Part -4(Z+U)

381 35 1
                                    

ဆယ်ဟွန်း ခုနက ဖြစ်သွားတဲ့ ကိစ္စ နဲ့ ပတ်သတ်ပီး ဒေါသ ထွက်နေမိသည်။ "အဟက် ငါ့ကိုများ ဆရာ လုပ်သွားသေး၊ သူ လည်း မမြင် လိုက်တာဘဲကို ပြောရင်းကို ဒေါသက ထွက်လာပီ၊ တော်ပီကွာ အိမ် လည်း မပြန်ချင်သေး ဘား ကို လစ်တာဘဲ ကောင်းတယ် နေအူး ၊ DO နဲ့ ဂျူံအင် ကို ဖုန်း ဆက်ခေါ် ရမယ်" ဘားတွင် ခုနက အကြောင်း ပြန်ပြန် တွေးမိကာ ဒေါသ ကထွက်လာရပြန်သည်။ " တော်ပီကွာ မတွေးတာဘဲကောင်းတဲ၊ သောက်ကောင် တစ်ခါတည်း တိုက်သတ်ပစ်ခဲ့ရမှာ " ဒေါသ ထွက်ထွက် ဖြင့် အရှေ့ ကခွက်ကို တစ်ချိုင့်တည်း မော့သောက်ပစ်လိုက်သည်၊ ချီးဘဲ ခါးလိုက်တာ "ဟေး ဒီညတို့ အဖော် လုပ်ပေးရမှာလား ဟွန်း " လှည့်ကြည့်လိုက်တော့ ဆက်စီ ကျကျ ဝတ်ဆင် ထားသော မိန်းခလေးတစ်ယောက် ၊ဝိုင်ခွက်ကို လှုပ်လီလှုပ်လဲ့ လုပ်ကာ စကားပြော ရင်းလျှောက်လာလေသည်။ အဟက် ကျနော်ဆိုတာ နေရင်းထိုင်ရင်း ကို ဆန်းပွင့်နေ သူတျောက်ပါဆို၊ဒါပေမဲ့ အခုက ကျနော ဒေါသထွက်နေမိတဲ့ အတွက်စိတ်မပါပါ"sorry ကိုယ် စိတ်မပါဘူး ၊ဒါနဲ့. ကျနော့နာမည် ဘယ်လို သိတာလဲ" "ဒါများ ဟွန်းရယ် ရှင့်လို လူတျောက် ကို သိတာ ဘာဆန်းလို့ လဲမုတ်ဘူးလား" ပြောပြောဆိုဆို ကောင်မလေးက ဆယ်ဟွန်းဘေးတွင် ဝင်ထိုင်လိုက် သည် ။ ဟုတ်ပါသည်လေ ကျနော်ဆိုတာ အဲ့လို နာမည်ကြီးဘဲဥစ္စာ "ဟေ့ ဆယ်ဟွန်း " ဂျူံအင် နဲ့ DO နဲ့ က. လက်လှမ်း ပြရင်းကျနော့ဆီကို စမတ်ကျကျ လျှောက်လာနေကြသည်။ "ရှင့် သူငယ်ချင်းတွေလား၊ အဲ့ဒါဆိုရင် ကျမ သွားလိုက်ပါအူးမယ် ၊အဖော်လိုရင်တော့ ခေါ်လိုက်ပါနော် "ပြောရင်း ဆက်စီ ကျကျ ထွက်သွားသည်။ "ဟေ့ကောင် ဆယ်ဟွန်း ဘားကိုများ မင်း အိမ် ထင်နေတာလား ဟမ် ၊everကို လာနေတော့တာဘဲ" "ဟာ အိမ်ဆိုရင် တော့ ငါဒီထဲကကို ထွက်မှာ မုတ်ဘူး " "လဒ ငါလုပ်ထည့်လိုက်ရလို့ ၊ပြော ငါတို့နှစ်ယောက်ကို ဖုန်း ဆက် ခေါ်ရတဲ့ အကြောင်းအရင်း" "ဟာ မင်းတို့ ကလည်း အကြောင်း ရှိမှ ခေါ်ရမလား ၊ပြေးကြည့်လိုမှ သူငယ်ချင်း ဆိုလို့ ဒီသုံး ယောက်ဘဲ ရှိတာကို " "ဟာ အဲဒါတော့ ငါတို့ သိတာပေါ့၊ဒါပေမဲ့ အိမ်ပြန်နောက်ကျနေလို့ ငါ့ Daddy ကြီးက ပွားနေလို့ ငြိမ်နေရတာ" "အေးပါ ဟုတ်ပါပီ ကွာ ၊ငါလည်း အစောတုန်းက ဂိမ်းဆိုင်က သူငယ်ချင်း တွေနဲ့လမ်းခွဲပီးမေမေကစောစောပြန်ခဲ့ဆိုလို့ ၊ပြန်မလို့ဟာကို" "အဲ့ဒါနဲ့ ဒီရောက်လာတယ်ပေါ့ဟုတ်လား ဆယ်ဟွန်း "DOက ဘုကြည့်ကြည့်ပီး မေးလိုက်သည်။ "ဟာ မဟုတ်ပါဘူး လမ်း မှာကွာ ချွဲမီနဲ့ဖုန်းပြောနေတုန်း "ဆယ်ဟွန်း ဖြစ်လာသမျှ ကို မခံစားနိုင်၍ ပြန် ပြောပြမိသည်။ "ဆိုတော့ မင်းက ဒီအကြောင်းပြောချင်လို့ ခေါ်လိုက်တာပေါ့ " "အဟီး ဟုတ်တယ် ငါလည်း အခုမှဘဲ စိတ်ပေါ့သွားတော့တယ်" "အဲဒါဆို မင်းက ကောင်လေးတျောက်ရဲ့ ပြောဆိုမှုကို ခံလာရတာပေါ့ အဟက် ဟား " "ငါ့ကို ဟာသမလုပ်နဲ့ဗျ၊ သူ့ကို ငါဒီအတိုင်းဆို တစ်ခုခု လုပ်မိမှာ ၊ ခြေထောက်က နည်းနည်း ခိုင်းမိသွားလို့ မလုပ်လိုက်တာ" "မင်းက မလုပ်လိုက်တာ သနားလို့ ဟုတ်လား အဟက် ၊ဘယ်တုန်းကမှ အချေ မပြတ်တဲ့ရုပ်နဲ့ တစ်ခါထိရင်နှစ်ခါလောက်ပြန်လုပ်တဲ့ မင်းလိုလူက " ဟာ လာပီး အံဩပြမနေနဲ့ "ကဲပါ ထားပါတော့ မင်း ချွဲမီ ကို ဘာပြောလိုက်လို့လဲ ၊ ငါ့ဆီကိုဖုန်း ဆက်လာသေးတယ်၊မင်းဒီ အတောအတွင်း ဘာတေပြောင်းလဲနေလဲလို့" "ဟာ ဒီဟာမလေးကတော့ တကယ့်ကို မလွယ်ကြောဘဲ၊မင်းတို့သိတဲ့အတိုင်း ငါက. ဒီအတိုင်းဘဲနေတတ်တာလေ မဟုတ်ဘူး လား ၊ခုနကကိစ္စ ဆို သူ့ကြောင့်မို့လို့ ဖြစ်သွားခဲ့ရတာဘဲ" "ငါတို့ လည်း သိပါတယ်၊ဒါမဲ့ မင်းတွဲတဲ့အထဲ မှာ အဲ့ကောင်မလေးက. အကြာဆုံးဘဲ မုတ်ဘူးလား" "ဟာ အဲဒါ ကလည်း ငါက ပြတ်ချင်နေတာ ကြာလှပီ ၊သူ့ဘက်က လှိုက်ညှိနေလို့ ခုချိန်ထိဖြစ်နေတာ၊သူကဖွင့်ပြောလို့ ငါက စဉ်းစာပေးပီး တွဲမယ်လို့ပြောခဲ့တာ ချစ်တယ်လို့မပြောခဲ့ပါဘူး" "ဒါပေမဲ့ မိန်းခလေးဘက်ကိုနည်းနည်းလေးလောက်စဉ်းစားပေးလေကွာ ၊နောက်ပီး ခုနက မင်းနားထိုင်နေတဲ့တျောက်က ဘယ်သူလဲ အသစ်လား" "မုတ်ပါဘူး သူ့ဘာသာဇာတ်လမ်းလာခင်းတာ၊ငါဘာသာနေတာဘဲ မင်းတို့ကြည့်လေ" ဟုတ်တော့ဟုတ်ပါသည်လေ၊သူကတော်တော်ရယ် မိန်းခလေးတွေကိုက တော်တော်ဖြစ်နေတာ၊ကျနော်သာ မိန်းခလေး ဖြစ်ကြည့် သူ့လိုလူကိုတော့ ကြိုက်တဲ့ထဲကို စဉ်းစားမည်မဟုတ်"ဟေ့ကောင် ဂျူံမဲ ဘာတေစဉ်းနေတာလဲ၊ဒီလာပီး လဒ မှိုင် မှိုင်မနေ့နဲ့" "ခေါ်ပြန်ပီဒီနာမည် မင်းကတော့လား" "DO. မင်းကလည်း ငါခေါ်ရင်တစ်ခါတည်း မလာဘူး သူ့ ဂျူံအင်လေးပါမေးလိုက်သေး" "ရား ဘယ်လိုကြီးပြောနေတာလဲ၊ ငါတျောက်ထဲဆို မင်းရစ်တာမခံနိုင်မယ်ဆိုးလို့ " "အော အော် အဲ့ဒါဆို မျှဝေခံစားမယ်ပေါ့" "ရား အို့ ဆယ်ဟွန်း " "ဟာ ဆယ်ဟွန်း ရာ မစပါနဲ့ဆို သူ့ကို" "ဟုတ်ပါပီ ကွာ ဖြစ်ပျတ်နေလိုက်တာ" "အေး ပြန် ကြစို့ ငါဒီနေ့ နောက်ကျ လို့ မဖြစ်ဘူး ၊ငါ့ဒယ်ဒီ ဗျင်းလိမ့်မယ်" "ဟုတ်တယ် ငါရောဘဲ အလုပ်ကိစ္စ ရှိသေးတေ. အိမ်မှာလုပ်ဖို့ စာရင်းတွေ" "မင်း ကို တော့ အလုပ်ကိစ္စနဲ့ပတ်သတ်ပီးအရှုံး ပေးပါတယ်ကွာ" "အေး အဲ့ လိုလဲ ပေးအူးမှ၊ ကဲပါ ပြန်ကြစို့ ငါတို့ ကျောင်းဖွင့်မှတေါ့မှဘဲတွေ့ကြရအောင်" "အင်း အဲ့ဒါဆို ငါအရင်သွားနှင့်ပီ လင်လင်နှစ်ယောက်" ပြောပီး ဆယ်ဟွန်း ပြေးထွက်လာလိုက်သည်။ "ရား ဒီကောင်ကတော့သွားမှာ ကို ငြှောင့်သွားသေးတယ်" "အဲ့ဒါဆို ငါတို့လည်းသွားကြရအောင်" နှစ်ယောက်သား ဆယ်ဟွန်း အပြောကြောင့် ဂုတ်ကိုအကြောင်းမဲ့ပွတ်သူနဲ့ ခေါင်းကိုအကြောင်းမဲ့ပွတ်သူတို့ဟာ ဘားထဲမှခက်သုတ်သုတ် ထွက်သွားကြတော့သည်။ 4️⃣4️⃣4️⃣4️⃣4️⃣4️⃣4️⃣4️⃣4️⃣4️⃣ ဆယ်ဟွန်း ဘားမှ အနည်းငယ်ဘဲသောက်ခဲ့တာဆိုတော့ ကိုယ့်ဟန်ကို ထိန်းနိုင်သည်။ လေလေးတချွန်ချွန်နဲ့ကားသော့လေးကိုဝှေ့ ယမ်းကာ အိနြေ္ဒ မပြတ်ဝင်လာခဲ့ရာမှ ဖေဖေ အသံကြောင့် လှမ်း နေသောခြေထောက်တောင် လေထဲတွင် ရပ်တန့်သွားသည်။ "ဆယ်ဟွန်း ဖေဖေ ပြောစရာရှိလို့ ခနလာထိုင်အူး" "အာ ဟုတ်ကဲ့ ဖေဖေ" " သား မနေ့ ညက မူးပီးပြန် လာတာသားသိတေနော်" "အာ ဟုတ်ကဲ့ သားသိပါတယ် ၊နောက် တစ်ခါ မဖြစ်စေရပါဘူး ၊ သား တောင်းပန်ပါတယ် " "အင်း ဟုတ်ပါပီ သားအပြစ် သားသိရင်၊ အဲ့လို ပုံစံမျိုး နောက်ထပ် မဖြစ်စေနဲ့ " "ဟုတ်ကဲ့ " "နောက်ပီး အလောင်းကစား အလုပ်တေကိုလဲ ရပ်တန်းကရပ်ပါ" "ဖေဖေ သား အနောက်ကို လူလွှတ်ထားပြန်ပီလား" "အင်း ဟုတ်တယ် ၊ မင်း သူငယ်ချင်း တွေ မေးလည်းဖြေမှာ မဟုတ်လို့၊ နောက်ပီး မိန်းခလေး ကိစ္စ တွေနဲ့ လည်း ကင်းကင်းရှင်းရှင်း နေပါ" "ဖေဖေ သား လွတ်လွတ်လပ်လပ်ဘဲ နေချင်တယ် အဲ့လိုမျိုး တွေ မလုပ်ပါနဲ့" "အဲ့လို မလုပ်စေချင်ရင် အကုန်လုံး ကင်းအောင်နေလေ၊နောက်ပီး မင်းက ကျောင်းပီးရင် ဖေဖေ့ ကုမ္ပဏီ မှာ အောက်ခြေ ကစ သင်ရမှာ အဲ့အတွက်လည်း ကြိုတင် ပြင်ဆင်ထားပါ" "ဖေဖေ. သားက. ကုမ္ပဏီမှာ အောက်ခြေ ကနေ ဝင်လုပ်လို့ တင့်တယ်ပါ့မလား ဖေဖေ စဉ်းစားပါအူး" "ငါက ဘာကို စဉ်းစားရမှာလဲ ၊လူကြီးက ကောင်းတယ်ထင်လို့ စီစဉ်တာ ၊ CEO သားဆိုပီး ဘာပညာ အရည်အချင်းမှမရှိ ဘဲ အမြင့်တစ်ခါတည်း မတက်ချင်နဲ့၊ အခြေမခိုင်သရွေ့ ပြန်ပြုတ်ကျမှာဘဲ" " ဟာဖေဖေကလည်း သား စီးပွားရေးနဲ့ပတ်သတ်တဲ့နိုင်ငံတကာက လက်မှတ် တေ အကုန် ယူထား ပီးပီလေ၊ဒီတစ်ခု ဘဲ ကျန်တော့တာ ကို ဘာလို့ နေရာကောင်း မပေးရတာလဲ" ဟုတ်ပါသည်၊သူက အတန်းထဲတွင် အကြီးဆုံး ဖြစ်လောက်ပါလိမ့်မည်၊ဘာလို့ဆို ငယ်ငယ်ရွယ်ရွယ်နဲ့ ဘွဲ့တွေများစွာကို ယူထားပီး ၊တက္ကသိုလ် ကို အသက် နှစ်ဆယ် ကျော်လောက်မှ စတက်ရ သောကြောင့်ဖြစ်သည်၊သူ့ရဲ့ ငယ်ရွယ်နုပျိုမှုကြောင့်သာ သူ့ အတန်းဖော်များက ရွယ်တူတွေ လို့ ထင်လိမ့်မည်။ သူကလည်း သူ့အသက်အရွယ်ကို ဘယ်တော့မှ ထုတ်ပြောလေ့မရှိ ၊ "ဟာ မင်းဘွဲ့တွေ ရတယ်ဆိုပေမဲ့ စာတွေ့တေဘဲလေ၊ လက်တွေ့မှ မလုပ်ရသေး ဘဲ " "ဟာ ဖေဖေ ကလည်းဗျာ " "ဖေဖေ ကလည်း ဗျာ မနေနဲ့၊ ငါ့ခိုင်းတဲ့ အတိုင်း သာလုပ်ပါ အို့ဆယ်ဟွန်း၊ နောက်ပီး မင်းမှာ တကယ်ချစ်ရမယ့် သူတွေ ဘာတွေရှိနေပီလား" "မရှိပါဘူး ဘာလို့လဲ " "အေး မင်း ကို ခြေငြိမ်အောင် ယောကျာ်း ပေးစားမလို့" "ဟာ ဖေဖေ. ကလည်း လာနောက်နေတယ် အဟက် " "ငါက မင်းကို ဘာလို့နောက်ကမှာလည်း အတည်ပြောနေတာ " "ဟာ ဖေဖေ ကလဲဗျာ သားကို ဘယ်လို တောင်ပြောလိုက်တာလဲ၊သား မယူနိုင်ဘူး ဖေဖေ စိတ်လည်း မဝင်စားဘူး " " အဟက် စိတ်မဝင်စားဘူး ဟုတ်လား မိန်းမတော့ပွေတက်တယ်" ဆယ်ဟွန်း မှန်နေတော့လည်း ငြိမ်နေရသည်။ "အေး ငါမင်းကို အတင်းမတိုက်တွန်းဘူး " ဆယ်ဟွန်း ထိုစကားကြားရ၍ အလွန်ပင် ဝမ်းသာသွားရသည်၊ဖေဖေ့ရဲ့နောက်ဆက်တွဲ စကားကြောင့် အပျော်တွေပင် ကြက်ပျောက်ငှက်ပျောက် "မင်း ချစ်တဲ့သူ ကို ခေါ်လာရင်" "ဟာ ဖေဖေ " "မင်း တို့ ကျောင်း ဖွင့် ပီး နောက်တစ်ပတ်လောက်နေရင် သူတို့ကို အိမ် ထမင်းစားဖိတ်ထားတယ်၊အဲ့နေ့ကျ အပြင်မသွားနဲ့ " "ဟာ အဝေးကြီး လိုသေးတာကို ~ကို" ဖေဖေ့ ရဲ့ အကြည့်ကြောင့် ပြောစရာများပင် ပြန် ဝင်သွားရသည်။ "ဟုတ်ကဲ့ပါ ဖေဖေ" "အဲ့ ဒါဆို သွားလို့ရပီ " "ဟုတ်ကဲ့ ကောင်းသော ညပါ ဖေဖေ" ဆယ်ဟွန်း ဖေဖေ့ကို မေမေ့ ထက်တောင်ပိုချစ်ပါသည်။ဘာလို့ဆို အလို လိုက်လျှင်လည်း ဖေဖေ ကမေမေ့ထက်သာသည်။ဆုံးမရာတွင်လည်းဩ ဇာအပြည့်ရှိသည်၊ဖေဖေက ဆုံးမတယ်ဆိုတာလည်း တစ်နှစ်မှာ တစ်ကြိမ်၊နှစ်ကြိမ်လောက် သာ ၊ ထိုသို့ စကားများ ကို ကျနော် မလွန်ဆန် နိုင်တာကလည်း မဆန်းဘူး မဟုတ်လား" ဖေဖေ့ နဲ့စကားပြောပီး ကျနော် ဧည့်ခန်းထဲမှ လေးလံ သောခြေထောက်များဖြင့် ထွက်လာခဲ့တော့သည်။ ငါတကယ်ချစ်တဲ့သူကို မှမပြနိုင်ရင် ငါတကယ် ယောကျာ်း ယူရတော့မှာလား ၊ဂျုံအင်ကိုပြောပီး ခုယောက်ျားယူရမဲ့သူက ကိုယ်ဖြစ်နေပီ ၊ သူက DO ကို တကယ်ချစ်လို့ ship ပေးမိတာပါ ၊ငာက ကျ တကယ် မချစ် ဘဲယူရမှာ၊အား ငါတကယ် မသိတော့ဘူး ၊သူတို့ ဟာသ ဝိုင်းလုပ်မှာဘဲ သိတော့တယ် " အဟက် ဝဋ်လည် တယ်ဆို တာဒါမျိုး လား " 4️⃣4️⃣4️⃣4️⃣4️⃣4️⃣4️⃣4️⃣4️⃣4️⃣ 😁လိုရင်း ကို မရောက်😁😘

အတ္တများဖြင့်ဆက်နွယ်ထားသောကြိုးWhere stories live. Discover now