"ဆယ်ဟွန်း မင်းအတွက် ရော့ "
ကားအပြင်ဘက် ထွက်ရပ်နေသော ဆယ်ဟွန်း အား ဂျုံအင် ဝယ်လာသော bubble teaနှစ်ခွက်ထဲမှတစ်ခွက်အား ကမ်းပေးလိုက်သည်။
"ဆယ်ဟွန်း မပူဘူးလား အပြင်ဘက် ထွက်ရပ်နေတာ၊ဒါနဲ့ ကင်ချွဲမီ ရော "
"မသိဘူး အစောနကတည်းက ထွက်သွားတာ"
"ဘယ်လိုလဲ အဆင်ပြေသွားရဲ့လား"
"အင်းး"
"အော ဟိုမယ်ကျောင်းကားရော လာနေပီ ၊ဘာလို့များ နောက်ကျနေရတာပါလိမ့်"
"ဒါနဲ့ ဆယ်ဟွန်း ချန်းယောလ် ကို ဘာလို့ အတူမခေါ်လဲ"
ဂျုံအင်ရဲ့ ဘုကြည့်ကြည့် ၍မေးသော စကား ~
"အေးလေ ဒါနဲ့သူက expect car မူးတတ်လား"
ဆယ်ဟွန်း ခေါင်းသာအသာရမ်းပြမိသည်၊အမှန်တကယ်လဲ ချန်းယောလ် နဲ့ပတ်သတ်၍ ချန်းယောလ် အကြောင်း ဘာမှ ရေရေရာရာ သိရတယ်ဆိုတာ တစ်ခုမှ မရှိ ၊စိတ်မဝင်စား တာဆိုပိုမှန်လိမ့်မည် ထင်သည်။
အခုမှ စိုးရိမ်စိတ်တို့က တစ်ရိပ်ရိပ်တိုး လို့~
မနက်က မခေါ်တော့တာလဲ သူ့သူငယ်ချင်းတွေနဲ့ ရွေးရခက်နေမည်စိုးလို့~
"အော လာလေ ချွဲမီ ရော့ ဒါနင့်အတွက်"
"ကျေးဇူးဘဲ ဂျုံအင် ၊အော ဟိုမှာ ကျောင်းကားတောင်ရောက်နေပီဘဲ"
ဆယ်ဟွန်း မှာ သူတို့ပြောနေတာ ဘာမှ အာရုံ မရ ကားဘက်သာ စိတ်ပါဝင်စားစွာ အာရုံ ရောက်နေသည်။
ကား မူးတတ်ရင်တော့ ချန်းယောလ် ပါ သူ နှင့်အတူတစ်ပါတည်း ခေါ်သွား တော့မည်။ချန်းယောလ် အောက်ဆင်း ဆင်းချင်း မနီးမဝေး ရှိကားနားမှာ ဆယ်ဟွန်း တို့ ကို တွေ့လိုက်ရ ၍ ဝမ်းသာစွာ အပြေးသွားမည်ကြံလိုက်ပေမဲ့ ဆယ်ဟွန်း ဘေးနားကချွဲမီကြောင့် ခြေလှမ်း များရပ်တန့်သွားသည်။ဘတ်ဟွန်းနှင့် ရီဖန်လဲ ချန်းယောလ် ကြည့်နေ ရာဆီသို့ ရည်ရွယ်ချက် မရှိလိုက်ကြည့်မိကြသည်။
ချန်းယောလ်အား ဆယ်ဟွန်း က မှင်သေသေ ကြည့်နေ ပေမဲ့ ဂျုံအင် ဟွန်းနဲ့ ဂျောင်ဆူး ဟွန်းကတော့ ခက်ပြုံးပြုံးဖြင့် ချန်းယောလ်ရှိရာ ဆီသို့ လာနေလေပီ~
"ဟေး ချန်းယောလ် သွားမယ် လေ "
အနောက်မှ ဆိုယောင်း၏စကားသံကြောင့် ကြောင်ကြည့်နေမိသော မျက်လုံး လဲ ဦးတည်ချက်ပြောင်းသွားရသည်နှင့်ချန်းယောလ်တို့အရှေ့တွင်လဲ ကင်ဂျုံအင်နှင့်ဒိုဂျောင်ဆူးတို့လဲရောက်ရှိလာကြသည်။
"ဟေး ချန်းယောလ် ကားမူးသေးလား "
"မမူးဘူး ဟွန်း အဆင်ပြေ ပါတယ် "
"တကယ် ပြေရဲ့လား"
ချန်းယောလ် သန်မာပါတယ်ဆိုသော ပုံစံဖြင့် လုပ်ပြနေသည်။
"ဟေး ဂျုံအင် နဲ့ ဂျောင်ဆူး သွားမယ် ဘာလုပ်နေတာလဲ "
ဆယ်ဟွန်း စိတ်မရှည် စွာ ချစ်လှစွာသော သူငယ်ချင်းနှစ်ယောက် အား လှမ်းခေါ်လိုက်သည်။
ချန်းယောလ် ရဲ့ ဝေ့ဝဲလာသောအကြည့်များကို မသိကျေးကျွန်ပြု ကာ ဆယ်ဟွန်း ကားထဲသို့ အရင်ဝင်နှင့်လိုက်သည်။
ဂျုံအင် နဲ့ ဂျောင်ဆူး လဲ ဂျူနီယာ တွေအားနူတ်ဆက်ပီး ကားဆီသို့ အမြန် သွားရတော့သည်။
အဟက် ငါ့မှာ တော့ စိတ်ပူ လိုက်ရတာ ကားများမူးနေမလားဆိုပီး~သူကတော့ အတော်ပျော်နေပုံဘဲ ဟိုကောင်မလေးတောင် ပါးချိုင့် ပေါ်အောင်ပြုံးပြနေမှတော့~
ဆယ်ဟွန်း တစ်ယောက် ကိုယ့်အတွေးနဲ့ကိုယ် Jဝင်နေပါတော့သည်။
ဘေးမှ ထိုင်နေသူသုံးယောက်ကလဲ မျက်ခုံးတစ်စုံ တွန့်ချိုးနေသူအား ခေါင်းတခါခါ ~
"မောင်းတော့လေ ဘာလို့ back မှန် ထဲ ကြည့်နေတာလဲ "
"မင်းတို့ စောင့်နေတာ လေ ၊ပီးရင် မောင်းတော့မယ်"
ဂျုံအင် မျက်စောင်းကို ကားမှန်ထဲကြည့်ရင်မြင်လိမ့်မည်ထင်သည် ။
ဒီလိုနဲ့ ဆယ်ဟွန်း တို့ ကားဟာလဲ ပင်လယ်ကမ်းခြေရှိရာဆီ~