For Zawgi
" တွေ့ရတာဝမ်းသာပါတယ် ဆရာ Sizhui "
" ဆရာလို့မခေါ်ပါနဲ့ ကျနော်တို့ အသက်သိပ်ကွာမယ်မထင်ဘူး "
" အာ ဟုတ်ကဲ့ပါ အစ်ကို ကျနော့်မေးခွန်းတွေက ဒီမှါပါ အစ်ကို တစ်ခါတည်း ဖြေပေးလို့ရပါတယ် "
မေးခွန်းတွေချရေးထားတဲ့ Laptop ကို ဆိုင်ရှင်လေးဆီ ထိုးပေးလိုက်ပြီး သူကတော့ မှတ်စုစာအုပ်ထုတ်ကာ ဆိုင်ပုံစံအနေအထားနဲ့ လိပ်စာကိုချမှတ်နေလိုက်ပါတယ် ...
နာရီဝက်အတွင်းမှာ အစ်ကိုက စိတ်ဝင်တစားနဲ့ အာရုံစူးစိုက်ပြီး ဖြေပေးနေတယ် ...
ဒါဆို သူကရော ဘာလုပ်နေပါသလဲ ...
သူ့ရဲ့မှတ်စုက နာရီဝက်တောင်အချိန်မပေးရတဲ့အတွက် သူ့မှာ အချိန်တွေ အများကြီးပိုနေလေတယ်
အဲ့ဒီအတွက် Lan Jingyi ဟာ ချောမောပြီးငယ်နုတဲ့ ဆိုင်ရှင် အစ်ကို့ ကို ကြည့်နေမိတယ် ..
အစ်ကို့မျက်လုံးတွေက မျက်မှန်ကတဆင့်မြင်ရတာ ဖြသ်ပေမဲ့ သိပ်ပြတ်သားတယ် .. ကြည်လဲ့တဲ့ မျက်လုံးတွေက တလက်လက်နဲ့ သိပ်လှတယ် ....
ပါးပြင်မို့မို့က အနည်းငယ် ပန်းရောင်သမ်းနေတယ် ... နီထွေးတဲ့နှုတ်ခမ်းစုစုက လှုပ်တုတ်လှုပ်တုတ်နဲ့ စာတွေလိုက်ဖက်နေလေတယ် ...
ပြောရရင် ယောက်ျားလေးတစ်ယောက်လို ခန့်ညားနေရမဲ့အစား ...
အစ်ကိုကလေ သိပ်လှနေတယ် ..
ရှည်နေတဲ့ ဆံပင်ညိုညိုတွေကများ အစ်ကို့ကို မိန်းမဆန်စေသလား ... ဒီဆံပင်တွေမရှိရင်ရော အစ်ကိုက ယောက်ျားလေးဆန်သွားမလား သူမသိလေဘူး .....
" စိုက်ကြည့်မနေနဲ့လေ "
ရုတ်တရက် သူ့ကိုမကြည့်ပါပဲ အစ်ကို့ဆီက ထွက်လာတဲ့စကားသံကြောင့် Jingyi ဟာ ရှက်သွားတယ် ...
" သွေ့ပုချိ "
တောင်းပန်သံသာ ဖွင့်ဟနိုင်ပြီး ထပ်မကြည့်ရဲတော့ဘူး .... Jingyi ဟာ ခေါင်းကိုငုံ့ထားလိုက်တဲ့အတွက် အစ်ကိုက သူ့ကို ပြုံးပြီးတစ်ချက်ကြည့်သွားတာ သူမသိလိုက်ဘူး .... နှမျောစရာ ...
YOU ARE READING
Don't call love ( Completed )
FanfictionModaozushi & The Untamed Fanfiction Lan Jingyi × Lan Sizhui