Unicode
ခဏနေတော့ ရှန် သူ့အခန်းထဲ ပြန်ရောက်လာပြီး အတူတူ cookiesဖုတ်ကြသည်။ အာ့နေ့တစ်နေ့လုံး Drewတစ်ယောက် Mr ရှန်နဲ့ဘဲ အတူတူ အချိန်ဖြုန်းဖြစ်သွားသည်။ ညနေစာအတူစားပြီးတော့
"ကျွန်တော်တို့ ဝိုင်အတူတူသောက်ရင်း ဇာတ်ကားကြည့်ကြမလား ကျွန်တော်ဝိုင် လက်ဆောင်ရထားတာရှိတယ်"
နေပါဦး တစ်နေကုန်လုံးလဲ အတူတူအချိန်ဖြုန်းပြီးပြီလေ ငါဘာလို့ရုပ်ရှင်ကြည့်ဖို့ပါ ပြောနေတာလဲ ပြီးတော့ ဝိုင်ပါသောက်ဦးမယ် ကြာရင် ငါတော့ အလုပ်ပြုတ်မယ် ကိန်းတွေ မြင်နေပြီ အသိစိတ်တစ်ဝက်က သူ့ဘေးက ရှောင်ပြေးချင်သော်လည်း အသိစိတ် တစ်ဝက်က သူ့အနားမှာ နေချင်နေသည်
"အင်း ကောင်းသားဘဲ ကိုယ်လဲ တစ်ယောက်တည်း ပျင်းနေတာနဲ့ အတော်ဘဲ"
"အာ့တာဆို ရှန် ကြိုက်တဲ့ကား ရွေးထားလိုက်လေ ကျွန်တော် ဝိုင် သွားယူလိုက်မယ်"
အံအားသင့်သွားဟန်ဖြင့် သူ့ကို ကြည့်နေသော တစ်ယောက်သောသူကို မြင်မှ ဟာ သွားပြီ မေ့ပြီး ကိုယ်ခေါ်ချင်နေသော နာမည်ကို ခေါ်မိသွားသည်။
"တောင်းပန်ပါတယ် ကျွန်တော်က ဒီအတိုင်း"
"ရပါတယ် မဟုတ်လဲ ကိုယ် မင်းကို ပြောထားသားဘဲ ရှန်လို့ ခေါ်ဖို့ ကိုယ်ကအခု ဝမ်းတောင်သာနေတာ မင်းနဲ့ ပိုရင်းနှီးသလို ခံစားရလို့"
"အာ့ဆို ကျွန်တော် ရှန်လို့ဘဲ ခေါ်မယ်နော်"
"ဒါပေါ့ ကိုယ်တို့က သူငယ်ချင်းတွေဖြစ်နေပြီဘဲ"
Drew ဝိုင်နဲ့ ရုပ်ရှင်ကြည့်ရင်း စားဖို့ popcorn ယူပြီး TVရှေ့ရောက်လာသည်။
"ဘာကားရွေးထားတာလဲ"
"Love Simonတဲ့ ဟိုတစ်နေ့က ဆိုင်မှာအချိန်ပိုင်းလုပ်တဲ့ ကောင်မလေးတွေ ပြောနေတာ ကြားခဲ့တယ် ကောင်းတယ်ဆိုလို့"
ရှန်က ဘာလို့ ဒီကားရွေးတာလဲ သူသိနေလို့များလား ဒါမှမဟုတ် တစ်ကယ်ဘဲ ကောင်မလေးတွေပြောတာကြားလို့လား
"Drew ဘာဖြစ်လို့လဲ ဒီကား မကြိုက်ဘူးလား တစ်ခြားကား ပြောင်းကြည့်မလား"
YOU ARE READING
I Fell In Love With Philophobic
Roman d'amourငါ့ကို မထားသွားပါနဲ့ ဘယ်သူတွေငါ့ကို ထားသွားသွား မင်းကတော့ ငါ့ဘေးမှာ နေပြီး ငါ့ မသိခဲ့ရတဲ့ ချစ်ခြင်းမေတ္တာရဲ့ အဓိပ္ပာယ်ကို ဖွင့်ဆိုပေးပါ ရှန်ဇေ Start Date 18 November 2019 Unicode + Zawgyi