Part -12(Z+U)

273 30 9
                                    

ဆယ်ဟွန်း နဲ့ ချန်းယောလ် စကား မပြောဖြစ်တာ အရင်နေ့. က ကိစ္စ ဖြစ်ပီး ကတည်း က ~~~~ ဆယ်ဟွန်း က တော့ ဖြစ်ခဲ့တဲ့ ကိစ္စ မရှိခဲ့သလို ခပ်အေး အေးနဲ့ သွားခေါ်သော်လည်း အရှက်ကြောက်ကြီးနေသော ပတ်ချန်းယောလ် ဆိုသူက သူ့ရဲ့ဒရိုင်ဘာ ဦးလေးရှင်း ဆိုသူနဲ့ စောစော သွား လေရဲ့ ၊ကျောင်းမှာတွေ့တော့လဲ ကျနော့များ သရဲကျ နေတာဘဲ မြင်တာနဲ့ ခေါင်းကြီး ငုံ့ပီးပြေးလိုက်တာများ အမြီးတောင် မမြင်လိုက်ရဘူး၊ကျနော်လဲ ကျောင်းက ပရော့ဂျက်တွေနဲ့ အလုပ်ရှုပ် နေမိလို့ မေ့မေ့ပျောက်ပျောက်~~ ဒီနေ့တော့ ပတ်ချန်းယောလ် ရဲ့မေမေ အာမေရိက ကို ပြန်တော့မှာ မို့ လေယာဉ်ကွင်းမှာ သူ အပါအဝင်ကျနော့မိဘတွေနဲ့ အတူတူရှိနေ ကြတာ ~~~~~~~~~~~~~~~~~~ "ကဲ သားချန်း မေမေ သွားတော့မယ် နော် ၊သားဆယ်ဟွန်း လေးပေါ်ကို အရမ်း မဆိုးနဲ့နော် " "ဟုတ်ကဲ့ မေမေ ကျန်းမာရေး ဂရုစိုက်နော် ၊ဦးလေးရှင်း သား မေမေ ကို ကျနော့ ကိုယ်စားစောင့်ရှောက်ပေးပါ" "ဟုတ်ပါပီ ငါ့တူ ၊ဦးလေး စောင့်ရှောက်မှာပါ" "ကဲဒါဆို အစ်ကိုနဲ့ အစ်မ~ ညီမ သွားတော့မယ် နော် ၊သားချန်းကို အပ်ပါတယ်" "အင်း ညီမ အဆင်ပြေပါစေ " "သားဆယ်ဟွန်း မေမေ့ သားချန်း ကို ဂရုစိုက် ပေးပါ ကွယ်" "ဟုတ်ကဲ့ ပါ အန်တီ ၊စိတ်ချလက်ချ သွားပါ ကျနော့ ညီလေး တစ်ယောက်လို စောင့်ရှောက်မှာပါ" "အစ်မပတ် သွားရအောင် ၊လေယာဉ်ထွက်ချိန်နီးနေပီ" "အင်း ၊ကဲအဲ့ဒါ ဆို အားလုံးဘဲ သွားပီ နော် " ဒါဟာ ညီမ ပတ် အား နောက်ဆုံး တွေ့ချင်းလား ဆိုတာ မသေချာ ခဲ့ ~~~~~~~ ထွက်ခွာ သွား သော ကျောပြင်ငယ်အား စိတ်မကောင်း ခြင်းများစွာ ဖြင့် ကြည့်နေသော လူသား လေးဦး~~~ "သား တို့. အရင် သွားနှင့်ကြ ဖေဖေ တို့. အလုပ်ကိစ္စနဲ့ ဝင်စရာ လေးရှိသေးလို့ " "ဟို ကျနော် ရော လိုက်ခဲ့ မယ်လေ အန်ကယ်လ် တို့နဲ့ အတူတူ " "အန်ကယ်လ် တို့က ကြာအူးမှာ မို့လို့၊နောက်ပီး သားချန်း ပြင်းနေမှာ " "ဘာလို့လဲ သားဟွန်း နဲ့ စကားများထားလို့လား သားချန်း " "အာ မဟုတ်ပါဘူး မေမေရယ် ၊လာပါ ချန်းယောလ် ရာ ငါ နဲ့ သွား ရအောင် တော်ကြာ အထင်တွေ လွဲကုန်မယ်" "သားချန်း သားဟွန်း အနိုင်ကျင့်ရင် အန်တီ ကိုပြောနော် " ဪဒီမေမေ ကလဲ ကိုယ့်သားက ခံဘတ်က ဆို တာ ကို ၊ ပြောလဲယုံမှာ မှ မဟုတ်တာ ဟွင်း~~~~ ချန်းယောလ် ကြည့် တော့လဲ ခေါင်းမြေကြီးထဲ ဝင်မတက်~~ ဒီလိုပုံစံ နဲ့ လူတိုင်း ကို လုပ်စားနေတာ လားမသိ၊ကိုယ်ကဘဲ လူဆိုးကြီး ကြနေတာဘဲ ~~~~~~~~~~~ ⏹⏹⏹⏹⏹⏹⏹⏹⏹⏹⏹⏹⏹⏹⏹⏹ "အဟမ်း ဆယ်ဟွန်း ဟွန်း ၊ကျနော့ ကို မေမေနဲ့ နေတဲ့ အိမ် ချပေးခဲ့" "ဘာလဲ ငါ့ကိုများ မင်းရဲ့ ဒရိုင်ဘာ များ မှတ်နေတာလား " "ကျနော် ပြောမိလို့လား " "မင်းဟာလေ နည်းနည်း လေးလောက် အကတ်ပြောလိုက်ရမှ၊ကဲထားပါ ငါပြောစရာ ရှိတယ်" ပြောဆို သော သဘောဖြင့် မေးငေါ့ပြနေပုံ က ရိုက်သတ် ချင်စရာ~~~~~ "မင်း ငါ့ကို ရှောင် နေတာ လား " "မရှောင်ပါဘူး၊ဘာ အတွက် ကိုရှောင်ရမှာလဲ " "အဲ့ဒါ ဆို ဘာလို့ ငါလာခေါ်တာ မစောင့်ဘဲ လေးရက်လောက် စောစော သွား နေရတာလဲ " "အဲ့~အဲ့ဒါက ခင်ဗျား စိတ်ဆိုး သွားတယ်ထင်လို့ ကျနော်က " "ဘာကို ကြည့်ပီး ဆုံးဖြတ် တာလဲ မင်းက " "မသိဘူး လေ ကျနော် ကစိတ်ပူလို့ အိမ်မပြန်နဲ့ လို့ ပြောတာ ၊ ခင်ဗျားက. အတင်းရော ကာရော ပြန်သွားတာကို အဲ့ဒါကြောင့် ၊ဘာလဲ ခင်ဗျား က စိတ်မဆိုးဘူးလား" ဪ သူပြောမှ ကိုယ်ကဘဲ သဘော ထား ကြီး တဲ့ပုံပေါက်နေပီ~~~~~~~ "ကဲ ထားတော့ ငါတို့ ဒီနေ့ အိမ်သွားကြည့်ရမှာ " "ဟမ် ဘာကိုလဲ ၊ဘာအတွက်လဲ" "ဟိုရောက်မှ သိမယ် " "ခုပြောတော့လဲ ဘာဖြစ်မှာ လဲ ဗျာ ၊ဈေးစစ်လိုက်တာ" အိုဆယ်ဟွန်း ဆိုသူဆီက တုံ့ပြန်သံတောင် မကြားရတော့ဘဲ၊ကားကို ဂရုတစိုက် မောင်း နေလေရဲ့~~~~~~ ချန်းယောလ် လဲ အရေးမလုပ်သောသူကို စကားဆက်ပြော မနေတော့ဘဲ သီချင်းဖွင့်ပြီး နားဂျတ်တပ် လိုက်ပါခဲ့လေရဲ့~~ " " ဟင် အို့ဆယ်ဟွန်း လဲ မရှိတော့ဘူး ၊ငါ့လဲ ခေါ် မသွားဘူး လူမှုရေးရော နားလည်ရဲ့ လားမသိဘူး ဒီလူကတော့" ချန်းယောလ် မေတ္တာ ပို့၍ အောက်ကို အိပ်ချင်မူးတူး ဖြင့်ဆင်းရင်း ~~ "ဒီမှာ အို့ဆယ်ဟွန်း ခင်ဗျား ဆင်းသွား တာ ကျနော့လဲ နိုးမသွား~~~~"ချန်းယောလ်ပြောစရာစကားများ ပြတ်တောက်သွား ရခြင်း အကြောင်း ကား~~ "ဝိုး လှလိုက်တာ မေပယ်လ်ပင်တွေ လမ်းတစ်လျှောက်မှာ ၊ ဟင် အိမ်လေး ရော ~~ ဟာကွာ ပန်းချီကားထဲ ရောက်သွား တာတော့ မဟုတ်ပါဘူး နော် အဟား" " သဘောကျ လား " "အင်း သဘောကြတယ် " ခေါင်း ကို ခက်သွက်သွက် ညိမ့်ပြတော့ အိုဆယ်ဟွန်း ပါးစပ်က အပြုံး ခပ်ရေးရေးတော့ ထင်သွား သလို လို~~~~~ "လာ အိမ်ထဲ ဝင်ကြည့် ကြမယ်" "နေ~နေပါအူး ခဏလေး ၊ဘာအတွက် ကိုကြည့်နေတာလဲ"

အတ္တများဖြင့်ဆက်နွယ်ထားသောကြိုးWhere stories live. Discover now