Part-18(The End)

1.3K 61 4
                                    

Hello အေမီ ငါရောက်ပြီနော်

နိုနို ငါဒီဘက်မှာ

ရပ်စောင့်နေတဲ့အေမီကိုမြင်တာမလို့ခေါ်ထားသောဖုန်းကိုချလိုက်သည်။

ဒီမှာပွဲတစ်ခုရှိလို့လား အေမီ

နိုနို အေမီနဲ့တွေ့ဖို့ချိန်းထားတာမလို့Sဟော်တယ်ကိုရောက်လာခဲ့သည် ရောက်ရောက်ချင်းအခမ်းအနားတစ်ခုနဲ့တိုးတာမလို့ သူငယ်ချင်းဖြစ်သူအေမီကိုမေးလိုက်ခြင်းဖြစ်သည်။

ဟုတ်တယ် နိုနို အရမ်းအံ့သြဖို့ကောင်းတဲ့ပွဲလေးလေ

ဟင် ဘာလို့လဲ

ကောင်လေး၂ယောက်စေ့စပ်ပွဲလုပ်နေတာဟ တစ်ခါတည်းမင်္ဂလာဆောင်မလားမသိဘူး အရပ်မြင့်မြင့်နဲ့ကောင်လေးကသူ့ကောင်လေးကိုအရမ်းချစ်တာပဲဟယ် အပျောက်တောင်မခံဘူးဟ

အော် ဟုတ်လား
*ရိပေါ်လည်းသူ့ကောနဲ့အဲ့လိုလေးမင်္ဂလာဆောင်ချင်ခဲ့တာ...*

နိုနို နင်ဘာလို့ငိုင်သွားတာလဲ

အေမီကအလန့်တကြားလေးမေးတော့ နိုနို ဘာမှမဖြစ်ပါဘူးဆိုတဲ့သဘောနဲ့ခေါင်းလေးခါပြလိုက်တယ်။

ဟက်ဟက် ဟိုမှာသူတို့ဒီဘက်လာနေပြီ

အေမီပြတဲ့ဘက်ကိုခေါင်းလေးအသာလှည့်ကြည့်မိတော့အရပ်ရှည်ရှည်ခန္ဓာကိုယ်ဖြောင့်ဖြောင့်နဲ့ကောင်လေးကိုအရင်မြင်ရတယ် အသက်က၃၅နှစ်ဝန်ကျင်လောက်ရှိမယ် အေမီပြောတာတော့နှစ်ယောက်လုံးကဆရာဝန်တွေတဲ့ ဆရာဝန်ဆိုတာကြားတော့ရုတ်တရပ်ရှောင်ကျန်းကောကိုသတိရမိသေးတယ် မဖြစ်နိုင်တဲ့အရာကြီး..ဘုရားရေ အနောက်ကကောင်လေးကရှောင်ကျန်းကောမလား?

ဦးနှောက်ထက်ခန္ဓာကိုယ်ကအရင်ရောက်သွားခဲ့တယ်ထင်တယ် မသွားသင့်တဲ့နေရာဆိုတာသိပေမယ့် နိုနိုသူကိုယ်တိုင်မသိလိုက်ခင်မှာရှောင်ကျန်းရဲ့လက်ကိုဆွဲထားမိပြီးဖြစ်တယ်။

ရှောင်ကျန်းကော ညီမလေးကိုအချိန်နည်းနည်းလောက်ပေးပါလားဟင် တောင်းဆိုတာပါကျန့်ကောရယ်

မာနကြီးတဲ့ကောင်မလေးဟာလည်းသူ့သူငယ်ချင်းအတွက်ဆိုရင်လူအများရှေ့မှာမျက်ရည်ကျဖို့လည်းမရှက်ဘူး သူ့သူငယ်ချင်းအတွက်ဆိုရင်လုပ်ပေးနိုင်တာမှန်သမျှသူလုပ်ပေးဖို့အသင့်ပဲ သူ့သူငယ်ချင်းအတွက်ဆိုသူအတ္တလည်းကြီးပစ်နိုင်တယ် သူကသူ့သူငယ်ချင်းအပေါ်သံယောဇဉ်အရမ်းကြီးတဲ့သူမလို့။

အချစ်​ မိုး / အချစ်မိုးWhere stories live. Discover now