UNICODE
သပ်ရပ်သော အဖြူလွှလွှအခန်းထဲ၌ အသက် ၂၅ဝန်းကျင် အာရှသား ကောင်လေးတစ်ယောက်နှင့် အသက်၄၀အရွယ် ဆရာဝန်ဟုထင်ရသော အမျိူးသားတစ်ယောက် ထိုင်၍ စကားပြောနေကြသည်။
"ကဲ အခုတစ်ခေါက် ရှန့်ကို ကြည့်ရတာ အရင်တစ်ခေါက်ကထက် ပိုလန်းတယ် အခုရက်ပိုင်း အိပ်မပျော်တာရော ဘယ်လို အခြေအနေရှိလဲ။"
ပြောလိုက်သော လူက professional therapist တစ်ယောက်ဖြစ်သော Dr.Collinsပင်ဖြစ်သည်။ ဟုတ်ပေသည်။ အခန်းထဲက နောက်တစ်ယောက်မှာ ရှန် ဖြစ်သည်။
"ခါတိုင်းထက်စာရင်တော့ ပိုပြီး အိပ်ပျော်လာတယ် dr"
"အမြဲတမ်းမက်နေကျ အိပ်မက်ရောမက်သေးလား"
"ခုရက်ပိုင်း မမက်တော့ဘူး"
"အင်း daily lifeမှာ အရင်ကနဲ့မတူဘဲ ဘာတွေပြောင်းလဲသွားလဲ"
"ကျွန်တော် ဆိုင်ဖွင့်တဲ့အချိန်က စပြီး ဆိုင်မှာဘဲ အလုပ်များနေတာ ညလဲ ဆိုင်သိမ်းမှ ပြန်ဖြစ်တယ် ပင်ပန်းလို့လားမသိဘူး ညဆို ဒီရက်ပိုင်း မြန်မြန် အိပ်ပျော်သွားတာများတယ်"
"အင်း ပင်ပန်းလို့လဲ ပါမယ် ဒါဘဲလား တစ်ခြား ပြောင်းလဲတာတွေရော မရှိဘူးလား ဥပမာ သူငယ်ချင်း အသစ်ရတာမျိုး အသစ်အဆန်း တစ်ခုခု စမ်းကြည့်တာမျိုးပေါ့"
"Umm.....တစ်ယောက်တော့ရှိတယ်"
"ဟုတ်လား သု့နာမည်ဘယ်လို ခေါ်လဲ သူနဲ့ ဘယ်လိုတွေ့တာလဲ"
"သူ့နာမည်က Drewတဲ့ ကျွန်တော့်ဆိုင်က chef တစ်ယောက်ဘဲ တိုက်တိုက်ဆိုင်ဆိုင် ကျွန်တော့် ဘေးခန်းကို ပြောင်းလာတာ"
ပြောနေတာရပ်ကာ Dr.Collinsကို ကြည့်လိုက်တော့ သူပြောတာကို ဝင်ရောက်စွက်ဖက်မှုမရှိ စိတ်ဝင်စားမှု အပြည့်ဖြင့် နားထောင်နေသည်ကို တွေ့ရသည်နှင့် ရှန်လဲ ဆက်ပြောရန်အားတက်သွားရာ..
"တော်တော်ခင်ဖို့ကောင်းတယ် ကျွန်တော်ထက်တော့ငယ်မယ်ထင်တယ် သူနဲ့အတူတူရှိရင် ကျွန်တော် သက်တောင့်သက်သာ ဖြစ်တယ်လို့ ခံစားရတယ်ထင်တယ်"
-----------------------
ဒီနေ့တစ်နေ့လုံး ရှန်က သွားစရာရှိတယ်ဆိုပြီး ဆိုင်ကိုမလာပေ။ Drewမှာ တစ်နေ့ကုန်လုံး မတွေ့ရသေးသဖြင့် လွမ်းနေသည်။ ဟိုတစ်နေ့က Eillieနဲ့ ဖုန်းပြောဖြစ်တဲ့ ကိစ္စကိုလဲ တွေးမိသည်။ ရှန့်ကို ဘယ်လိုဆွဲဆောင်ရမလဲ။ အဖြောင့်ကို ကွေးအောင်လေ။
YOU ARE READING
I Fell In Love With Philophobic
Romantikငါ့ကို မထားသွားပါနဲ့ ဘယ်သူတွေငါ့ကို ထားသွားသွား မင်းကတော့ ငါ့ဘေးမှာ နေပြီး ငါ့ မသိခဲ့ရတဲ့ ချစ်ခြင်းမေတ္တာရဲ့ အဓိပ္ပာယ်ကို ဖွင့်ဆိုပေးပါ ရှန်ဇေ Start Date 18 November 2019 Unicode + Zawgyi