Part-6
နွေရာသီ ကျောင်းပိတ်ရက်တွေ ပြီးသွားတော့
ကျောင်းတွေ ပြန်ဖွင့်လာခဲ့ပြီ....🍂
ကျောင်းပေါက်ဝမှာ ရှောင်ကျန် ရိပေါ်နဲ့ဆုံတော့ ဒီတိုင်းလေးပဲဘေးကနေ ရှောင်ထွက်ခဲ့တယ်...သူ ထပ်ပြီး မနာကျင်ဖို့ဆိုရင်ထပ်ပြီး မပတ်သက်တော့မှ ဖြစ်မှာလေ....
ရှောင်ကျန်.....ရှောင်ကျန်.....! အားရှန်ရာ....
ရှောင်ကျန် ရိပေါ် ခေါ်နေတာကို မကြားချင်ယောင်ဆောင်ပြီး
သူတက်ရမယ့် ၇တန်း ကျောင်းဆောင်ဘက်ကိုထွက်လာခဲ့တယ်....
၇တန်းကျောင်းဆောင်ကအရင်၆တန်းဆောင်ရဲ့အကွေ့မှာ
ရှိပါတယ် ဘေးစွန်းမှာက ၈တန်းဆောင်ရှိပါတယ်
Eပုံစံရှိလို့Eဆောင်လို့ခေါ်ကြတယ် ၇တန်းဆောင်က၆တန်း
နဲ့၈တန်းဆောင်ရဲ့ ကြားမှာရှိပါတယ်
ရှောင်ကျန်း.....လာပြီလား ငါကမင်းကိုဒီနေ့မတက်သေးဘူး
ထင်နေတာ...😃
အင်း အစကမတက်သေးဘူးလုပ်ထားတာ အမေကအဖေနဲ့
မေမြို့ဘက်ကိုခဏ လိုက်သွားတာလေ ညနေမှပြန်လာမှာ
မလို့ ငါတစ်ယောက်ဖြစ်နေမယ့်အတူတူဆိုပြီး ကျောင်းလာ
လိုက်တာ....😊
သြော် အေးပါကွာ ဒါနဲ့ ဟိုကောင် ဝမ်ရိပေါ်က ဘာဖြစ်နေတာလဲကွ...!
ရှောင်ကျန် နောက်လှည့်ကြည့်လိုက်တော့ သူတို့ဘက်ကို
မျက်နှာငယ်လေးနဲ့ ကြည့်နေတာနဲ့ဆုံတယ် ရှောင်ကျန် နည်း
နည်းတော့ ရီချင်သွားပေမယ့် မသိဘူးလေဆိုတဲ့ပုံစံနဲ့ ပုခုံးကို တစ်ချက်တွန့်ပြပြီး ယူဘင် ဦးပေးထားတဲ့ခုံမှာ ဝင်ထိုင်လိုက်တယ်....
အေးကွာ အဲ့ကောင်နည်းနည်း ထူးဆန်းနေတယ်...😕
သူက အမြဲတမ်း ထူးဆန်းနေတာပါပဲ ထားလိုက်ပါကွာ
မင်းနဲ့ ကျန်ချန်ကော ဘယ်လိုလဲ မင်းတို့သောင်ပြင်သွားတဲ့နေ့က အတူတူပြန်သွားတာလေ...😉
CITEȘTI
အချစ် မိုး / အခဈြမိုး
Fanfictionမိုးတွေရွာတိုင်း လူတစ်ယောက်ကို သတိရဖူးတယ် ဆိုတာ မညာပါနဲ့....☔
