အခန်း ၃ တိုက်ဆိုင်မှု (သို့) ရေစက် (Destiny?)

24 1 0
                                    

UNICODE

ဒီနေ့ အပြင်ဘက်တွင် ရာသီဥတုက ခါတိုင်းထက်သာယာနေတာကြောင့် ဇေတစ်ယောက် လမ်းလျှောက်ထွက်ရန် Apartmentမှထွက်အလာ Elevatorရှေ့၌ ဂျပ်ထူပုံးအကြီးကြီးကို မနိုင်းမနင်းသယ်လာသော ကောင်လေးတစ်ယောက်နဲ့သွားတွေ့သည် ကောင်လေးကြည့်ရသည်မှာ မနိုင်မနင်းသယ်လာရုံမက ရှေ့ကိုလဲ ကောင်းကောင်းမြင်ရပုံမပေါ် တွေးနေရင်းနဲ့ကို ကောင်လေးက သူ့ကို ဝင်တိုက်တော့သည်

" sorryပါ ကျွန်တော် မမြင်လို့ပါ"

ဂျပ်ထူပုံးနောက်က မျက်နှာလေး ဘေးကို ထွက်လာတဲ့အချိန်..

"မင်း williamရဲ့ လက်ထောက် ဟို.. drew?"

"Boss?"

"မင်းကဘယ်လိုလုပ်ဒီရောက်နေတာလဲ"

"ကျွန်တော် ဒီ appartmentကို ပြောင်းလာတာ"

"ကိုယ့်ကို အာ့ပုံးပေး ဘယ်အခန်းကို ပြောင်းလာတာလဲ ဒီအထပ်ကလား"

ပြောပြောဆိုဆိုနဲ့ သူ့ပုံးကို ဆွဲယူသွားသော Boss Drewလဲရပါတယ်လို့ မငြင်းဖြစ်လိုက် သူဒီပုံးကိုသယ်လာတာတော်တော်လေးနေပြီလေ ဒါတောင် တစ်ခြား ပစ္စည်းတွေကို အရင်နေ့ကတည်းက Mommyနဲ့ Daddyက ကူပြီး ပြောင်းပေးထည့်ပေးထားလို့တော်သေးတယ်

"Thank you boss"

"ကိုယ့်ကို ရှန်လို့ဘဲခေါ်ဖို့ ပြောထားတယ်လေ"

"ဟုတ်ကဲ့ Mr ရှန်"

"Mr ရှန်ဆိုတော့လဲ Mr ရှန်ပေါ့ ဒါနဲ့ ကိုယ်မေးတာ မဖြေရသေးဘူးနော်"

"Sorry sorry ကျွန်တော့်အခန်းNoက 44"

"ဟင် အခန်း No 44?"

"ဟုတ် ဘာဖြစ်လို့လဲ Mr ရှန်"

" ကိုယ့်အခန်း Noက 43"

"ဒါဆို.."

"မင်းအခန်းဘေးက အခန်းက ကိုယ့်အခန်းဘဲ"

Mr ရှန်က သူ့အခုလုပ်မယ့် အလုပ်ရဲ့ Bossဖြစ်သည့်အပြင် သူ့ကို အခန်းရှေ့ရောက်တဲ့အထိလိုက်ပို့ပေးတဲ့အတွက် မကောင်းတတ်သည်နှင့်

"Mr ရှန် အထဲဝင်ပါဦး မနက်စာမစားရသေးရင် တစ်ခါတည်းစားသွားပါ့လား "

ဇေလဲ ကောင်လေးရဲ့လက်ရာကို မြည်စမ်းကြည့်ချင်သည်နှင့်

"ဟုတ်ပြီလေ ကိုယ်လဲ မစားရသေးတာနဲ့ အတော်ဘဲ"

I Fell In Love With PhilophobicWhere stories live. Discover now