Part-16

580 44 2
                                    

ကျွန်တော်ဒေါ်လေးဝမ်ရဲ့နောက်ဆုံးအချိန်ကိုမှီရုံလေးမှီလိုက်တယ် တွေ့လိုက်ရတဲ့၅မိနစ်အတွင်းမှာတောင်ရိပေါ်ကို့နားလည်ပေးဖို့နဲ့သူ့ကိုစောင့်ရှောက်ပေးဖို့အကြောင်းတွေကိုပဲတဖွဖွမှာသွားရှာတယ် ဒေါ်လေးဝမ်းကအမေရင်းမဟုတ်တာတောင်မိခင်တာဝန်ကျေပွန်ခဲ့တဲ့သူတစ်ယောက်ပါ နောက်ပြီး ကျွန်တော့်ကိုကျေးဇူးတင်ပါတယ်တဲ့ တကယ်ဆိုကျေးဇူးတင်ခံရလောက်တဲ့အထိကျွန်တော်ဘာမှမလုပ်ပေးခဲ့လိုက်ရပါဘူး ။

ရိပေါ် ကိုကျွန်တော်အမြဲနားလည်ပေးခဲ့ပါတယ် စောင့်ရှောက်ပေးဖို့ကတော့ ကျွန်တော့်ထက်နိုနိုကပိုသင့်တော်ပါလိမ့်မယ်...ဒေါ်လေးဝမ်

အသက်မဲ့နေပြီဖြစ်တဲ့ဒေါ်လေးဝမ်ရဲ့ရုပ်အလောင်းနားမှာရှောင်ကျန်းရပ်နေရင်းတိုးတိုးလေးပြောကာထွက်လာခဲ့လိုက်တယ်

" တမင်ရှောင်ချင်လိုတဲ့ဆန္ဒတော့မရှိပေမယ့်
တစ်ယောက်လက်ကိုတစ်ယောက်ကိုင်ထားတဲ့
လူနှစ်ယောက်ကိုဘာခံစားမှမရှိဘဲလိပ်ပြာသန့်သန့်
ကြည့်နိုင်ဖို့အထိတော့ ကျွန်တော့်အသည်းက
မမာသေးဘူးလေ ဒါပေမယ့်လည်း ကံကြမာက
ကျွန်တော့်ကိုအကြိမ်ကြိမ်စမ်းသပ်ပါတယ် "

ကော လာတယ်လား..

အသံကတိုးဖျော့ဖျော့လေး တကယ့်ကိုတိုးဖျော့ဖျော့လေး သူလည်းသူ့အမေအတွက်စိတ်ထိခိုက်နေရတယ်ပုံပဲ
အရင်ကထက်လည်းပိန်သွားတယ် ။

အင်း အကြောင်းကြားစာရတာနဲ့လာလိုက်တာ

အော်...

တကယ့်တကယ်ပြန်တွေ့ကြတဲ့အချိန် ကျွန်တော်တို့နှစ်ယောက်ကြားမှာပြောစရာစကားကတကယ်ရှားပါတယ် ဒီအခြေအနေကြီးနဲ့ဆက်မနေချင်တာမလို့ သူ့ကိုနှုတ်ဆက်ပြီးထွက်လာခဲ့လိုက်တယ် သူ့ဆိုတာထက်သူတို့ဆိုရင်ပိုမှန်ပါလိမ့်မယ်...။

ကျွန်တော်ဒေါ်လေးဝမ်ရဲ့ရက်လည်အထိနေဖြစ်သွားပါတယ် အမေတို့ကလည်းမပြန်စေချင်သေးတာကြောင့်လည်းပါပါတယ် ။

အားရှန်

ဟုတ်ကဲ့ အမေ

တကယ်ပဲ သားဆုံးဖြတ်ချက်ကိုမပြင်တော့ဘူးလားဟင်

အချစ်​ မိုး / အချစ်မိုးTempat cerita menjadi hidup. Temukan sekarang