နေရောင်ခြည်များဖြာကျနေသော အခန်းထဲ တွင် ချန်းယောလ် နာနာကျင်ကျင် နိုးလာခဲ့သည် ။ဘေးဘီဝဲ ရာ ကို မျက်လုံးကစား ကြည့်တော့ အိုဆယ်ဟွန်း ကို မတွေ့ရတော့။ လှုပ်လိုက်တိုင်းနာနေတဲ့ အောက်ပိုင်း ကြောင့်လည်း အတော်ဒုက္ခရောက်ရသည်။ရေဆာလို့တောင် ရေထသောက်လို့မရတဲ့ဘဝ~
ချန်းယောလ် ကိုယ့်ဘာသာ ထနိုင်အောင်ကြိုးစားနေရသည်။ချန်းယောလ် အိပ်ရာပေါ် ထိုင်နေစဉ် တံခါးဖွင့်သံနှင့်အတူ အိုဆယ်ဟွန်း အခန်းထဲ ဝင်လာခဲ့သည်။
"ချန်းယောလ် မင်းနိုးနေပီလား! ""ဟုတ် ~ဟို ကျနော် ကို ရေလေးယူပေးလို့ရမလား"
"အင်း ခဏ နော် ကိုယ်ယူပေးမယ်"
ဆယ်ဟွန်း ချန်းယောလ် အတွက် ဖန်ပုလင်းထဲမှခွက်ထဲသို့ ရေထည့်ပေးနေလေသည်။"ရော့ သောက်လိုက်အူး~"
ချန်းယောလ် ကမ်းပေးလာသော ရေခွက်ကိုယူသောက်လိုက်သည်။
"ဒါနဲ့ ခင်ဗျား အလုပ် မသွားဘူး လား "
"အင်း ဒီနေ့က ရုံးပိတ်ရက် လေ ""ခါတိုင်း ရုံးပိတ်ရက်လဲ သွားနေတာ မဟုတ်ဘူးလား "
မနေ့ညက အကြောင်း တခုတလေမှမမေးပါဘဲ အေးရာအေးကြောင်း ပြောနေသူ ချန်းယောလ် ၊မနက် က ထတော့ ကိတ်မုန်နဲ့ဝိုင်ပုလင်းကိုတွေ့မှ အထိမ်းအမှတ် နေ့ကိုသတိရတာ၊သူတွေးခဲ့တဲ့ ပုံစံ နဲ့ တခြားဆီ ဖြစ်သွား တော့ စိတ်မကောင်း ဖြစ်သွား မှာတော့ သေချာတယ်၊အခုလဲ ခန္ဓာကိုယ်တခုလုံးညို့မဲ ရာတွေကြည့်ဘဲ ဘယ်လောက် တောင်နာကျင်နေလိုက်မလဲ၊ကျနော်ဟာ အမြဲတမ်း သူ့အပေါ်ကို နာကျင်စေသူဖြစ်လို့နေပီလား~
"ဆယ် ~ဆယ်ဟွန်း ဟွန်း ဘာတွေ တွေး "
တည်ငြိမ် နေသော မျက်ဝန်း နဲ့ တစ်စုံတစ်ခု ကို စဉ်းစားဟန်ပြုနေသောကြောင့်မေးမိခြင်း ~
"မနေ့ညက ကိစ္စ ~တောင်းပန်ပါတယ် ""ကျနော် ရေသွား ချိုးတော့မယ်! "
"ခဏလေး နားထောင်ပေးလို့ ရမလား"
ထသွား ဟန်ပြုနေသော ချန်းယောလ် လက်ကို ဆယ်ဟွန်း ဆွဲ၍ပြောလိုက်ခြင်း~
"ငါ မနေ့ည က လုပ်ကြံခံရတာ!"
ချန်းယောလ် ဆယ်ဟွန်း စကားကြောင့် ပြန်ထိုင်မိသည်။
"နောက်ပီး ငါတို့ ရဲ့နေ့ကိုလဲ မေ့နေခဲ့တဲ့ အတွက်တောင်းပန်ပါတယ်၊မင်းကို နာကျင်စေခဲ့တဲ့ အတွက်ရော တောင်းပန် ပါတယ် "
ဆယ်ဟွန်း ပြောရင်း မျက်ရည် တွေ ကျနေမိသည်။
"ခင်ဗျား ကျနော့ဆီသာ မလာခဲ့ရင် ကျနော် ပိုနာကျင်ရမှာသိလား!၊နောက်ပီး အမြဲတမ်း တောင်းပန် မနေနဲ့ ၊ဒီတစ်ခါတော့ ခွင့်လွှတ်လိုက်မယ်၊ ဒီလိုသူများလုပ်ကြံခံရတာ ပထမဆုံး နဲ့နောက်ဆုံးဖြစ်ပါစေ မဟုတ်ရင် ကျနော်ရင်ကျိုးရလိမ့်မယ်!"