အခန်း ၄ - ထူးဆန်းသော ခံစားချက် ( strange feeling)

13 1 2
                                    

Unicode

မနက်ခင်းရဲ့ နေရောင်ခြည်က ခန်းစီးလိုက်ကာကြားမှ ရှန့်မျက်နှာပေါ်သို့ ဖြာကျလာသောကြောင့် ရှန်အိပ်နေရာမှ နိုးထလာသည်။
မျက်လုံးတစ်ချက်ဝေ့ကြည့်အပြီး သူ့အခန်းထဲပြန်ရောက်နေမှန်းသိလိုက်သည်။

"နိုးပြီလား သားရှန်"

"ညက ဦးဒီ လိုက်ပို့တာလား ဦးဒီရော ဒီမှာဘဲ အိပ်တာလား"

"မဟုတ်ဘူး ကိုယ် အခုမှ တစ်ခေါက်ဝင်ကြည့်တာ သားရှန် အဆင်ပြေမပြေ စိတ်ပူလို့ ရုံးမသွားခင် ခဏဝင်ကြည့်တာ Hungoverသက်သာအောင် ပျားရည်အေးအေးလေး ဖျော်ပေးထားတယ် သောက်လိုက်ဦး"

"ကျေးဇူးပါ ဦးဒီ"

"မနေ့ညက ဦးဒီ phဆက်တော့ barကလူက လာခေါ်ခိုင်းတာနဲ့ ကိုယ်လာခေါ်လိုက်တာ ကိုယ်ရောက်တော့ မင်းခေါင်းတောင်မထူးနိုင်တော့ဘူး သားရှန် ကိုယ်သာအချိန်မှီရောက်မလာခဲ့လို့ မကောင်းတဲ့လူတွေနဲ့တွေ့ပြီး တစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ I thought you quit drinking Shen"

"Sorry ကျွန်တော် မနေ့က စိတ်လွတ်သွားပုံဘဲ အဖေ့ကို ပြန်မပြောပါနဲ့ တော်ကြာ ထုတ်ပေးထားတဲ့ လုပ်ပိုင်ခွင့်တွေ ပြန်သိမ်းနေဦးမယ်"

"ဒီတစ်ခေါက်တော့ ကိုယ်လျို့ဝှက်ထားပေးမယ် နောက်တစ်ခေါက်တော့ ဦးဒီအာမမခံဘူး သားရှန် နေရတာ အဆင်မပြေဘူးဆိုရင် Drဆီphဆက်ပြီး နောက်အပတ်ထဲ ရက်ချိန်းယူပေးရမလား"

"ကျွန်တော်အဆင်ပြေပါတယ် ဦးဒီ မစိုးရိမ်ပါနဲ့ နောက်တစ်ခါအာ့လို ထပ်မဖြစ်တော့ပါဘူး"

ရှန်က အဆင်ပြေတယ် ပြောသော်လည်း ဒီပါတစ်ယောက် စိတ်မပူဘဲမနေနိုင် သူနှင့်ဆွေမျိုးမကင်းသော ရှန့်အဖေဆီတွင် အတွင်းရေးမှူးအဖြစ်အလုပ်ဝင်ကတည်းက ဒီကလေးကို စောင့်ရှောက်လာခဲ့ရသည့်အတွက် အသက်က ၁၀နှစ်လောက်သာကွာသော်လည်း သားအရင်းလို ဖြစ်နေသည် ဒီကလေးက စိတ်ထဲရှိတာကို ထုတ်မပြောဘဲ တစ်ယောက်တည်းခံစားတတ်သူမို့ ပိုစိတ်ပူမိသည် ထို့ကြောင့် လိုလိုမယ်မယ် Drဆီphဆက်ပြီး နောက်အပတ်ထဲ ရက်ချိန်းယူပေးလိုက်သည် ရှန့်ကိုတော့ အနားနီးမှ ပြောတော့မည် ကြိုပြောထားလျှင် ဒီကလေးက မသွားဘူးဟု ဂျီနေလိမ့်ဦးမည်။

I Fell In Love With PhilophobicWhere stories live. Discover now