part 19

7.7K 354 46
                                    

Zaw

အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး တစ်ဦးနှင့် တစ်ဦး ကြည်နူးစွာကြည့်ကာ သူတို့ ကောဇောနီ ပေါ်တွင် လျှောက်လှမ်းလာကြလေသည်။
ဘေးနားကဆူညံနေသော လောကကြီးကိုမေ့ရင်း နှစ်ယောက်တစ်ကမ္ဘာတည်ဆောက်ထားကာ ကြည်နူးမှုအပြည့်နှင့် လက်ကိုတွဲထားကြလေသည်။

*သူတို့သား...အဖေမှ သတို့သားအား သတို့သား ထံသို့အပ်နှံပါ....*

ဘုန်းတော်ကြီးဆီမှ အသံကြားမှ ရိပေါ်နှင့် ရှောင်းကျန့်တို့ လက်ရှိလောက သို့ ပြန်ရောက်ရှိလာလေသည်။
အရှေ့ကို ကြည့်လိုက်တော့ ရှင်းချန်ကော ဆီသို့ ရွှယ်ယမ် အဖေက ရွှယ်ယမ်ကိုအပ်နေပြီဖြစ်ရာ
ရိပေါ်နဲ့ ရှောင်းကျန့်ကတော့ နေရာမှာတွင် ရပ်ကြည့်နေကြလေသည်...

*ဝေ့...တစ်ဖက်စီမှာ သွားရပ်ကြတော့လေ...*

ယွီပင်းဆီမှ ပြောသံကြားမှ နှစ်ယောက်သား ရှက်ရှက်နှင့် မိမိရပ်ရမည့်နေရာများတွင် သွားရပ်နေကြလေသည်.... နှစ်ယောက်စလုံး ချောင်းတစ်ဟန့်ဟန့်နဲ့ ရှက်နေကြသည်။
သို့သော် စိတ်ထဲတွင်တော့ ကြည်နူးမှုအပြည့်နှင့်

*သတို့သားနှစ်ဦးသည်...ချစ်ခြင်းမေတ္တာ..xxx*

ဘုန်းတော် ကြီးဆီမှ ကောင်းချီးများကိုခံယူနေကြ စဉ် လည်း ရိပေါ်မျက်လုံးထဲတွင် မြင်နေရာသည်က ရှောင်ရှင်းချန် နှင့် ရွှယ်ယမ်ကို မဟုတ် သူနှင့် သူ့ကျန့်ကောကိုသာ...
အတွေးနဲ့တင်ကျိတ်ပျော်နေပြီး ခေါင်းခဏခဏ ငုံ့ကာ ခိုးခိုးရယ်နေရသည်.... အခုတောင် ဒီလောက်ပျော်နေရသည်..အကယ်၍ တကယ်များ လက်ထပ်တဲ့အခါကြရင် မည်သို့ ဖြစ်မယ် ဆိုတာ သူမသိ... သေချာတယ် ရင်ထဲမှာ သဲဝင်သလို ကျလိ ကျလိ ဖြစ်နေမှာ...
ရိပေါ်ကောကို လှမ်းခိုးကြည့်လိုက်တော့ ကောကလည်း သူ့အားပြန်ကြည့်နေပြီး နှစ်ယောက်သား အကြည့်ချင်းဆုံကာ ရင်ခုန်နေကြလေသည်။

*ထို့ကြောင့် ဤ အကြင်မောင်နှံတို့ အကြင်အနာ အနမ်းဖြင့် သာယာသောအိမ်ထောင်ရေး ကိုရရှိနိုင်ကြပါစေ...*

ရှင်းချန်ကောက ရွယ်ယမ်ကို ချိုသာစွာ ပြုံးပြလိုက်ကာ ရွယ်ယမ် မျက်နှာကို လက်လေးဖြင့် ညင်သာစွာကိုင်လိုက်လေသည်။
ထို့နောက် နှုတ်ခမ်းနှစ်ခုကို ထပ်တူကြစေချင်းဖြင့်
သူတို့၏ လက်ထပ်ပွဲကြီးမှာလည်း အောင်မြင်ခဲ့ပါတော့သည်။...

My little thing(Completed)Donde viven las historias. Descúbrelo ahora