အပိုင်း (၇၂၃): အရှေ့မြေရိုင်းဒေသကို ပြန်ခြင်း

51 3 0
                                    

ဒဏ္ဍာရီထဲက ဖူရှင်း

စာစဉ်(၄၉)

အပိုင်း (၇၂၃): အရှေ့မြေရိုင်းဒေသကို ပြန်ခြင်း

“ နှစ်ပေါင်းများစွာ ကြာတဲ့အထိ မြေရိုင်းပြည်နယ်က မရေမတွက်နိုင်တဲ့ ပါရမီရှင်တွေဟာ ရှန့်ထိုအဆင့်ကို တက်လှမ်းရာခရီးကြမ်းမှာ သေဆုံးခဲ့ကြရတယ်.. မြေရိုင်းပြည်နယ်က ဒီရည်မှန်းချက်ကို ပြည့်မှီဖို့ရာမှာ မျှော်လင့်အချက် အနည်းဆုံးပဲ… ဒါကြောင့်ပဲ​ငါတို့က အကြီးမားဆုံး ဆုံးရှုံးမှုတွေကို ကြုံတွေ့ခဲ့ရတယ်… ဒါကြောင့်ပဲ ငါက ပိုင်လွေလီအပေါ်မှာ မျှော်လင့်ချက်တွေ ပုံအောခဲ့မိပြီး မဖြစ်သင့်တာတွေ ဖြစ်လာခဲ့တာပဲ… ဒါပေမဲ့ တစ်နေ့မှာတော့ မြေရိုင်းပြည်နယ်က တခြားပြည်နယ်တွေလိုပဲ တူညီတဲ့ အဆင့်အတန်းတစ်ခုမှာ တည်တည်တံ့တံ့ ရပ်တည်နိုင်ဖို့ ငါမျှော်လင့်တယ်… ဒီလိုဖြစ်ဖို့ဆိုရင်လည်း ရှန့်ထိုတန်ခိုးရှင်တစ်ပါး မွေးဖွားဖို့ လိုကိုလိုအပ်တယ်… ရှန့်ထိုတန်ခိုးရှင်ရှိမလည်း တော်ဝင်ကျဲနန်းတော်က ပိုမိုကြီးမားတဲ့ အောင်မြင်မှုတွေကို ရလိမ့်မယ်… 

“ ငါ မသေဆုံးခင် မြေရိုင်းပြည်နယ်မှာ ရှန့်ထိုတစ်ပါး မွေးဖွားလာဖို့ကို အမြဲတမ်း စိတ်ကူးယဉ်ခဲ့တယ်… ဒါကြောင့် ငါ့ယုံကြည်ချက်ကိုပဲ​ ခိုင်ခိုင်မာမာ ဆုပ်ကိုင်ခဲ့မိတယ်… အခု ငါက အဲ့လို နေ့ရက်ဖြစ်လာမှာကို ဘယ်တော့မှ​မြင်ရမှာ မဟုတ်တော့ဘူး… ဒါပေမဲ့ မြေရိုင်းပြည်နယ်ကို တခြားပြည်နယ်တွေက သိမ်းယူသွားမှာကိုလည်း ငါမမြင်ချင်ဘူး… အဲလိုသာဖြစ်သွားလို့ မြေရိုင်းပြည်နယ်မှာ မင်းလိုလူပေါ်ထွက်လာခဲ့ရင် မင်းက ပြောင်းလဲဖို့ ပိုပြီးတောင် ခက်ခဲလိမ့်မယ်…” ချွန်ရန်က ဆက်ပြောသည်… “ တကယ်လို့ မြေရိုင်းပြည်နယ်မှာ ရှန့်ထိုတစ်ပါးရှိခဲ့ရင် ဒါတွေ တစ်ခုမှ ဖြစ်လာမှာ မဟုတ်ဘူး… မင်းကို ရှန့်ထိုတန်ခိုးရှင်က တွေ့ပြီးတော့ သူ့လက်အောက်မှာ လေ့ကျင့်ခွင့်ရမယ်… ပိုင်လွေလီကလည်း မင်းနဲ့အတူ လေ့ကျင့်ဖြစ်လိမ့်မယ်… မြေရိုင်းပြည်နယ်က ပါရမီရှင်တွေက တခြားပြည်နယ်တွေအထိ နာမည်ကျော်ကြားမယ်… ဒါတွေ ဖြစ်မလာတာ ငါ့အမှားပဲ… ဒါတွေ ဖြစ်လာမှာကိုလည်း ငါဘယ်တော့မှ မြင်ရမှာ မဟုတ်တော့ဘူး… ဒါပေမဲ့ ငါ့အိပ်မက်တွေကို မင်းက ပြည့်မှီအောင် အကောင်အထည်ဖော်နိုင်လိမ့်မယ်လို့ ငါယုံကြည်တယ်… ”

ဒဏ္ဍာရီထဲက ဖူရှင်း အပိုင်း ၆၅၇ မှ ၇၆၀ထိWhere stories live. Discover now