Part-17

623 46 3
                                    

သူကျွန်တော့်ကို လိုက်မယ်လို့ပြောပြီးကတည်းက ကျွန်တော်တို့ဆေးရုံမှာလူနာတွေတိုးလာတော့တာပါပဲ ဘယ်ကမှန်းမသိတဲ့လူနာမျိုးစုံကိုသူခေါ်ခေါ်လာလို့ပါပဲ အကြောင်းအရင်းကတော့ကျွန်တော့်ကိုတွေ့ချင်လို့ပါတဲ့
သူဘယ်လောက်ထိတုံးအသွားလဲကျွန်တော်မခန့်မှန်းတတ်တော့ဘူး ဒီတိုင်းလေးတွေ့ဖို့လာရင်လည်းကျွန်တော်ကသူကိုထွက်တွေ့မှာပဲကို ။

သူက တုံးအ ပါတယ်
ကျွန်တော့်စိတ်ကိုနားမလည်နိုင်လောက်တဲ့အထိပေါ့။
အဲ့ဒါကြောင့်လဲ.....။

ကျန့်ကော...ကျန့်ကောရေ

ရောက်လာပြီလား ဒီတစ်ခါကောဘယ်သူလဲ

ဟီးဟီး...ကိုယ်ဝန်ဆောင်သည် လမ်းမှာအကူအညီတောင်းတာနဲ့ခေါ်လာခဲ့တာ ဒီတစ်ခါကတကယ်တိုက်ဆိုင်သွားတာ ကျွန်တော်တမင်ခေါ်လာတာမဟုတ်ဘူးနော် ကော...

*သူပြောတဲ့တိုက်ဆိုင်သွားလို့ခေါ်လာတာဆိုတဲ့စကားကဒီတစ်ခါနဲ့ဆို၅၄ယောက်မြှောက်...*

အင်းပါ တိုက်ဆိုင်တယ်ပဲထားပါတော့ ဒါကနှလုံးအထူးကုဆောင်လေ မင်းကမီးဖွားဆောင်မှာရှိနေပေးရမှာမဟုတ်ဘူးလား

အာ..မနေပါဘူး တော်ကြာကျွန်တော့်ကိုကလေးအဖေလို့ထင်သွားမှဖြင့် သူ့အိမ်သားတွေကိုခေါ်ပေးခဲ့ပြီးပြီအခုက ကောဆီလာတာ ဟီး...

ဘာစားခဲ့ပြီးပြီလဲ အခုကထမင်းစားချိန်ဆိုတော့ငါနဲ့အတူတူထမင်းလိုက်စားမလား?

အား...ကောဘက်ကကျွန်တော့်ကိုထမင်းအတူတူစားဖို့ခေါ်ပြီပေါ့လေ!

အင်း လိုက်မှာလား?

လိုက်မှာပေါ့ အခါတစ်ရာကိုလိုက်မှာ ဟီးဟီး...

အပျော်လွန်ပြီးခုန်ပေါက်နေတဲ့ပုံက ခွေးပေါက်လေးတွေလိုချင်တာရသွားလို့ပျော်နေတဲ့ပုံလေးအတိုင်းပဲ သူအဲ့လောက်ပျော်မယ်မှန်းသိရင်အရင်ကတည်းကအချိန်ပေးခဲ့ပါတယ် ကျွန်တော့်မှာလည်းထမင်းစားချိန်တောင်မရှိလောက်အောင်အလုပ်တွေကများနေခဲ့တာမို့ ။

ကော ဘာစားမလဲဟင် ကျွန်တော်သွားယူပေးမယ်

ခေါက်ဆွဲပြုတ်နဲ့ဝက်သားပေါင်းထမင်း Royal Dကော
ဝယ်ခဲ့ပေးနော်

အချစ်​ မိုး / အချစ်မိုးWhere stories live. Discover now