part 14

5.3K 362 14
                                    

Zaw

*ကေ..ကော ဘာလို့ချွတ်ရမှာလဲ *

Xiao zhan မိမိအား ကြောက်တာလား အံသြတာလားမသိတဲ့ မျက်လုံးတွေနှင့် ကြည့်လာသော yibo အား ကြည့်ရင်း မထိန်းနိုင်တော့ဘဲ အော်ရယ်မိသည်.....
သူရယ်သောအခါတွင်လည်းအူတူတူမျက်နှာပေးလေးနှင့် ကြည့်လာပြန်သဖြင့်xiao zhan အသည်းယားလာလေသည်...

*(တကယ့်ကိုပေါက်စအသေးလေးဘဲ 😆😆)*

Xiao zhan မနည်းရုပ်ကိုပြန်တည်ကာ...

*ဆေးစစ်ကမယ်လေ yibo....အဲ့တော့ အကျီ လည်းရမှာပေါ့......*

*ဟင်..သြော်....အဲ့လိုလား...*

*wang yibo... yibo....ဘာတွေမဟုတ်တာတွေတွေးနေတာလဲ..မှန်မှန်လိမ်စမ်း.....😆*

*ကောကော ကလည်း ဘယ်လိုလုပ်မှန်မှန်လိမ်ရမှာလဲ.....ဘာ ဘာမှမတွေးဘူး....😌😌*

*သေချာလို့လား......ငဲငဲငဲ*

*သေချာတယ်....ဘာလို့အဲ့လိုကြီးရယ်နေတာလဲ..*

*ငဲငဲ.....*

*ကျန့်ကောနော်......*

*ဟားဟား ကဲပါ.....ကဲလဲလိုက်နော်.....mei ကပြီးရင်လာခေါ်လိမ့်မယ်.....*

*ကောကရော?*

*ကောက ဟိုမှစောင့်နေမယ်လေ...*

*အင်း....ဒါပေမယ့်ကော ဒီဒီက ဘာလို့ဆေးစစ်ရတာလဲ....*

*ဒီအတိုင်းဘဲ ဒီဒီကဘဆေစးမစစ်တာကြာပြီမို့ *

Xiao zhan ဤ ကိစ္စ ကို မပြောပြချင်သေး
သိသွားရင် ဤကလေး ဝမ်းနည်းမှာမှန်းသူသိသည်

*အင်းကောကော...*

ထို့နောက် xiao zhan လည်း အပြင်သို့ထွက်သွားလေသည်......
ထို့တော့မှ....yibo ကုတင်ပေါ်လှဲချရင်း

*အားယား.......ကောကောဘယ်လိုတွေလုပ်နေတာလဲ......ဒီလူက သေတော့မယ်လို့....ချစ်လိုက်တာ.....
ရင်တွေခုန်ရလွန်းလို့ သေတော့မှာဘဲ....*

Yibo တစ်ယောက် တည်းကိုယ့်ရင်ကိုယ်ဖိကာ....
အော်နေမိသည်...အကျယ်ကြီးတော့မဟုတ်ပေမယ့်
သူများကြားသွာမည်စိုး၍ သူပြန်ထိုင်ကာ အခန်းအပြင်နားစွင့်မိသည်...
ထို့နောက် xiao zhan ပေး ထားသော အကျီ အား
ဝတ်လိုက်လေသည်......

My little thing(Completed)Where stories live. Discover now