6

369 30 5
                                    

For Zawgi

ဆရာကရှေ့ကသင်သွားသည် Lan Jingyi တစ်ယောက် မှတ်စုထဲမှာ ဘာမှမမှတ်လိုက်ရ ..ဘာမှလည်းနားမလည်လိုက်.. ဘာမှလည်းမကြားလိုက်..

ဆရာက ချောင်ကျကျအဝေးဆုံးမှာထိုင်နေသောသူ့ကိုသတိထားမိပုံမရ ..

အချိန်တွေတစ်ချိန်ပြီးတစ်ချိန်သာကုန်သွားသည်.. Jingyi ထမင်းတောင်ထမစားဖြစ်လိုက်... ညနေထိေးစာသင်ချိန်တွေသာကုန်သွားသည် နေရာကနေ ထိုင်ရာကမထဖြစ်

လူတွေသာအကုန်ကုန်သွားတယ် ထောင့်လေးမှာထိုင်နေဆဲပဲ .. ယောင်ယောင်ကန်းကန်း Jingyi ရဲ့အတွေးထဲမှာ မနေ့ကညက အနမ်းခံလိုက်ရခြင်းကသာ ကြီးစိုးနေသည်...

" အစ်ကိုက ငါ့ကိုကစားနေတာများလား "

Jingyi သက်ပြင်းတစ်ချက်ချမိသည်...

" Guo Cheng ဆိုတာက ဘယ်သူလဲ .... အဲ့လူလား "

တွေးရင်းတွေးရင်း Jingyi ရဲ့အမြင်အာရုံတွေဟာ ဝေဝါးလာသည်  .... ပါးပြင်ပေါ်ပူနွေးတဲ့ရေစီးကြောင်းလေး ဖြတ်စီးသွားသည်..

အာ သူငိုနေမိတာလား ... အခုသူက လှည့်စားခံရတဲ့လူတစ်ယောက်လိုခံစားနေမိတာလား ...

" အစ်ကိုက လူမှားတာပါ ... ဟုတ်တယ် .. လူမှားတာ "

ကို့ဘာသာအားတင်းကာ ပတ်ဝန်းကျင်ကိုကြည့်မိသည် ..

" ဟင် ဘယ်အချိန်တောင်ရှိပြီလဲ ... ငါတော့လေ အစ်ကို့ဆီမှာ နောက်ကျလို့ဆိုပြီး ဆူခံရတော့မှာပဲ "

တစ်ခါမှအဆူမခံဖူးပေမဲ့ အစ်ကို့ဆီက ဆူပူမှုလေးတောင်သူမလိုလားပါ .. နောက်ကျမယ်ဆို ကြိုဖုန်းဆက်ဖို့ပြောထားတာကို သတိရသွားလေသည်...

လွယ်အိတ်လွယ်ကာ ထွက်တာပဲ ရှိသေးသည် ... အခန်းအပြင်တောင်မရောက်သေး ..

" အ "

စူးအောင့်လာသော ဗိုက်က ခံစားချက်နဲ့အတူ Jingyi ဟာ စာသင်ခန်းကြမ်းပြင်ပေါ် ခွေလဲကျလေသည်... ချွေးစေးတြွေပန်ကာ စူးအောင့်နေမှုက သူ့ကို သတိပင်မကပ်စေချင်တော့..

နောက်ဆုံးအသိတစ်ခုက အစ်ကို့ဆီ နောက်ကျမယ်လို့ မပြောခဲ့ရသေးဘူး ...

Don't call love ( Completed )Where stories live. Discover now