Part-15

572 37 8
                                    

နှစ်တွေကြာခဲ့ပြီ ဘယ်လောက်နာကျင်ခဲ့ရကြောင်းကိုပြန်မပြောပြလည်းမင်းတို့သိပြီးသားဖြစ်မှာပါ...

         _ _ _ _ _ အချစ်မိုး _ _ _ _ _

အားလုံးနဲ့မိတ်ဆက်ပေးချင်တာကတော့ ကျွန်မတို့ဆေးရုံကိုအသစ်ပြောင်းလာတဲ့ဒုဆေးရုံအုပ်ပဲဖြစ်ပါတယ်

အားလုံးပဲတွေ့ရတာဝမ်းသာပါတယ် ကျွန်တော့်နာမည်က ဝမ်ချောင်ပါ

နာမည်မိတ်ဆက်အပြီးမှာ ရှောင်ကျန်းအံ့အားသင့်သွားတယ် အရင်stateကျောင်းတုန်းကမျက်နှာတည်နဲ့ခပ်ဆိုးဆိုးကျောင်းသားတစ်ယောက်ပုံကိုသွားမြင်မိတယ်
*သူ မဟုတ်လောက်ပါဘူး...*

အစည်းအဝေးအပြီးမှာ အကုန်လုံးကိုယ်လုပ်စရာရှိတာကိုဆက်လုပ်ကြတယ် ရှောင်ကျန်းလည်းoperationတစ်ခုဝင်စရာရှိတာမလို့သုတ်သုတ်လေးထွက်လာခဲ့လိုက်တယ်

အကောင်ပေါက်လေးက အခုကျတော့ အဆင်ပြေနေတာပဲ...

Operationအပြီးမှာ စောဏကဒုဆေးရုံအုပ်ဆိုတဲ့သူနဲ့ထပ်ဆုံပြန်တယ် မတော်တဆလားတမင်စောင့်နေတာလားဆိုတာကတော့ သူသာအသိဆုံးဖြစ်လိမ့်မယ်

ကျွန်တော့်ကို သိလို့လားဗျ

ဟာကွာ မင်းငါ့ကိုတကယ်မေ့ပစ်လိုက်တာလား...

သူ့ပုံစံကတကယ်ရှော့ရသွားတဲ့ပုံစံပဲ ဒါပေမယ့် ကိုယ်မှသူ့ကိုတကယ်မသိတာ

တောင်းပန်ပါတယ်

နေပါကွာ မလိုပါဘူး မင်းကမေ့သွားမှတော့ ငါကိုယ်တိုင်ပဲပြန်မိတ်ဆက်ရုံပဲပေါ့ကွာ

ဝမ်ချောင်သူ့လည်ပင်းကိုရှင်းဖို့ချောင်းဟန့်လိုက်တယ်

အဟမ်း အဟမ်း ငါ့နာမည်က ၀မ်ချောင် အခုဒီဆေးရုံကိုအသစ်ပြောင်းလာတဲ့ဒုဆေးရုံအုပ် ဒါတွေကတော့မင်းစောဏကသိပြီးသားတွေပါ အဓိကကတော့ ငါကမင်းနဲ့stateကျောင်းတုန်းကအတန်းတူအခန်းတူသူငယ်ချင်း အင်းပေါ့မင်းငါ့ကိုမမှတ်မိတာလည်းမဆန်းပါဘူး ငါတို့ကမရင်းနှီးခဲ့ကြတဲ့ဆက်ဆံရေးဆိုတော့

ဟင် တကယ်ပဲမင်းကဟိုဝမ်ချောင်လား မင်းကအရမ်းပြောင်းလဲသွားတော့ ငါမမှတ်မိဘူးဖြစ်သွားတာ sorryပါကွာ ဟဟ

အချစ်​ မိုး / အချစ်မိုးHikayelerin yaşadığı yer. Şimdi keşfedin