အပိုင်း( ၆၇၆): အသက်လုတိုက်ပွဲ

42 4 0
                                    

ဒဏ္ဍာရီထဲက ဖူရှင်း

စာစဉ်(၄၆)

အပိုင်း( ၆၇၆): အသက်လုတိုက်ပွဲ

ရှီစွမ်းအင်ကိုယ်တိုင်က သဘာဝ၏မျှတသော အစီအစဉ်ပါဝင်သည်။  သူတို့ကား လုံးဝ ကွဲပြားခြားနားသော အဆင့်တစ်ခုတွင်ရှိ၏။ ထို့ကြောင့် စွမ်းအားအမြင့်ဆုံးနိဘယ်ပင်လျှင် ရှီတန်ခိုးရှင်တစ်ယောက်နှင့် ယှဉ်နိုင်စွမ်းမရှိပေ။ ပိုင်လွေလီ နိုဘယ်အဆင့်၏အမြင့်ဆုံးတွင်ရှိနေစဉ်ကပင် သူက အဆင့်အနိမ့်ဆုံးရှီကို အနိုင်ရအောင် ကြံဆောင်နိုင်ခဲ့၏။ ထိုတိုက်ပွဲက သူ့အား တဟုန်ထိုး နာမည်ကျော်ကြားစေခဲ့သည်။ သို့သော်လည်း ယခု ရီဖူရှင်းတို့အုပ်စုက ရှီတန်ခိုးရှင်လေးယောက်နှင့် ယှဉ်ပြိုင်တိုက်ခိုက်ရတော့မည်။ မြန်မြန်ဆန်ဆန်ပင် ရီဖူရှင်းက သူ၏လူဝံဝိညာဉ်၊ ထောင်ကျန်းခန္ဓာတို့ကိုအသက်သွင်းလိုက်၏။ ဧရာမလူဝံကြီးက လေဟာနယ်ထဲဝင့်ကြွားစွာရပ်ကာ ရီဖူရှင်းက ကောင်းကင်ပျက်သုန်းခြင်းနှင်တံကို ဆုပ်ကိုင်သည်တွင် အားကောင်းသော ခုခံခြင်းစွမ်းအားတစ်ခုပေါ်လာသည်။ သူတို့အုပ်စုအား အစစ်အမှန် ကြယ်စုများက ကာကွယ်ထားသလို ကြောက်မက်ဖွယ် ထောင့်ဖြတ်အလင်းတန်းများ ကျဆင်းလာသောအခါတွင်လည်း ကြယ်စင်စုများအား အက်ကွဲရာများသာဖြစ်ပေါ်စေခဲ့၏။ အလင်းတန်းများက ကြယ်များကို ဖျက်ဆီးနိုင်စွမ်းမရှိပေ။

ထိုအခိုက်တွင် ဗာမီလီယန်မီးငှက်က ရုတ်တရက် ဆင်းသက်လာသည်တွင် ကြယ်စုများက တဖန် ဝုန်းခနဲ ပေါက်ကွဲပျက်စီးသွားကြသည်။ သို့သော်လည်း ရီဖူရှင်းက ကောင်းကင်ပျက်သုန်းခြင်းနှင်တံကို မြှောက်လိုက်သည်တွင် နှင်တံက ဧရာမအသွင်ဖြစ်သွားပြီး ကောင်းကင်ကို ဖုံးအုပ်သွား၏။ နှင်တံက ကောင်းကင်ထံသို့ ကြောက်မက်ဖွယ် ဖျက်ဆီးအားကို သယ်ဆောင်ကာ ရိုက်နှက်တိုက်ခိုက်သည်။

ကျယ်လောင်စွာ မြည်ဟီးသံနှင့်အတူ ဖျက်ဆီးအားက လေဟာနယ်ကို ခွင်းကာ ဗာမီလီယန်မီးငှက်ကို အစိတ်စိတ်အပိုင်းပိုင်းဖြစ်စေ၏။ သို့သော်လည်း ပိုမိုပြင်းထန်အားကောင်းသော စွမ်းအားတစ်ခုက ကောင်းကင်မှ ဆင်းသက်လာကာ အရာခပ်သိမ်းကို ပျက်စီးခြင်းပုံရိပ်အဖြစ်ပြောင်းလဲစေတော့မည်ထင်ရ၏။

ဒဏ္ဍာရီထဲက ဖူရှင်း အပိုင်း ၆၅၇ မှ ၇၆၀ထိDonde viven las historias. Descúbrelo ahora