"ရှေ့နားဆို အိမ်ရောက်တော့မှာ ကျနော့ကို ဒီမှာဘဲ ချပေးခဲ့လိုက်တော့" "ရောက် ရောက်တော့မှာကို အိမ်ထဲ အထိလိုက်ပို့ပေးပါ့မယ်" ပြောရင်း ဆယ်ဟွန်း ကားကို ဆက်မောင်းနေသည်။ "အဲ့ဒါဆို လဲ ကျနော့ကို အိမ်ရှေ့မှာဘဲ ချပေးခဲ့ပါ စီနီယာ " "ဘာလဲ မင်းက အိမ်ထဲ ကို မခေါ်ချင်လို့လား ဒီလိုပြောတာက" "အာ အဲ့လို မဟုတ်ပါဘူး ၊စီနီယာ မအားဘူး ထင်လို့ပါ ကျနော်က " "အဟက် ဟုတ်ကော ဟုတ်လို့လား " "ခင်ဗျား မရစ်နဲ့ဗျာ ကျနော် က စေတနာနဲ့ လဲပြောရသေး၊အိမ်ထဲအထိ လိုက်ပို့ချင်တယ်ဆိုလည်းပို့ " "အော ခုနကတော့ စီနီယာ တဲ့ ခုတော့ ခင်ဗျား ဆိုဘဲ၊ဒါနဲ့ မင်းက ဘယ် year ကလဲ " "ပထမ နှစ် စီးပွားရေး မေဂျာ က" "အော ဂျူနီယာ လေးဘဲ"ဆယ်ဟွန်း ပြောရင်း ခြံရှေ့ ဟွန်းတီး လိုက်သည်။ "တီ ~တီ " "ဘာလို့ မတအားတီး နေရတာလဲ၊ ခနနေအူး ကျနော်ဆင်းဖွင့်လိုက်အူးမယ်" ပြောပြောဆိုဆို ချန်းယောလ် ခြံတံခါး ဆင်းဖွင့် ရန် ကားပေါ်ကဆင်းသွားသည်။ "ဘယ်သိမှာလဲ ငါက ခြံစောင့်ရှိတယ်ထင်လို့ကို ၊ကလေးနဲ့မှ မလိုက် လူကြီးကို အော် ပြောနေတာ၊သူ့ထက် အသက်ကြီးတယ် ဆိုတာ ကိုပြောထားအူးမှ" "ဒေါက်~ဒေါက်" (ကား တံခါးခေါက်သံ) "ဘာလဲ " "ခင်ဗျား အထဲမဝင်တော့ဘူးလား ၊ မဝင်ရင် ကျနော်က ခြံတံခါး ပိတ်တော့မို့" ချန်းယောလ် ပြောပီး အိမ်ထဲ သို့ဝင်သွားလေသည်။ " ဟာ သောက်ကလေး ဧည့်သည်ကို ဘယ်လိုတောင်ပြောရတာလဲ၊ရိုင်းလိုက်တာ "ဆယ်ဟွန်း ကို ချေမိုးနောက်က နေ ကားနဲ့ ခက်သွက် သွက် လိုက်ဝင်ရတော့သည်။ 8️⃣8️⃣8️⃣8️⃣8️⃣8️⃣8️⃣8️⃣8️⃣8️⃣8️⃣
" ခန ထိုင်အူး ကျနော် ခင်ဗျား အတွက် အအေးသွား ဖျော် လိုက်အူး မယ် " "အိုခေလေ ငါလည်း မောနေတာနဲ့ အတော်ဘဲ ကောင်းကောင်း လေးတော့ ဖျော်ခဲ့ပေး" "ဟုတ်ကဲ့ပါ ကျနော် ကလည်း ကိုယ်ခေါ်လာတဲ့ ဧည့်သည် ကို မျက်နှာ အပျက်မခံပါဘူး ခနသာစောင့် နေပါ" ချန်းယောလ် ရဲ့ပြန်ချေပမှု ကို ဆယ်ဟွန်း ခေါင်း သာပြန်ညိမ့်ပြမိ၏။ဘာလို့ဆို ချန်းယောလ်အား မခံချင်အောင် စနေရင် ဒီနေ့ အဖို့ ဆယ်ဟွန်း အအေးသောက်ရမဲ့ ဆီ လမ်းမမြင် နိုင်တော့ပီ။ "ဒီမှာ ရပီ ခင်ဗျား အတွက် လိမ္မော် ဖျော်ရည် " "အင်း "ဆယ်ဟွန်း ရေဆာနေသောကြောင့် ဖန်ခွက် ထဲက လိမ္မော်ဖျော်ရည် ကို တစ်ဝက်ကျိုး အောင်သောက်လိုက်သည်။ "ချာတိတ် လက်ရာက မဆိုးဘူးဘဲ"ဟူ၍စိတ်ထဲတွင်ချီးကျူး ပီး လက်ကျန်ပါ တစ်ခါတည်း အပြတ်ရှင်းလိုက်သည်။ " အဟမ်း ~အဟမ်း ကျေးဇူးဘဲ ချန်းယောလ် " ချန်းယောလ် ဆယ်ဟွန်း လိမ္မော် ဖျော်ရည် အကုန် သောက်လိုက်သည် ကိုသာ အံသြပီး ကြည့်နေ မိသည်။ "ဘာ ~ဘာ ကြည့်နေ တာလဲ ချန်းယောလ် " "ခင်ဗျား တကယ်ဘဲ ရေဆာနေတာလား၊ဒါမှမဟုတ် ကျနော့ လက်ရာ ကောင်းလို့လား" "မင်း ကိုယ့် ကိုယ်ကို အထင်ကြီးနေတာဘဲ အဟက် ၊ မင်းဖျော် ခဲ့တာ လိမ္မော် ဖျော်ရည် လေးဘဲ ကို" "မသိ ဘူး လေ ခင်ဗျား က အကုန် သောက်လို့ မေးကြည့်တာ ပေါ့ ၊နည်းနည်းလေး ကျနော့ကို ချီးကျူး ရင် ခင်ဗျား ဘဝင်ရူး တာပျောက်သွား မှာ စိုးလို့လား အဟင်း " "မင်း! ဒီမှာ ငါက မင်းစိတ်မကောင်း ဖြစ်မှာစိုး လို့. အကုန် သောက် ပေးလိုက်တာ၊ထားပါ မင်းလိုလူက လူကြီးကို ဘယ်လို ပြောဆိုဆက်ဆံ ရမှန်း ကိုတောင် သိတာမှ မဟုတ်တာ " "ခင်ဗျား !" "မဟုတ်လို့လား၊ ငါ မင်းထက် အသက်အများကြီး ကြီးနေတာကို ဒီလို မျိုး အော် ပြောနေတာ က ရိုင်းရကြတေ ဆိုတာတော့ သိတယ်မလား " "ခင်ဗျား က. အရမ်းတေ လိမ္မာနေတာဆိုတော့ အဟက် " "ဟုတ်ပါပီ ငါကဘဲ အကြီးပီပီ သဘော ထားကြီးကြီးနဲ့ ခွင့်လွတ်လိုက်ပါ့မယ်၊ဒါနဲ့ မင်းက ဒီမှာ ဘယ်သူနဲ့ နေတာလဲ " "မေမေ နဲ့ နှစ်ယောက် တည်းနေတာ" "အော် " ဆယ်ဟွန်း စကားပြော ရင်းအိမ်တွင်း ပတ်ပတ်လည် ထိုင်ရင်း ကြည့်နေ မိသည်။ "အိမ် လေး က သပ်သပ်ရပ်ရပ်လေး ဘဲ " "ဟုတ်တယ် ကျနော် က သန့်ရှင်းမှ ကြိုက်တာ လေ " "ဟုတ်ပါပီ ဒါနဲ့ မင်း အဝတ်စား လဲချင်သွားလဲလေ အားမနာနဲ့ ငါ့ကို " "ရတယ် ခင်ဗျား တျောက် ထဲ ဖြစ်နေ မှာမို့ " "ဒါနဲ့. မင်းဖုန်း ငါ့ခနပေး " "ဘာ လုပ် မလို့လဲ "ချန်းယောလ် ကြောင်တောင်တောင် ဖြင့် မေးမိသည်။ "ပေး မှာ ပေးစမ်းပါ "ပါးစပ်ကသာပြောတာ လက်က ချန်းယောလ် လက်ထဲက ဖုန်းကို ဆွဲယူပီးပီ။ ဆယ်ဟွန်း ချန်းယောလ် ရဲ့ဖုန်းထဲ သူ့နံပါတ်ရိုက်ထည့်ပီး သူ့ဖုန်းကိုခေါ် လိုက်သည်။ " အိုခေ ရသွားပီ ၊ရော့ မင်းဖုန်း နောက်ခါ မင်းအိမ်က ကျောင်း နောက် ကျ ကြိုမဲ့ အချိန်ဆို ငါလိုက်ပို့မယ်၊ငါ့ဖုန်းကို ခေါ်လိုက်" "ဘာ အတွက် ကို လိုက်ပို့ မှာလဲ၊နောက်ပီး ခင်ဗျား ဖုန်းနံပါတ်ကျနော့ contact ထဲမှာရှိပီးသားလေ ၊ဒီမှာ nickname တောင် ပေးထားသေး" "ဘဝင်ရူး ၊ ဘာ မင်း ! ဘယ်လိုတောင် မှတ်ထားတာလဲ ပြန်ပြင်လိုက် ချန်းယောလ် " "ဟုတ်ကဲ့ ပြန်ပြင် လိုက်မယ် "ချန်းယောလ် ချက်ချင်း ပင်contact name ကို ပြန်ပြင်လိုက်သည် ။ "ဒီမယ် အို့ဆယ်ဟွန်း လို့ပြင်လိုက်ပီ" "အင်း ၊ မနက်ဖန် ငါလာခေါ်လှည့်မယ်" "ရတယ် လာမခေါ်ပါနဲ့၊ကျနော့ ဒရိုင်ဘာ နဲ့လာမှာ" "ဘာလဲ ငါက မင်းစိတ်ထဲ အရမ်းများ အပေါစား ဆန်နေတာလား" "မထင်ပါဘူး ကျနော် က ခင်ဗျားကို အားနာလို့ပါ " "မင်း မနက်ကျ စောင့် နေပေး ငါလာခေါ် လှည့်မှာမို့၊ အခု ငါသွား တော့ မယ် " "ဘာလားဟ သူ့ဘာသာ ပြောချင်တာပြောပီး ထပြန်သွားတယ်၊ငါနဲ့ ဘာလို့ လာပတ်သတ်တာလဲ သူဘဲငါ့ကို မုန်းနေတာ မဟုတ်ဘူးလား၊ရီဖန်း ပြောသလို များလား ၊ဟာကွာ မဖြစ်နိုင် လောက်ပါဘူး"ချန်းယောလ် တျောက်အတွေးများစွာဖြင့်ကျန်ခဲ့တော့သည်။ 8️⃣8️⃣8️⃣8️⃣8️⃣8️⃣8️⃣8️⃣8️⃣8️⃣8️⃣ "သား ချန်း ပြန် ရောက်နေပီ လား " "ဟုတ် ၊ဒါနဲ့. မေမေ ဝင်လာတာ ကားသံလည်း မကြားဘူး" "အင်းဟုတ်တယ် သားချန်းရဲ့ ဦးလေးရှင်းကို ခြံရှေ့ မှာဘဲ ချခိုင်းလိုက်လို့၊ သူလည်း ပင်ပန်းနေလို့ တစ်ခါတည်း မေမေ ပြန်ခိုင်းလိုက်တာ" "အော် ဟုတ်ပါပီ ၊မေမေလည်း နားတော့ လေ ပင်ပန်းလာရောပေါ့" "ဒါနဲ့ သား ချန်း ဘာနဲ့ ပြန်လာတာလဲ အိမ်ကို " "သား စီနီယာ လိုက်ပို့ပေးတာ ၊မကြာသေးဘူး သူပြန်သွားတာ" "အော ဟုတ်လှချည်လား သားချန်းက စီနီယါတွေတေါင်ရလါပီကို ဟုတ်ပါပီ ၊သားလည်း သွားနားတော့လေသွား မနက်ကျ ကျောင်းသွား ရအူးမှာကို" "ဟုတ် အဲ့ဒါဆို သားသွား နားတော့မယ် " "အင်း နောက်နေ့ကျ သားစီနီယာနဲ့ မိတ်ဆက်ပေးပေါ့၊မေမေ ကျေးဇူးတင် ချင်လို့" "ဟုတ်ကဲ့ "ချန်းယောလ် မေမေ့ ကို နူတ်ဆက် ပီး မိမိကိုယ်ပိုင်အခန်းထဲ ဝင်လာခဲ့သည်။ "အား ညောင်းလိုက်တာ ရေ ချိုးလိုက်အူးမှဘဲ" ချန်းယောလ် လွယ်အိတ်ကို ချကာ တာဝါတစ်ထည်ပတ်ပီး ရေချိုး ခန်းထဲသို့ ဝင်သွားတော့သည်။ "တီးတောင်~တီးတောင်"(message ဝင်သံ) အား ရေချိုး လိုက်မှ ဘဲ အညောင်းအညာတွေ ပြေသွားတော့တယ် ။ "ဟင် ဖုန်း က လင်းနေတာပါလား "ချန်းယောလ် ဖုန်းကို အိပ်ရာပေါ်လှဲရင်း ကြည့်နေမိသည်။ "အင်း ဘတ်ဟွန်း ဆီကဘဲ" 📩မနက်ကျ အတန်းထဲ အရင်လာခဲ့ ၊ပီးမှ ကန်တင်းသွားမယ်📩 "အဟက် ဘတ်ဟွန်း ကတော့ လေ " ချန်းယောလ် အပြင်းအပြေ Instagram ဖွင့်ကြည့်နေလိုက်သည်။ "ဘာလဲ ဒါက အို့ဆယ်ဟွန်း အကောင့်လား၊ အဟက် တစ်ယောက်မှ တောင် ဖောလိုး လုပ်မထားဘူးဘဲ၊ငါ သွားပီး ဖောလိုး လုပ်သင့်လား ၊ဟင် ဘတ်ဟွန်း တို့တောင် အို့ဆယ်ဟွန်း ကို ဖောလိုး လုပ်ထားတာဘဲ ၊ငါလည်း သူ့ ဂျူနီယာ တစ်ယောက်ဘဲလေ လုပ်ထားလိုက်မယ် လိုလိုမယ်မယ်" စောစော အိပ်မှ ဖြစ်မယ်၊မနက်ကျောင်းသွားရအူးမှာ' ချန်းယောလ် ဖုန်းချပီးအိပ်ရန် ပြင်လိုက်တယ်။ "တီးတောင်~တီးတောင်📩" "ဟာ ဘယ်သူက ပို့ပြန် ပီလဲ၊အိပ်တော့မှာပါ ဆို " ဖုန်းကို ပြန်ယူကြည့်မိသည်။ "ဟင် အို့ဆယ်ဟွန်း ဆိုပါလား ၊ဒီဘဝင်ရူးကတော့ အိပ်တော့မှာပါဆို ကွာ " 📩မနက် တကယ် လာခေါ်မှာ ၊ပြင်ဆင်ထားလိုက်📩 "စကား ပြော ပုံကိုက အချိုးတစက်မှ ကို မပြေပါလား အဟင်း " စာကြောင်း အရေးအသားမှာသိပ်မပြေပြစ်သော်လည်း ချန်းယောလ် ခပ်ရေးရေးတော့ ပြုံးဖြစ်သွားသည်။ 8️⃣8️⃣8️⃣8️⃣8️⃣8️⃣8️⃣8️⃣8️⃣8️⃣8️⃣ ဆယ်ဟွန်း စာတစ်ကြောင်း ပို့ပီး အိပ်ရာပော်တွင် ဟိုဘက်လှိမ့်လိုက်၊ဒီဘက်လှိမ့်လိုက်ဖြစ်နေသည်။ အကြောင်းမှာ ချန်းယောလ် ဆီမှ စာပြန် မလာသောကြောင့်ဖြစ်သည်။ "ချေလိုက်တာ ကွာ ၊စာလေးတစ်ကြောင်း ပြန်လိုက်တော့ ရောဘာဖြစ်မှာလဲ၊သူ့ကြေါင့် ငါ imageတော့ ပျက်တော့မှာဘဲ၊မလုပ်ဖူးတာတွေကို လုပ်နေရတယ်လို့ကွာ၊သီးခံ သီးခံ ငါကြိုက်တဲ့ ပြိုင်ကား ရရမှာ" ဆယ်ဟွန်း ညနေ တုန်းက ချန်းယောလ် ရယ်နေတာကိုတွေးမိလိုက်တော့လည်း ပြုံး ရပြန်သည်။ "အဲ့လိုမျိုး ရယ်နေတော့လည်း ကလေး ကျနေတာဘဲ ဖြူစင်လိုက်တာ၊ ငါ့နဲ့ဆိုရင်တော့ ပါးချိုင့်ဆိုတာကို ဘယ်လိုက် ဖမ်းရမှန်းမသိဘူး ဟက် " 📲📲📲 "တီ ~တီ " "ဟယ်လို ဂျုံမဲ ပြော " "မင်း mission က အဆင်ပြေလား သိချင်လို့ ပါ" "ပြေတာပေါ့ အရမ်း ကိုပြေတယ်၊ဒီနေ့တောင် သူ့အိမ်ရောက်ခဲ့သေးတာနော်" "ပြေရင် ပီးတာဘဲ ၊မနက်မှတွေ့မယ်" "အိုခေ " ဆယ်ဟွန်း လည်း ဖုန်းပြောပီး မျက်လုံး ကို အတင်းမှိတ်ပီး အိပ်ခဲ့တော့သည်။ 8️⃣8️⃣8️⃣8️⃣8️⃣8️⃣8️⃣8️⃣8️⃣8️⃣8️⃣ "ဟယ် သား အစောကြီး ဘဲ ကျောင်း သွားတော့ မလို့လား"mrs.oh မှာ သူ့သားကြည့်ပီး ထူးထူးဆန်းဆန်း ဖြစ်၍ နေလေသည် ။ "ဟုတ်တယ် မေမေ ရဲ့ သားဒီနေ့ ချိန်း ထားတာရှိလို့စောစောသွားရမှာ၊ဘယ်လိုလဲ သားချော ရဲ့လား" "ငါ့သားကတော့ အမြဲ perfect ပါဘဲတော် " "ဟားဟား "သားမိနှစ်ယောက်ရဲ့ရယ်သံများဟာလည်း ဧည့်ခန်းတစ်ခုလုံး လွှမ်းခြုံထားလေသည်။ "ဘာတွေ များသဘောကျ နေကြတာလဲ ဒီသားမိနှစ်ယောက်က"လူကြီးမင်း အိုက စကားနဲ့အတူ ခြေလှမ်း များဟာလည်းဧည့်ခန်းဆီသို့~ "အော် ဖေကြီး ပြင်ဆင် ပီးသွားပီလား ရုံးသွား ဖို့" "အင်း ပီးလို့ ထွက် လာတာ ၊ဒါနဲ့. ဆယ်ဟွန်း မင်းရည်းစား တို့ဘာတို့ အဖေတို့နဲ့ မိတ်ဆက်မပေးဘူးလား၊မရှိရင် နောက်လာမယ့် တနဂ်နွေနော် ကြားလား " "ဟုတ်ကဲ့ ဖေဖေ " "ကျမ ဖေကြီးစားဖို့ သွားပြင်လိုက်မယ်၊သားရော မနက်စာစားသွားလေ" "တော်ပီ မေမေ သားမစားတော့ဘူး၊ဖေဖေ သားသွားပီ" "အင်း ကားကိုဂရုစိုက်မောင်း" "ဟုတ်ကဲ့ ၊မေမေ vi viလေးကို ဂရုစိုက် ထားလိုက်အူးနော်" "ဟုတ်ပါပီ သွားပါ ၊ခါတိုင်းလဲ ငါဂရုစိုက်ရတာဘဲကို" "ဟီး ဟီး အဲ့ဒါဆို သားသွားတော့မယ် နော် ဖေနဲ့ မေ" ဆယ်ဟွန်းမိဘနှစ်ပားကိုနူတိဆက်ပီး ချန်းယောလ် ရှိရာ အိမ်သို့ သူ၏ ကားနက်လေးဖြင့် ထွက်လာခဲ့လေသည် ။ 8️⃣8️⃣8️⃣8️⃣8️⃣8️⃣8️⃣8️⃣8️⃣8️⃣8️⃣
"ဒေါက် ~ဒေါက်" (တံခါး ခေါက်သံ) "သား ချန်း အိပ်ရာ မထသေးဘူးလား ၊မေမေ သားစားဖို့ မုန့် ပြင်ထားတယ် ထတော့ နော် " "တီ ~တီတီ "(ကားဟွန်း တီးသံ) "ဟယ် ဦးလေး ရှင်း လာတာလားမသိဘူး အစောကြီး ရှိသေးတေ ကို သားချန်း က အခုထိမထသေးဘူး"ပြောရင်း ခြံတခါး ဖွင့်ပေးရန် အပြင်ကို ထွက်လာခဲ့သည် ။ "ဟယ် ဦးလေးရှင်း ကားလည်း မဟုတ်ဘူး ဘယ်သူလဲ မသိဘူး " mrs.park ပြောရင်း ခြံတခါး ဖွင့်ပေးလိုက်သည်။ ဆယ်ဟွန်း လည်း ကားကို အိမ်ထဲ အထိ မောင်းဝင်သွားလေသည်။ ချန်းယောလ် မေမေလည်း ကြောင်တောင်တောင် ဖြင့် အနောက်က လိုက်ရတော့သည်။ ဆယ်ဟွန်း လည်း ကိုယ့်ကို မသိတဲ့ပုံနဲ့ကြည့်နေတဲ့အန်တီ ကို ပြန်ကြည့်နေမိသည်။ "အာ ဒါက ချန်းယောလ် အမေနေမှာ သူ့နဲ့နည်းနည်းတူတယ်ဟ၊ငါ့ကို နှစ်ယောက်တည်း နေတာလို့ပြောတာမေ့နေတာ" ဆယ်ဟွန်း စိတ်ထဲမှ တွေးတောဟန်နှင့်အခုမှ သတိရ သွားကာ ပြန်ပြုံး ပြပီး နူတ်ဆက် လိုက်သည်။ "မဂ်လာပါ အန်တီ " ဆယ်ဟွန်း လည်းခုနကအပြုမူ တွက်အားနာ ဟန်ဖြစ်နေရသည်။ " မဂ်လာပါ ကွယ်၊ဒါနဲ့ မင်းက ဘယ်သူလဲ မသိဘူး " "အာ ကျနော် က ချန်းယောလ် ရဲ့ စီနီယာ ပါ " "အော် အဲ့ဒါဆို သားက. မနေ့က သားချန်း ကို လိုက်ပို့ ပေးတဲ့သူပေါ့ ဟုတ်လား " "ဟုတ်ကဲ့ဗျ ၊ကျနော် က အခု သူ့ကို ဝင်ခေါ်ပေးတာပါ" "အော် ဟုတ်ပါပီ ကွယ် ၊လာ သား အိမ်ထဲ ကို အရင် ဝင်အူး" ဆယ်ဟွန်း ရဲ့လက်ကို ဆွဲကာ ချန်းယောလ် မေမေလည်းအိမ်ထဲကို ခေါ်လာသည်။ "အား နာလိုက်တာ သားရယ်၊သားချန်းကအခုချိန်ထိ မထသေးဘူး အန်တီ သွားနိုးပေးမယ် ခနစောင့် ပေးအူးနော်" "ရတယ် အန်တီ ၊အန်တီ လုပ်စရာရှိတာ လုပ်ပါ ကျနော် သွားနိုးလိုက်မယ်သူ့ကို" "အဲ့လို ရလာသား၊အဲ့ဒါဆို ကျေးဇူးဘဲ သားတို့စား ဖို့ အန်တီ သွားပြင်လိုက်အူးမယ်" "ဟုတ်ကဲ့ အဲ့ဒါဆို ကျနော် သွားနှိုးလိုက်အူးမယ်" "အေးအေး သား "ချန်းယောလ် မေမေလည်း ထမင်းစားခန်းထဲ စားဖို့ ပြင်ဆင်ရန် ဆယ်ဟွန်း အား ပြောပီး ထွက်သွားလေတော့သည်။ 8️⃣8️⃣8️⃣8️⃣8️⃣8️⃣8️⃣8️⃣8️⃣8️⃣8️⃣ "ဒေါက်~ဒေါက် ၊ချန်းယောလ် ထနေပီလား" "••••••" "ဟင် ပြန်ဖြေသံ လည်း မကြားဘူး ၊ငါ ဝင်ခဲ့မယ် နော် ချန်းယောလ် "ဆယ်ဟွန်း ပြောရင်း အခန်းတံခါး အားဖွင့်လိုက်သည်။ "ကျွီ " အခန်း ထဲ ဝင် လိုက်သည် နှင့် အိပ်ရာ ကုတင်ပေါ်စေါင်ထဲတွင်ခေါ်င်းမြုပ်နေ ပီး ခြေထောက် နှစ်ချောင်း က အပြင်ထွက်နေသည် ကို အရင် တွေ့လိုက်ရ သည်။ "အော် ငါ့မှာ တော့ သူခေါ်ဖို့ အစောရီး ထွက်လာလိုက်ရတာ၊ဖေဖေတို့တောင်ရုံးမသွား သေးဘူး ဒင်းက အခုချိန် ထိ အိပ်နေလိုက်တာ များ သိုး လို့ " "ချန်းယောလ် ~ချန်းယောလ် ထတော့"ဆယ်ဟွန်း စောင်ကိုဆွဲကာ နှိုးမိသည်။ "ဟာ ဒီကောင် သေများနေတာလား၊ဒီလောက်နှိုးနေတာကို မထဘူး" "ချန်းယော် ~ချန်းယောလ် ထ တော့ဆို"ကိုယ်လုံးကို လှုပ်နှိုး ရတော့သည်။ "အာ ငါးမိနစ်ဘဲ မေမေ နော် "ပြောပီးစောင်ဆွဲ ကာဟိုဘက်ကိုလှည့်အိပ်သွားသည်။ "ဟာ ခုချိန် ထိကိုလင်ပုံ မရဘူး ၊ဘယ်လိုကောင်တုန်းဟ" "ငါ ဒေါသ ထွက်လာပီ နော် ချန်းယောလ် "ပြောရင်း ပေါ်နေတဲ့ လက်တစ်ဖက်ကို ဆွဲ လိုက်တဲ့ အခါ တန်ပြန်သက် ရောက်မှုကတော့ ဆယ်ဟွန်း သူ့ရဲ့ တင်းကြပ်နေအောင် ဖက်ထားချင်းကို ခံရတော့သည်။ ပါးတစ်ဖက်တောင် မျက်လုံးမှိတ်ပီး ထမွှေးကာ ပါးချိုင့်ပေါ်အောင်ပြုံးနေသေး သည် ။ ဆယ်ဟွန်း မှာ လဲ ချန်းယောလုပ်ရက်ကြောင့်ငေးခနဲ ဖြစ်သွားကာနောက်မှ သတိဝင်သွားပီး "အာ့ ချန်းယောလ် မင်းဘာတွေလုပ်နေတာလဲ၊နာနေပီ လက်လွှတ်ပေးအူး" "ဟင် မေမေ အသံက ဘယ်လိုကြီးလဲ" "ငါ မင်းအမေမဟုတ်ဘူး လွှတ်အူးပါဆို" အဲ့တော့မှ မျက်လုံးကအိပ်ချင်မူးတူး ဖြင့် ပွင့်လာတော့သည်။ "ဟင် အိပ်မက်လားဟ"ပြောရင်း ကိုယ့်ပါးကိုရိုက်နေသည်။ အခု အနေထားက ဆယ်ဟွန်း က ချန်းယောလ် ရဲ့ အပေါ်မှာရောက်နေခြင်းဖြစ်သည်။ "အားး တကယ်ဟ"ပြောရင်း ဆယ်ဟွန်း အား သူ့ အပေါ်မှ တွန်းချ လိုက်လေသည်။ "အား ငါ့ခါ~း ငါ့ခါး ၊မင်း ဘယ်လို လုပ် လိုက်တာလဲ" ဒီတော့မှ ချန်းယောလ် လဲ အိပ်ရာပေါ် ထ ထိုင်ကာ "ဟို ဆောရီး ကျနော် မရည်ရွယ်လိုက်ပါဘူး၊ဒါနဲ့ ခင်ဗျား က. ဘယ်လိုလုပ် ကျနော့ အခန်း ထဲ ရောက်နေတာလဲမေမေရော" ထို အချိန်တွင် အခန်း တံခါးက လဲ ဒုတိယ အကြိမ် ပြန်ပွင့်လာပီး "ဟို စီနီယာ လေး သားချန်းကို နှိုးရတာအဆင်ပြေ~" စကားပါ မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် ရပ်သွားတော့သည်။ "ဟယ် စီနီယာ လေး ဘယ်လိုဖြစ်တာလဲ၊ချန်းယောလ်ထစမ်းစောင်ပုံ ထဲကနေ လာထူပေးလိုက်အူးလေ" "အာ ဟုတ်ကဲ့ မေမေ " ချန်းယောလ် နဲ့ mrs.park မှာ ဆယ်ဟွန်းအား ဆိုဖာပေါ်ထိရောက်အောင်ကူတွဲပေးလိုက်သည် ။ "သား စီနီယာ က ဘယ်လို ဖြစ်လို့ ကြမ်း ပြင်ပေါ်လဲနေရတာလဲ" "အာ အဲ့ဒါ သားကြောင့် ဖြစ်သွားရတာမေမေ၊သားလန့်ပီး ကန်ချလိုက်တာ" ဆယ်ဟွန်း မှာ လဲချန်းယောလ် အား ဒေါသ ထွက်ကာ ကြည့်နေမိသည်။ "အားနာလိုက်တာ စီနီယာလေးရယ်၊သားချန်း သွား ဆေးသေတ္တာ ယူခဲ့" "ဟုတ် မေမေ " ခနကြာတော့ချန်းယောလ် ဆေးသေတ္တာ ယူပီးရောက်လာသည်။ "ရော့ မေမေ " "ဘာကို ရော့ မေမေလဲ မင်းကြောင့် ဖြစ်တာ မင်းလိမ်းပေးလိုက်၊ဘယ့်နဲ့တော် သူများက စောစော လာခေါ်တာကို အခုချိန် ကရုံးသွားချိန်တောင်ကျော်နေပီ မေမေ သွားတော့မယ် စားစရာတွေ ပြင်ပေးခဲ့တယ် သားချန်း ရော ၊စီနီယာ လေးရောနော်" "ဟုတ်ကဲ့ အန်တီ ကောင်းကောင်း သွားပါ ၊နောက်ပီး ကျနော့ နာမည်က ဆယ်ဟွန်း ပါ " "အော် ဟုတ်ပါပီ ကွယ် ၊အဲ့ဒါဆို သွားတော့မယ် နော် သားချန်းနဲ့ သား ဆယ်ဟွန်း " နူတ်ဆက်ပီး mrs.park လည်း ချန်းယောလ် အခန်းထဲက ထွက်သွားတော့သည်။ "အဟမ်း ~အဟမ်း ခင်ဗျား ခါးကနာနေသေးလား" "နာတာပေါ့ မင်းခံကြည့်လိုက်လေ" "ဟုတ်ပါပီ ဟိုဘက် လှည့် ၊ကျနော် ဆေးလိမ်း ပေးမယ်" ခနကြာတော့ ချန်းယောလ် ဆေးလိမ်း လို့ပီးသွားသည်။ "အဟမ်း ပီးသွားပီ " "ဟုတ်ပီ မင်းလဲ မျက်နှာသွား သစ်တော့ နောက်ကျ နေပီ " "ဟုတ် ခနစောင့် ပေး အူး" ချန်းယောလ် ရေချိုး ခန်းထဲ ကို ခက်သွက် သွက် ဝင်လာလိုက်သည်။ "အား ဘာတွေ လုပ်လိုက် မိတာလဲ၊တော်သေးတယ် သူက သတိထားမိဟန်မရှိလို့" "ချန်းယောလ် သွက်သွက် လုပ်နော်ကြာမနေနဲ့" "အာ ဟုတ်ကဲ့ ပီးတော့ မှာ " ချန်းယောလ် လည်း တစ်ကိုယ်ရည် သန့်ရှင်းရေးကို ခက်မြန်မြန် လုပ်လိုက်ရသည်။ "ဟို စီနီယာ " ချန်းယောလ် ရေချိုး ခန်းထဲမှခေါင်းပြူကာ စကားစမိသည်။ "ဘာလဲ ၊အဝတ် ယူခိုင်း မလို့တော့ မုတ်ပါဘူး နော် " "မဟုတ်ပါဘူး ကျနော့ကို ထမင်းစား ခန်းထဲမှာ စောင့်နေပေး၊ကျနော် ခနနေ လိုက်လာခဲ့မယ်" "အဟက် ဟုတ်ပါပီ "ဆယ်ဟွန်း ချန်းယောလ် အားကြည့်ပီး အခန်းထဲက ထွက်သွားတော့သည်။ "ဟူးးးး" ချန်းယောလ် လဲ ဆယ်ဟွန်း ထွက်သွား တာသေချာမှ ရေချိုးခန်းထဲမှ ထွက်လာပီး အဝတ်ကို ခက်မြန်မြန် လဲလိုက်ပီးမှ ထမင်းစားခန်းထဲ ကို လိုက်လာတော့သည်။ "ခင်ဗျား ဘာတွေ စားနေတာလဲ" "ဆန်မုန့်"ဆယ်ဟွန်း အာလုတ်သံကြီးနဲ့ ပြန်ပြောမိသည်။ "မင်းရော စားလေ ၊ပီးရင်သွားမယ်" ချန်းယောလ် လဲလက်နဲ့နှစ်တုံးလောက် ယူစားပီး ကော်ဖီနဲ့. သောက်လိုက်သည် ။ "ပီးပီ သွားစို့ " "နေအူး "ဆယ်ဟွန်း ချန်းယောလ် အားကြည့်ပီး တားလိုက်သည်။ "ဘာ~ဘာလဲ ခင်ဗျား လက်က ဘာလုပ်မို့လဲ " " ငြိမ်ငြိမ်လေးနေ ပေးလို့မရဘူးလား" ဆယ်ဟွန်း ချန်းယောလ် လှန်သိမ်းထားသော ဆံပင်အား ပြန်လှဲချနေသည်။ "ဟာ ခင်ဗျား ကျနော်ပုံသွင်းထားတဲ့ ဆံပင်ကိုဘာလို့ ဖျက်ဆီးပစ်နေတာလဲ" "မင်းဆံပင်လေးတွေ ကရှေ့ကျနေရင် ကလေးလေးနဲ့ တူလို့၊နောက်ပီးငါ့ရှေ့မှာ ပါးချိုင့် ပေါ်အောင်ထိ ပြုံးပြပါ" "ဘာ ဘာတွေ ပြောနေတာလဲ ၊သေချာတာကတော့ ကျနော် ခင်ဗျားထက်ပိုချော နေလို့ မှတ်လား အဟက် " "ထားပါ အခုသွားရ အောင် ၊နောက်ခါ ငါ့ကို အိပ်မက်ထဲ ထည့်မမက်နဲ့ ခါးနဲ့ပါးယားလို့ အဟင်း "ဆယ်ဟွန်း ပြောပီး အရှေ့က သွားလိုက်သည်။ "ဘယ် သူကမက်တာလဲ အဟက် ၊ဒီမယ် အဲ့ဒါကို လူတကာ လျှောက်ပြောမနေနဲ့ " ချန်းယောလ် ခြံတခါး ပိတ်ပီး ကားထဲ မဝင်သေးဘဲ ကားထဲ ခေါင်း ဝင်ပြောနေသည်။ "တက်ပါ မြန် မြန် သာ " ချန်းယောလ် လည်း ခက်သွက် သွက်တက်ပီး တိတ်ဆိတ်နေတော့သည်။ "ခုနက မင်းပြောတဲ့ စကားကို ငါ အာမ မခံနိုင်ဘူး မပြောဘူးလို့ အဟက် " "ခင်ဗျား! " "........" "အဟက် စီနီယာ က ကျနော့ ကို စိတ်ဝင်စားနေတာ လား " ဒဲ့ဆန်လှတဲ့ ချန်းယောလ် အမေးကြောင့် ဆယ်ဟွန်း ကားတောင် ဘရိတ်အုပ်မိမလို ဖြစ်သွားရသည်။ "ဟမ် အဲ့လို ပုံ ပေါက်သွားတာလား" ဆယ်ဟွန်း ချန်းယောလ် အကြည့်စူးစူးကြောင့် ကားကို ပုံမှန် ပြန်မောင်းလိုက်ရသည်။ "မင်း စကားကို များတယ်" "အဟက် "ချန်းယောလ် ရဲ့ အသက်မပါတဲ့ ရယ်သံသည် နှစ်ယောက်ထဲရှိသော ကားထဲမှာ ပြန့်လွင့်နေတော့သည်။ "ချီးဘဲ ဆယ်ဟွန်း ရယ် စိတ်ဝင်စား တယ်လို့ ဘာလို့ မပြောနိုင်ရတာလဲ၊ ကားရရမှာ ကို ကွာ "ဆယ်ဟွန်း စိတ်ထဲတွင် မိမိကိုယ်ကို ဂုဏ် ပြုထောပနာပြု နေမိတော့သည်။ သေချာတာကတော့ ချန်းယောလ် ရဲ့ အသက်ပါတဲ့အကြည့်ကြောင့် ထိုစကားအား မထွက်နိုင်တာ ဆိုတာ တော့သိသည်။ နှစ်ယောက် လုံးအတွေးကိုယ်စီဖြင့် ကျောင်းဝင်းထဲ ဝင်သည်အထိ စကားမပြောဘဲ တိတ်တဆိတ်ပဲ လိုက်ပါလာကြသည်။ 8️⃣8️⃣8️⃣8️⃣8️⃣8️⃣8️⃣8️⃣8️⃣8️⃣8️⃣ ဘာတွေ တွေး နေကြ🙄🤔😁