လိုပါသေးတယ် ... သူစာမေးပွဲဖြေရဉီးမှာလေ ... အင်း ၃ပတ်လောက်ပေါ့ သူအချိန်ရပါသေးတယ် ... မပြန်ခင် အစ်ကို့ကိုအဝကြည့်သွားဖို့ အချိန်သုံးပတ်ဆိုတာ လုံလောက်ပါတယ်လေ...
" Jingyi ဘာတွေငိုင်နေတာလဲ ထမင်းအေးတော့မှာပဲ "
စကားသံတစ်နဲ့အတူ ပါးစပ်ထဲရောက်လာတဲ့ ပုစွန်တုပ်လေးတစ်ကောင်... ချိုမြမှုက လျှာဖျားထဲစိမ့်လို့ ...
" အိုက်ယား လန့်လိုက်တာကွာ "
လန့်သာလန့်တယ် ပါးစပ်ထဲကအစားကိုတော့ ပလုပ်ပလောင်းဝါးနေရော ...
ဆီတစ်ချို့ဝေ့နေတဲ့ နှုတ်ခမ်းပါးတွေက Jin Ling ကို ရေငတ်စေတယ် ... ရေတစ်ခွက်အလျင်အမြန်သောက်ရင်း ထမင်းတစ်လုပ်ဝါးလိုက်တယ် ...
" စားကောင်းလား "
"ဟင် "
" အဲ့ဒီအစ်ကိုချက်ပေးတာမလား ငါလည်းစားကြည့်ချင်တယ် "
Jin Ling ရဲ့တူတစ်စုံက Jingyiရဲ့ ထမင်းဘူးပေါ် ဝေ့ဝဲနေတယ် ... ဒါပေမဲ့ Jingyi က မကျွေးချင်ဘူး .. သူတောင်မစားရက်ဘူးလေ ...
" သူငယ်ချင်းကိုတောင် မကျွေးချင်ဘူးလား ... အိုက်ယား အကျင့်ပုတ်လတ်တာ "
" ရော့ "
အားရပါးရာခွံ့လာတာက ပဲစေ့တစ်စေ့တဲ့လား အိုက်ယား သိပ်ကိုသထာတာပဲ ...
" ငါဟင်းချက်သင်နေတယ် "
" မင်းလိုသခင်မလေးက ဟင်းချက်သင်နေတယ်ပေါ့ "
YOU ARE READING
Don't call love ( Completed )
FanfictionModaozushi & The Untamed Fanfiction Lan Jingyi × Lan Sizhui