Unicode
"Tò Gàther"
ဆိုင်ရှေ့ မျက်နှာစာမှာ အုပ်ထားတဲ့ ပိတ်စအနီလေးကို ဖယ်လိုက်တဲ့ အချိန် ပေါ်လာတဲ့ နာမည်...
အတွင်းအပြင် ပြင်ဆင်ထားပုံက ခေတ်ဆန် ဟိတ်ဟန်ကြီးတဲ့ ပုံမျိုးထက် နွေးထွေးသော အငွေ့အသက်ဟန်တွေ ပြည့်နေတဲ့ ပုံစံလေးဖြစ်တာကြောင့် ပေးထားသော နာမည်နဲ့ လိုက်ဖက်ညီနေသည်။Chef Williamက နာမည်ကြီး Hotelကနေ ထွက်ပြီး ဒီမှာ လာလုပ်တော့မယ် ကြားတုန်းက ကိုယ်အံ့သြသွားပြီး မေးဖူးသည် ဘာလို့လဲဆိုပြီး အာ့တုန်းက chefက
"ကိုယ်က ကိုယ့်လက်ရာကို ဟိတ်ကြီးဟန်ကြီးနဲ့ တို့ရုံထိရုံ စားပြတဲ့နေရာမှာထက် တစ်ကယ်ကို မိသားစုတွေ ကိုယ်ချစ်တဲ့သူတွေနဲ့ နွေးနွေးထွေးထွေး ဟန်ဆောင်မှုကင်းကင်းနဲ့ စားသောက်လို့ရတဲ့ နေရာမျိုးမှာဘဲ လုပ်ချင်တယ်"တဲ့ အဲ့ဒီစကားတစ်ခွန်းကြောင့်ဘဲ Drewလဲ Chef williamနောက်ကို လိုက်ခဲ့ခြင်းဖြစ်သည်။ဆိုင်စဖွင့်ကတည်းက Drewအပါအဝင် တစ်ဆိုင်လုံး အလုပ်များနေကြသည်။ Drewကတော့ kitchenထဲမှာမို့ အပြင်က ကိစ္စတွေတော့ သိပ်မသိ အမှာစာတွေ ဆက်တိုက်တက်နေပုံအရတော့ စီးပွားရေးအဆင်ပြေသည်ဟု ပြောရမည် Chef williamနာမည်ကြောင့် လာကြသလို social mediaပေါ်က ကြော်ငြာကြောင့်လာကြတဲ့သူတွေလဲရှိသည်။
Chef Williamက Head chef ပီသစွာ ရောက်လာသမျှ အမှာစာတွေကို မြန်မြန်ဆန်ဆန် ကျွမ်းကျင်စွာ ချက်ပြုတ်ရင်း kitchen crewကိုလဲ ဘယ်သူက ဘာလုပ်တစ်ခါတည်း ညွှန်ကြားနေသည်။ Drewက sous chef (second chef) ဖြစ်တဲ့အတွက် Chef ရဲ့ အမြန်နှုန်းနဲ့အမှီလိုက်နေရသည်။ ည ၁၀ နာရီရောက်လို့ ဆိုင်ပိတ်တော့မှ ဟင်းခနဲ့ သက်ပြင်းချချိန်ရကြရသည်။ တော်သေးသည် အင်္ဂါနေ့တိုင်း ဆိုင်ပိတ်သောကြောင့် တစ်ပတ် တစ်ရက် နားနေရလို့။
ဆိုင်ကနေအိမ်ကို အသွားအလာကို နေ့တိုင်း Mrရှန်က သူ့ကားနဲ့ လိုက်စေသည်။ ဆိုင်ကို Managerခန့်ထားသော်လည်း သူကိုယ်တိုင်အမြဲ ဆိုင်ကိုလာသည်။ ဆိုင်မဖွင့်မီ သန့်ရှင်းရေးကအစ သူကိုယ်တိုင်စစ်ဆေးသည်။ အခုလဲ ဝန်ထမ်းတွေကို မှာနေသည် ဆိုင်တစ်ဆိုင်မှာ သန့်ရှင်းမှုရှိမရှိက အရေးကြီးဆုံးကြောင်း၊ ဘယ်လောက်လက်ရာကောင်းကောင်း သန့်ရှင်းမှုမရှိ ကျန်းမာရေးနဲ့ မညီညွှတ်ရင် ဘယ်သူမှမလာချင်ကြောင်း ပြောနေပြန်သည်။ Mr ရှန်က ဒီrestaurantတစ်ခုလုံးကို သူကိုယ်တိုင် ဒီဇိုင်းဆွဲခဲ့တာလို့ chefက ပြောတော့ Drew အံ့သြမိရသေးသည်။
YOU ARE READING
I Fell In Love With Philophobic
Romanceငါ့ကို မထားသွားပါနဲ့ ဘယ်သူတွေငါ့ကို ထားသွားသွား မင်းကတော့ ငါ့ဘေးမှာ နေပြီး ငါ့ မသိခဲ့ရတဲ့ ချစ်ခြင်းမေတ္တာရဲ့ အဓိပ္ပာယ်ကို ဖွင့်ဆိုပေးပါ ရှန်ဇေ Start Date 18 November 2019 Unicode + Zawgyi