အချစ်​မိုး

754 56 12
                                        

Part-12

ရှောင်​ကျန်း မ​နေ့ကဘာလို့​ကျောင်းမလာတာလဲ

ငါ ဟို​တစ်​​နေ့က မိုးမိပြီးဖျားသွားလို့ပါ

ဟုတ်​လား အခု​ကော သက်​သာသွားပြီလား

အင်း သက်​သာပါတယ်​ကွာ

ည​နေ​ကျောင်းဆင်းရင်​ ငါ့noteစာအုပ်​ယူသွားလိုက်​​လေ
ပျက်​ထား​တာ​တွေပြန်​ကူးလိုက်​အုံး

အေး​ပါကွာ ​ကျေးဇူးပဲ

ရပါတယ်​ကွာ မင်းကလည်း ဒါနဲ့ ဟိုက​လေးကိုမမြင်​ဘူးပဲသူမင်း​နောက်​ကိုဆက်​မလိုက်​​တော့ဘူးလား...

ငါလည်းမ​ပြောတတ်​ပါဘူး အတန်း​နောက်​ကျ​နေပြီ မြန်​မြန်​သွားရ​အောင်

အင်း...တစ်​ခုခု​တော့တစ်​ခုခုပဲ

'အဲ့​နေ့ကတည်းက ဝမ်​ရိ​ပေါ် ငါနဲ့မျက်​နှာချင်းမဆိုင်​​တော့တာ အခုထိပဲ လက်​​လျော့သွားပြီထင်​ပါရဲ့ အဟက်​'

ရှောင်​ကျန်းစိတ်​ထဲမှာ​အ​တွေးတို့နဲ့ပြည့်​​နက်​​နေတယ်​ ​နောက်​ပြီး နာကျင်​​နေသလို တစ်​ခုခုကိုဆုံးရှုံးသွားရသလို
ခံစားချက်​မျိုးကိုခံစား​နေရတယ်​...

မင်းဒီတိုင်းပဲ ရပ်​ကြည့်​​နေ​တော့မှာလား ရိ​ပေါ်

သူကိုယ်တိုင်က ​​ငါ့ကိုအနားမလာ​စေချင်​ဘူး​လေ..

ရိ​ပေါ် ​ရှောင်​ကျန်​တို့ကိုနံရံအကွယ်​က​နေ​ငေးကြည့်​​နေ
ရင်းမှ အ​ဝေးကိုထွက်​လာခဲ့လိုက်​တယ်​...

ဟား....မိုး​တွေကအချိန်​ကိုက်​ကိုရွာချလိုက်​တာပဲ ဒီတစ်​ခါက​ကောဘာအဓိပ္ပါယ်​များဖြစ်​နိုင်​မလဲ...ပိုင်​ဆိုင်​ရမှာလား ဆုံးရှုံးရမှာလား...

အပြင်​​ရောက်​​ရောက်​ချင်းရုတ်​တရပ်​ရွာချလာတဲ့မိုး​ရေ​တွေကြားမှာ ရိ​ပေါ်တစ်​လှမ်းမှမ​ရွေ့ပဲ​ကောင်းကင်​ကို​မော့ကြည့်​​နေမိတယ်​ သူ့နှုတ်​က​နေလည်း စကားသံတစ်​ချို့ ကိုခပ်​ဖွဖွ​ရေရွတ်​​​နေမိတယ်​....

~~~~~~~~~~~~~~~~

ည​နေ​ကျောင်းဆင်းချိန်

ဒီ​နေ့မိုး​တော်​​တော်​ရွာလိုက်​တာပဲ အဲ့ဒါ​ကြောင့်​ စာသင်​​နေရင်းအိပ်​​ပျော်​သွားတာ​နေမှာ ဟဟ!

အချစ်​ မိုး / အချစ်မိုးWhere stories live. Discover now