အပိုင်း(၇၃၄): စစ်တုရင်ကစားခြင်းကို သင်ယူခြင်း

40 4 0
                                    

ဒဏ္ဍာရီထဲက ဖူရှင်း

စာစဉ်(၅၀)

အပိုင်း(၇၃၄): စစ်တုရင်ကစားခြင်းကို သင်ယူခြင်း

တစ်ဘက်က အဘိုးအိုက ရီဖူရှင်း၏ရွှေ့ကွက်ကို မြင်သည်တွင် မျက်မှောင်ကြုတ်လိုက်သည်။ သို့သော်လည်း သူက လက်ဝှေ့ယမ်းကာ နောက်တစ်ကွက်အား ရွှေ့လိုက်သည်။ သူက တစ်ဘက်လူ၏အခင်းအကျင်းထက် မိမိ၏အခင်းအကျင်းကိုသာ ခိုင်မာကျစ်လျစ်အောင် စတင်တည်ဆောက်သည်။ ရီဖူရှင်းက မည်သို့ ရွှေ့ပါစေ နောက်ဆုံးရလဒ်က အတူတူဖြစ်ပေလိမ့်မည်။

ရီဖူရှင်းက သူ့ထက် အဆင့်အတန်းမြင့်မားသောပညာဖြင့် ကစားခြင်းမဟုတ်လျှင် ရီဖူရှင်းက သူ၏ကစားကွက်ကို ဖြိုဖျက်နိုင်မည်မဟုတ်သည်မှာ သေချာသည်။

ဝမ်ရှင်းက ဘာမှ မပြောရာ ရီဖူရှင်းကလည်း သူ့စိတ်ရှိသည့်နေရာကို အရုပ်ချသည်။ သို့သော်လည်း သူ့အပေါ် တဖြည်းဖြည်းဆင်းသက်လာသော ဖိအားများကို စတင်ခံစားလာရသည်။ ထိုဖိအားက စစ်တုရင်ခုံမှ လာခြင်းဖြစ်ကာ တစ်ဘက်ကစားကွက်က အင်အားများစတင်စုစည်းလာသည်ကို ခံစားနေရသည်။ တစ်ဘက်လူက တစ်ကွက်ရွှေ့လိုက်တိုင်း အင်အားက ပိုမိုကြီးမားလာသည်။

ရီဖူရှင်းက လွတ်လပ်ခြင်းကျင့်စဉ်ကို အသက်သွင်းလိုက်ကာ ကစားကွက်ကို ကြည့်သည်။ သူကား ကစားပွဲကို ကစားနေသည်နှင့်မတူတော့ဘဲ ကစားကွက်ထဲတွင်ပိတ်လှောင်ခံထားရသလို ခံစားရသည်။ လောကဓာတ်များက သူ့အား ချုပ်နှောင်ကြသည်။ ထိုအရာက ကောင်းကင်မှ ဆင်းသက်လာသောအရာဖြစ်ကာ သူ့ခန္ဓာကိုယ်ကို တိုက်ရိုက်သက်ရောက်သည်။ ထိုသို့သောဖိအားအောက်တွင် ကစားသမားက စိတ်စွမ်းအားကိုလည်း မှန်ကန်စွာ အသုံးချရသလို ကစားပွဲကိုလည်း ကောင်းကောင်းအာရုံစိုက်ရရာ အမှန်ပင် ခက်ခဲသောအလုပ်ဖြစ်ပေသည်။

ရီဖူရှင်းက ကစားပွဲထဲမှ ထူးဆန်းသော ခံစားချက်ကို စတင်နှိုက်ရှိုက်သဘောကျလာတော့သည်။ သည်အရာ စစ်တုရင်ကစားကွက်တဲ့လား...။ သည်ခံစားချက်က သူ့အတွက် အသစ်အဆန်းဖြစ်နေသည်။

သူက ဝမ်ရှင်း၏လမ်းညွန်မှုကို မစောင့်ဆိုင်းတော့ဘဲ လက်ဝှေ့ယမ်းကာ ကြယ်တာရာလောကဓာတ်ဖြင့် နောက်ထပ် အရုပ်တစ်ခုအား ချလိုက်သည်။ သူက ဝမ်ရှင်း၏ညွန်ကြားချက်ဖြင့်မဟုတ်တော့ဘဲ​ မိမိကိုယ်ပိုင်ကစားကွက်ကို စတင်တည်ဆောက်သည်။ လွတ်လပ်ခြင်းကျင့်စဉ်ဖြင့် သူကား တစ်ဘက်လူ၏အင်အားအထောက်အပံ့လာရာလမ်းကြောင်းများကို မြင်နိုင်စွမ်းရှိကာ ထိုအရာများအား စတင်ဖြတ်တောက်ရန် ကြိုးစားသည်။ ဤတွင် တစ်ဘက်လူက ခိုင်မာသော ဝင်္ကပါကို တည်ဆောက်ပြီး ရီဖူရှင်းက တစ်ဘက်လူ၏ဝင်္ကပါကို စတင်တိုက်ခိုက်ဖျက်ဆီးသော တိုက်ပွဲတစ်ခုဖြစ်လာသည်။ ရီဖူရှင်းကား အမှန်ပင် စစ်တုရင်ကစားပွဲတစ်ခုကို ကစားနေသည်။

ဒဏ္ဍာရီထဲက ဖူရှင်း အပိုင်း ၆၅၇ မှ ၇၆၀ထိDonde viven las historias. Descúbrelo ahora