*UNICODE*
မနက်စောစော ရုတ်တရက် နိုးလာ၍ အိပ်ရာပေါ် လူးလွန့်ကာ Andrewတစ်ယောက် အပျင်းထူနေမိသည်။ ထိုစဉ် မျက်လုံးထောင့်မှ မှန်ပြူတင်းပေါက်ကိုဖြတ်၍ အပြင်ရှိ
ဖြူဖြူအရာများကို မြင်လိုက်သည်နှင့်
ကုတင်ပေါ်မှ ပြေးဆင်းကာ မှန်ပြူတင်းပေါက်သို့ သွားလိုက်သောအခါ သူထင်ထားသည့်အတိုင်းပင် ဒီဇင်ဘာလ၏ ပထမဆုံးနှင်းကျနေခြင်းဖြစ်သည်။ မကြာတော့မည့်အချိန်တွင် London တစ်မြို့လုံး အဖြူရောင်တွေ လွှမ်းခြုံသွားမည်ကို စဉ်းစားမိသောအခါ သူ့မျက်လုံးတွေ အရောင်တောက်လာသည်။ နှုတ်ဖျားမှလဲ"အရမ်းလှနေမှာဘဲကွာ" ဟုထုတ်ညည်းမိသည့်အထိ ထိုစဉ်
"ဟေ့ my son ဘယ်သူ့ကို လှတယ် ပြောနေတာတုန်းကွ ဘယ်သူ့ကိုပြောပြော မင်းအမေ မီ့ရဲ့ အလှကိုတော့ မှီမှာ မဟုတ်ဘူးကွ"ဆိုတဲ့ အပြောနဲ့ အတူ အခန်းထဲကို ဝင်လာတဲ့ ကိုယ့်အဖေ..
" Morning Dad!"
" Moring Drew မင်းအမေက နိုးနေပြီဆိုလဲ breakfastစားဖို့ ဆင်းခဲ့တော့တဲ့"
" Roger that! မျက်နှာသစ်ပြီးရင်ဆင်းခဲ့မယ်"
Andrew အောက်ဆင်းလာသောအခါ ထမင်းစားခန်းထဲတွင် ချစ်ကြိုးသွယ် တီတီတာတာ ပြောနေသော အချစ်ငှက်အတွဲကို တွေ့လိုက်ရသည် မနက်တိုင်း တွေ့နေကျ မြင်ကွင်းဖြစ်သည့်အတွက် သိပ်တော့မထူးဆန်း သို့သော် အရပ်၆ပေကျော် ထောင်ထောင်မောင်းမောင်း အင်္ဂလန်နိုင်ငံသားအဖေသည် အရပ်၅ပေစွန်းစွန်းသာရှိ အာရှသူအမေ့ထံ ကပ်ချွဲနေသောမြင်ကွင်းမှာ နဲနဲတော့ ကို့ရို့ကားယားနိုင်လှသည် Drewအခန်းအပြင်မှ ချောင်းတစ်ချက်ဟန့်ကာ သူဆင်းလာပြီဖြစ်ကြောင်း အသိပေးလိုက်သည် သို့သော် အဖေသည်
"ဟာ Third wheel လေးဆင်းလာပါပြီ မီမြင်လား Drewက ကိုယ်တို့ချစ်တာကို မနာလိုနေတာ" ဟုနောက်တော့သည်
"မနာမလိုပါနဲ့သားရယ် သားလဲ နောက်ကျ တွေ့လာမှာပါ" ဟု ကိုယ့်အမေကပါ မီးလောင်ရာလေပင်တော့သည်
ဒါသည်လည်းAndersonတို့နေအိမ်တွင် ဖြစ်နေကျ အဖြစ်အပျက်တစ်ခုဖြစ်သည် မနက်တိုင်း ဘယ်လောက် အလုပ်များများ မိသားစုသုံးယောက် မနက်စာတော့အတူစားဖြစ်အောင် စားကြသည့်အလေ့အထသည် အာရှသူအမေက သူမွေးကတည်းက လုပ်ပေးထားသော အလေ့အကျင့်ဖြစ်သည် ပြီးလျှင်လင်မယားနှစ်ယောက်ပါင်း၍ သူ့အားthird wheel အဖြစ် ခံစားရအောင် ကြင်နာပြလိမ့်မည် ဘယ်သူထင်မလဲ ကမ္ဘာ့ အရှေ့နဲ့အနောက် တစ်နေရာစီမှလူနှစ်ယောက် ဖူးစာပါကာ ချစ်ကျွမ်းဝင်သွားလိမ့်မည်လို့ သူ့အဖေနဲ့အမေရဲ့ love storyကိုကြားတိုင်း ငါလဲအသက်ကြီးအာ့လိုအချစ်မျိုး လိုချင်တယ်ဟူသောစိတ်က ဝင်လာစမြဲ။
YOU ARE READING
I Fell In Love With Philophobic
Romanceငါ့ကို မထားသွားပါနဲ့ ဘယ်သူတွေငါ့ကို ထားသွားသွား မင်းကတော့ ငါ့ဘေးမှာ နေပြီး ငါ့ မသိခဲ့ရတဲ့ ချစ်ခြင်းမေတ္တာရဲ့ အဓိပ္ပာယ်ကို ဖွင့်ဆိုပေးပါ ရှန်ဇေ Start Date 18 November 2019 Unicode + Zawgyi