ချန်းယောလ် ကွက်သစ်ဘက်က မြေကွက်ပိုင်ရှင်နဲ့စကားပြောပြီး ညနေပိုင်း ဖေဖေ့ဆီ တစ်ခေါက်သွားကာ နားနေသည့်ဟော်လ်တယ် ဆီသာ ပြန်လာခဲ့သည်။
ချန်းယောလ် တစ်နေကုန်ပင်ပမ်းထားသောကြောင့် ရေချိုးပြီး အိပ်ယာပေါ်တွင် မှောက်လိုက်လှန်လိုက်ဖြင့်သာ လက်တော့ပ် တစ်လုံးနဲ့ အလုပ်လုပ်နေခဲ့သည်။
ဟိုက အလုပ်ကိစ္စများကို ဦးလေးရှင်းနဲ့ ညဥ့်နက်သည်အထိ တိုင်ပင်ပြီး လက်တော့ပ် ကိုပိတ်လိုက်ပြီး အိပ်ယာပေါ် ပစ်လှဲမိတော့ နေ့ခင်းက ဘတ်ခ်ဟွန်း ပြောစကားကို ပြန်ကြားနေမိသည်။
"အားးး ချီးဘဲ စိတ်ရှုပ်လိုက်တာ!!"
ချန်းယောလ် ပါးစပ်က ထုတ်ဆဲရင်း ခေါင်းအုံးကို မျက်နှာပေါ်ဖိကာ ရှုပ်ထွေးမှုကို စိတ်ထဲက အတင်းနှင်ထုတ်ရင်း ~
ဖေဖေ ရဲ့ အရေးပေါ်သတင်းမို့ ချန်းယောလ် မှာ ညဉ့်နက်သည့်တိုင် အိပ်မပျော်တဲ့ကြားက နိုးလာတော့ မျက်နှာ ကမန်းကတမ်းသစ်ပြီး အပေါ်အိင်္ကျီ တစ်ထည်စွတ်ပြီး ကင်ဂျုံဒယ်ကိုခေါ်ကာ ဆေးရုံတန်းပြေးရတော့သည်။
ဆေးရုံရောက်တော့ မေမေနဲ့အိုဆယ်ဟွန်း ပြီးတော့ သူ့ရဲ့သားလေး အပါအဝင် အရေးပေါ်ခန်းအရှေ့ရောက်နှင့်နေကြသည်။
ထိုကလေးက ချန်းယောလ် ကို မြင်တော့ မျက်ရည်တွေနဲ့ အိုဆယ်ဟွန်း အပေါ်က ဆင်းလာသည်။ဆယ်ဟွန်း က သူ့သား ချန်းဟွန်းနီး လေး ချန်းယောလ် ဆီ သွားတာမြင်တော့ အံ့အားသင့်နေပုံ၊အေးလေ သူမှ သူ့သားနဲ့ချန်းယောလ် တွေ့လိုက်တာ ကိုမှ မသိတာ~
"ဦးဦး ချန်းယောလ်,ဒီကို ဘာလာလုပ်တာလဲ?ဖေကြီးကို သိလို့လား?"
ချန်းယောလ် ခေါင်းညိမ့်ပြရင်း အပြုံးနုနုဖြင့်ကလေးခေါင်းကို ချစ်စနိုးဖြင့် ပွတ်လိုက်သည်။ချန်းယောလ် ကလေးလက်ကိုဆွဲလို့ ဆယ်ဟွန်း ဘေး သွားထိုင်လိုက်တော့
"ဦးဦး ဒါက သားသား ဒယ်ဒီလေ~"
ကလေးက ဆယ်ဟွန်း လက်ကို ဆွဲကိုင်လို့ ချန်းယောလ် ကို မိတ်ဆက်ပေးလို့နေသည်။ဒီအခြေနေကြီးက ဘယ်လိုကြီးလဲ နေရကြပ်လိုက်တာ~