အပိုင်း (၇၄၉): ပါရမီရှင်နှစ်ယောက်၏တွေ့ဆုံခြင်

40 3 0
                                    

ဒဏ္ဍာရီထဲက ဖူရှင်း

စာစဉ်(၅၁)

အပိုင်း (၇၄၉): ပါရမီရှင်နှစ်ယောက်၏တွေ့ဆုံခြင်း

လီခိုင်ရှင်းနှင့် တခြားလူများက ထိုနေရာတွင်ပင် ဆက်စောင့်နေကြသည်။ ကျောက်စီရီနှင့် တခြားလူများကလည်း ရီဖူရှင်းတို့အဖွဲ့ထွက်သွားသည်ကို ကြည့်နေကြ၏။ ရီဖူရှင်းကား နတ်နဂါးကစားပွဲကို လျူကျောင်းနှင့် ပြိုင်တူယှဉ်ပြိုင်မိခြင်းကား အလွန်ကံဆိုးသောအချက်ဖြစ်သည်။ အကယ်၍ လျူကျောင်းသာ မရှိလျှင် စစ်တုရင်ရှန့်ထို၏အမွေအား ရီဖူရှင်းကသာ ဆက်ခံရပေလိမ့်မည်။

စစ်တုရင်ရှန့်ထိုက လျူကျောင်းအား ကြည့်သည်… “ လျူကျောင်း… မင်းက ရှီဟွာတောင်က ရှန့်ထိုသုံးပါးရဲ့ တပည့်ပဲ.. အခု မင်းက စစ်တုရင်ကျေးရွာကို ရောက်လာတယ်… ငါက တကယ်တမ်း ဒီမှာ ရှိမနေဘူးဆိုတာ မင်းသိလိမ့်မယ်… ”

“ အမှန်ပါပဲ… ” လျူကျောင်းကလည်း ခေါင်းညိတ်ကာ ပြောသည်… “ ဆရာ့ဆီက ကြားရသလောက် စီနီယာက အဲ့ဒီနေရာကို ထွက်သွားခဲ့ပြီး အခုထိ ပြန်မလာနိုင်သေးဘူး… ”

“ အမှန်ပဲ…” စစ်တုရင်ရှန့်ထိုက ခေါင်းညိတ်သည်… “ အခုထိ ငါ့ရုပ်ခန္ဓာက အဲဒီမှာ ပိတ်လှောင်မိနေတုန်းပဲ… ”

လျူကျောင်းက သူ့ရှေ့မှ ရုပ်တုအလားလူကို ကြည့်သည်။ စစ်တုရင်ရှန့်ထိုကဲ့သို့သူပင်လျှင် ထိုနေရာတွင် ပိတ်လှောင်ခံရမည်ဟု သူမထင်ထားပေ။ ထိုနေရာက ကောလာဟလများအတိုင်းပင် အလွန်ကြောက်မက်ဖွယ်ကောင်းလွန်းလှပေသည်။ သို့တိုင်အောင် သူကလည်း အနှေးနှင့်အမြန် ထိုနေရာကို အပိုင်စိုးရရပေမည်။

“ ငါ့ရဲ့ ပညာအမွေတွေကို မင်းဆီလက်ဆင့်ကမ်းပေးခဲ့မယ်… ဒီနေ့ကစပြီး ငါ့တပည့်ကိုးယောက်ကလည်း မင်းကိုကူညီကြလိမ့်မယ်… မင်းက စစ်တုရင်ကျေးရွာက ကြွယ်ဝမှုတွေကို သင့်တော်သလို အသုံးချနိုင်တယ်… ” စစ်တုရင်ရှန့်ထိုက ပြောသည်တွင် လျူကျောင်းကလည်း ဘာကိုဆိုလိုသည်ကို နားလည်သည်။

စစ်တုရင်ရှန့်ထိုက တခြားကိစ္စရပ်များအား ပြောဆိုဆွေးနွေးကာ ထိုအထဲတွင် ရန်ရှောင်တို့အတွက် ညွန်ကြားချက်များလည်း ပါဝင်ကြသည်။

ဒဏ္ဍာရီထဲက ဖူရှင်း အပိုင်း ၆၅၇ မှ ၇၆၀ထိTempat cerita menjadi hidup. Temukan sekarang