part 24

5.4K 382 56
                                    

*မင်္ဂလာ ဆောင်မယ်...မင်္ဂလာ ဆောင်မယ် တို့ ကျန့်ကောနဲ့တူတူကွယ်... rsတွေလည်း ဖိတ်ပါ့မယ်... fa ကြီးလည်းဖိတ်ပါ့မယ် ပါးမား တို့လည်း ပိုက်ဆံကုန်ရစေပါမယ်...ဒန်တန်တန်*

ရိပေါ် တစ်ယောက်တည်း စာရေးရင်း သီချင်းများကို အော်ဆိုနေလေကာ...
တစ်တန်းလုံး၏ မျက်စောင်းများကိုလည်း သူတစ်ဦးတည်း အပိုင်စားရထားလေသည်။

တစ်ခန်းလုံးမှာ အတွင်းသိအဆင်းသိ တွေမို့
ပြေလည်းမထူးမှန်းသိကြကာ သူတို့ဘာသာ အေးဆေးနေနေကြလေတော့သည်...

[ တစ်တန်းလုံးကို Tu က အဖွဲ့သားတွေကြီးဘဲ လို့ တွေးပေးကြပါ...]

သို့ပေမယ့် အားအတင်းတွေနာနေသော အပျိုကြီးက... ရိပေါ်ကို ဘေးမှ ပေါက်ပေါက် စက်ချထားကာ ထိုင်ပေါက်ဖောက်ဖောက်​နေပြီး
ရိပေါ်ကတော့ ဖုတ်လင်တယ့်ငပိ ရှိတယ်လို့တောင် မထင်ဘဲ လုပ်စရာရှိတာသာ အေးဆေးဆက်လုပ်နေသည်။😌

မကြာမီပင် ဆရာဝင်လာလေတော့မှ...
ရိပေါ်ရဲ့ သီချင်းကြီးလည်း ရပ်သွားကာ
ကျန်းချန်အပျိုကြီးရဲ့ ပေါက်ပေါက်စက် လည်းမီးခလုတ်ပိတ်သွားခဲ့သည်။

*နိဟောင် ကလေးတို့.. *

*နိဟောင်..ပါဆရာကြီး...*

*ဒီနေ့မနက်ကတော့ မင်္ဂလာ ရှိတဲ့သတင်းကို အရင်ဆုံးပြောပြမယ်နော်...*

*ဟုတ်ကဲ့...*

*အဲ့သတင်းကတော့ ဆရာကင်တို့ရဲ့ အကအဖွဲ့က
ဇကာတင် ငါးဖွဲ့မှာ ပါသွားပြီး မင်းတို့ ကိုရီးယား မှာဆက်တက်ဖို့က ထပ်ယှဉ်ပြိုင်ရပါမယ်တဲ့.*

"ဖြောင်း ဖြောင်း ဖြောင်း.."

တစ်တန်းလုံးက လက်ခုပ်တီးပေးကြသည်။

*ယေး....*

*သားကြီးငါတို့ကွ... *

ရိပေါ်နဲ့ ဝမ်ဟန်တို့က ခုံအရှေ့အနောက်မို့ ဝမ်ဟန်
က အနောက်လှည့်ပြီး အပေါ်တကြီး လက်ဝါးချင်း လာရိုက်ကာ ဖက်နေလေသည်...
ရိပေါ်ကတော့ ပျော်နေမိတာကလွဲလို့ ဘာမှမသိတော့တာမို့ မျက်နှာကြီး အသေဖြီးကာ
သာပြုံးပျော်နေလေသည်။

သို့သော်....

*ကဲကဲ သတင်းကောင်းလေး ကြားပြီးပြီဆိုတော့
ကဲ Tutorial လေးဖြေလိုက်ကြရအောင် စာအုပ်တွေသိမ်း...*

My little thing(Completed)Donde viven las historias. Descúbrelo ahora