အချစ်​ မိုး

1.4K 90 0
                                        

Part-5

နွေရာသီပိတ်​ရက်​​တွေက ငါ့အတွက်​ရှည်​ကြာလွန်းတယ်​..
ကိုယ့်​အ​ပေါ် မကြင်​နာတဲ့သူကိုမှ မနာကျည်းရက်​ပဲ ဆက်
ချစ်​​နေမိတာကလည်း ဝဋ်​တစ်​ခုပဲဆိုရင်​ ငါ​တော့ ဒီဘဝ
အတွက်​ ဝဋ်​​ကြွေး​တွေ ​ကြေမယ်​မထင်​​တော့ဘူး.....

နွေရာသီ ပိတ်​ရက်​အတွင်းမှာ ​ရှောင်​ကျန်​ စက်​ဘီးစီးသင်​ဖြစ်​တယ်​..အရင်​မြို့ကလို ​ဈေးဆိုင်​​တွေက နီးနီးနားနားမရှိ​တော့
လမ်းေ​လျာက်ပြီး​သွားလို့ အဆင်​မ​ပြေ​တော့ဘူး​လေ..အဲ့ဒါ
ကြောင့်​ ​ရှောင်​ကျန်​ အ​ဖေက စက်​ဘီးစီးတက်​​အောင်​ ရုံးပိတ်​ရက်​​တွေမှာ ကူသင်​​ပေးခဲ့တယ်​ အစပိုင်း​လောက်​ပဲ ကူသင်
ပေးပြီး ​နောက်​ပိုင်း​တွေ​တော့ ​ရှောင်​ကျန်​ကိုတစ်​​ယောက်​တည်းပဲ စီးတက်​​အောင်​ကျင့်​ခိုင်းခဲ့တယ်​..​​ရှောင်​ကျန်​လည်း
လှဲလှဲကွဲကွဲပါပဲ ဒဏ်​ရာ​တွေရလာတိုင်း ​ရှောင်​ကျန်​အမေက
တော့ အ​ဖေဖြစ်​သူကိုအပြစ်​​ပြောတတ်​တယ်​..​ရှောင်​ကျန်​အ​ဖေ ​ပြောခဲ့တဲ့စကားတစ်​ခွန်း​ကြောင့်​​နောက်​ထပ်​ဘာမှ
ထပ်​မ​ပြောဖြစ်​​တော့ဘူး ​ရှောင်​ကျန်​လည်း ကိုယ့်​ဘာသာ
လေ့ကျင့်​တာအဆင်​​ပြေလာခဲ့တယ်​ အတက်​​တွေသိပ်​မရ​ပေ
မယ့်​ အဆင်းပိုင်းမှာ​တော့​သေချာထိန်းပြီးစီးတတ်​​နေပြီ​လေ..
ရှောင်​ကျန်​အ​ဖေ ​ပြောခဲ့တာက...

"ငါလည်း ငါ့သားထိခိုက်​ဒဏ်​ရာရတာကို ကြည့်​ချင်​ပါ့မလား
ဒါ​ပေမယ့်​ သူက​ယောကျာ်း​လေး ​နောက်​ပိုင်းငါတို့မိသားစုကို
သူပဲ တာဝန်​ယူ​စောင့်​​ရှောက်​​ပေးရမှာ..ဒီ​လောက်​ပင်​ပန်းတာ​လေးကိုမှ ဒဏ်​မခံနိုင်​ရင်​ ဒီ​လောက်​ဒဏ်​ရာ​လေးအ
တွက်​နဲ့ မျက်​ရည်​ကျ​နေရင်​ ​ရှေ့​လျောက်​ဘဝမှာ အခက်​ခဲ
တွေကြုံလာရင်​ သူဘယ်​လိုရင်​ဆိုင်​မလဲ သူဘယ်​လို​ဖြေရှင်းမလဲ...အခုကတည်းက ရင်​ဆိုင်​ဖို့သတ္တိရှိမှ ဒီလိုအနာခံရဲမှ
နောက်​ဆိုရင်​ အသာစံရမှာ​ပေါ့ကွ လူ့​လောကကြီးကရှုပ်
ထွေးတယ်​ သူ​ရှေ့ဆက်​​လျောက်​ရမယ့်​ ခရီးကအရှည်​ကြီးကျန်​​သေးတယ်​ အဲ့ဒါ​ကြောင့်​ငါကငါ့သားကို အကျင့်​ဖြစ်
အောင်အခုကတည်းက ကျင့်​ပေး​နေတာ ငါ့သားကို သတ္တိရှိရှိနဲ့ရင်​ဆိုင်​နိုင်​တဲ့သူ ဖြစ်​​လာ​စေချင်​တာ...."

အချစ်​ မိုး / အချစ်မိုးWhere stories live. Discover now