ဒဏ္ဍာရီထဲက ဖူရှင်း
စာစဉ်(၄၇)
အပိုင်း (၆၈၃): နဂါးပတ်တောင်တွင် ဖမ်းဆီးခြင်း
လျူချန်း၊ ရှီတန်ခိုးရှင်ထျန်ရှင်းနှင့် ကျိရှမ်းကမ်းပါးမှ တန်ခိုးရှင်များက နန်းတော်ထဲကို ဝင်လာကြသည်။ တစ်ဘက်အုပ်စုက နန်းတော်ထဲကို ရိုင်းစိုင်းသည့်ပုံစံဖြင့်ဝင်လာသည့်တိုင် ယွီပြည်နယ်တွင် ရှန့်ထိုပိုင်ဆိုင်ခြင်းက မြေရိုင်းပြည်နယ်ထက် မြင့်မားသည့်အဆင့်အတန်းကို ဖော်ပြနေရာ မည်သို့မှ မတတ်နိုင်ဘဲ ဂုဏ်သရေရှိ ဧည့်သည်များအဖြစ် လက်ခံရပေတော့သည်။
“ ခင်ဗျားတို့က မြေရိုင်းပြည်နယ်ကို ဘာလို့ လာခဲ့ကြတာလဲ… ” လျူချန်းက မေးသည်။
“ နန်းတော်သခင်လျူ… ပြီးခဲ့တဲ့ ရက်ပိုင်းက ကျူးကော့မိသားစုမှာ ဖြစ်ခဲ့တာကို ခင်ဗျားကြားမိမှာပေါ့… ကျူးကော့မိသားစုခေါင်းဆောင်ကလည်း တော်ဝင်ကျဲနန်းတော်လက်ထွက်ဖြစ်တယ်ဆိုတာ ကျုပ်ကြားတယ်… ခင်ဗျားက ဒီကိစ္စကို ကူညီဖြေရှင်းပေးစေလိုပါတယ်… ” ကျန်းရှာက ပြောသည်။
“ မင်းက ဂူတုံးလျိုကို ဆိုလိုတာလား…” လျူချန်းက မေးသည်း။
“ အမှန်ပဲ… ” ကျန်းရှာက ခေါင်းညိတ်သည်… “ လွန်ခဲ့တဲ့တစ်နှစ်က ရှန့်ထိုအကြွင်းအကျန်တစ်ခုကို ကျုပ်တွေ့တယ်… လျို့ဝှက်နေရာတစ်ချို့က အန္တရာယ်လည်းများတယ်… ဒါကြောင့် ကျုပ်က ရှီတန်ခိုးရှင်တွေ အများကြီးကို ဒီခရီးအတွက် ဖိတ်ခေါ်ခဲ့တယ်… အများစုက ယွီပြည်နယ် နာမည်ကျော်ကလန်က လူတွေပဲ… ဂူတုံးလျိုက ထက်မြက်တဲ့လူတစ်ယောက်ဆိုတာကို ကျုပ်က သတိထားမိတာကြောင့် သူ့ကို ဒီခရီးမှာ လိုက်ပါဖို့ ဖိတ်ခေါ်ခဲ့တယ်… အကြွင်းအကျန်နယ်မြေမှာ ရတနာတစ်ခုခုကို ရရှိခဲ့ရင် လက်ဝယ်ရတဲ့လူ ပိုင်ဆိုင်မယ်ဆိုတာကိုလည်း ကြိုပြီး သဘောတူညီထားကြတယ်… ဒါပေမဲ့ ကျုပ်က လူတစ်ယောက်ရဲ့ လောဘကို လျှော့တွက်မိခဲ့တယ်… ဂူတုံးလျိုက ကျုပ်တွေ့ခဲ့တဲ့ ရတနာကို လုယက်ခဲ့တဲ့အပြင် တခြားရှီတန်ခိုးရှင်တွေကိုလည်း သွေးဆောင်ဖျားယောင်းပြီးတော့ ထောင်ချောက်အတွင်းကို သက်ဆင်းစေတယ်… ဒါကြောင့် ခရီးကို လိုက်ပါခဲ့တဲ့ တခြား ရှီတန်ခိုးရှင်တွေ အားလုံး သေဆုံးခဲ့ရတယ်… ယွီပြည်နယ်က အင်အားကြီးကလန်တွေအားလုံးက သူလုပ်ခဲ့တဲ့ မကောင်းမှုအတွက် အလိုရှိနေကြတယ်… ယွီပြည်နယ်ကလည်း သူတို့တွေရဲ့ ဒေါသတွေကို ပြေပျောက်စေဖို့ ဂူတုံးလျိုကို ဖမ်းဆီးအပြစ်ဒဏ်ပေးဖို့ လိုအပ်တယ်… ”
ŞİMDİ OKUDUĞUN
ဒဏ္ဍာရီထဲက ဖူရှင်း အပိုင်း ၆၅၇ မှ ၇၆၀ထိ
Aksiyonမိမိကိုယ်တိုင် ဘာသာပြန်ထားခြင်းမဟုတ်ပါ facebook မှ တဆင့်ပြန်လည်ကူးယူထားခြင်းဖြစ်ပါသည်။